စားအုန်းဆီစျေး အတက်ကြမ်းနေမှု လုပ်ငန်းရှင်တွေ နှစ်ဆမြတ်ချင်တာမျိုးမလုပ်ကြဖို့ သတိပေး

ဩဂုတ် ၂၃ – ၂၀၂၃ GG(VOM) ပြည်တွင်းမှာ စားအုန်းဆီ စျေးမြင့်တက်နေမှုနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမြတ်ကိုလွန်ကဲစွာဦးစားပေးလွန်းတဲ့လုပ်ငန်းရှင်တွေမဖြစ်ဖို့နဲ့ ရသင့်ရထိုက်တဲ့အမြတ်ကိုပဲ ဆောင်ရွက်ဖို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က သတိ​ပေးပြောဆို လိုက်ပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းအနေနဲ သမာသမတ်ကျပြီးစီးပွားရေးကျင့်ဝတ်ကို လိုက်နာတဲ့စီးပွားရေးအသိုက်အဝန်းဖြစ်ဖို့လည်းလိုအပ်နေတယ်လို့ မနေ့ကဩဂုတ်လ ၂၂ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။ “စီးပွားရေး လုပ်ငန်းတွေ ကအမြတ်တော့ရချင်ကြမှာမှန်ပေမယ့် ရသင့်ရထိုက်တဲ့အမြတ်ကိုပဲဆောင်ရွက်ဖို့လိုတယ်။အမြတ်ကို ၁၀ % ထားမှာလား ၊အမြတ် ၂၀ % ထားမှာလား ၊၂၅ % ထားမှာလား၊သို့သော် နှစ်ဆ မြတ်ချင်တာကတော့ အနေအထားက မဖြစ်သင့်တဲ့အနေအထားပေါ့ ၊” လို့ ဝန်ကြီးကပြောပါတယ်။ စားအုန်းဆီ စျေးနူန်းဟာ ကမ္ဘာ့စျေးကျသွားလည်းမြန်မာနိုင်ငံမှာတော့ ကျဆင်းတဲ့အနေအထားမျိုးလည်းမတွေ့ရဘူးလို့ဆိုပါတယ်။ လက်ရှိမှာ စားအုန်းဆီ စျေးဟာ လက်လီစျေးကွက် မှာ ၁၂၀၀၀ ကျပ်အထိ ရောင်းချမှုရှိပြီး စျေးကွက်မှာ…

Read More

မန္တလေးမြို့ မြောက်ပြင်ရပ်က အိုးဘုတ်ပွဲ

ဩဂုတ် ၂၃-၂၀၂၃ Voice Of Myanmar(VOM) မကြာခင် ကျင်းပတော့မယ့် တောင်ပြုံးပွဲတော်အကြို မန္တလေး မြောက်ပြင်က အိုးပုတ်ပွဲဟာ ဝါခေါင်လဆန်း ၇ ရက်နဲ့ ၈ ရက် နေ့မှာ ခင်းကျင်းရောင်းချနေတာဖြစ်ပါတယ်။ Photo News -Voice Of Myanmar(VOM) #voiceofmyanmar #VOM #မန္တလေး #အိုးဘုတ်ပွဲ

Read More

ကြံခင်းမှာ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ဖမ်းမိ

ဩဂုတ် ၂၃ – ၂၀၂၃ GG (VOM) ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က စစ်ရေးဂိတ်မှာ ကားတစ်စီးပေါ်ကနေ တရားမဝင် လိုက်ပါလာတဲ့ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ကြံခင်းမြို့နယ် ၊ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာနားက အုတ်ပုံပူးပေါင်း စစ်ဆေးရေးဂိတ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ​ စစ်ဆေးမှုလုပ်နေချိန် ဖောကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကားတွေကို စစ်ဆေးနေချိန်း သူတို့ကိုဖမ်းမိတာပါ။ ကလေး တွေလည်းပါတယ်။ ကလေးက မိန်းကလေး ၁ ယောက် ၊ယောကျ်ားလေး ၂ ယောက်ပါ၊ ယာဥ်မောင်းလည်းမိပါတယ်၊ ယာဥ်မောင်းက အမ်းကလို့သိရတယ်၊ကားကတော့ ဥသျှစ်ပင်ကနေ မောင်းလာတာလို့ သိရတယ် ” လို့ လုံခြုံရေး အသိုင်းအဝိုင်း နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့ ၂၇ ယောက်ထဲမှာ ယောကျ်ားလေးက…

Read More

လာမယ့်နှစ် ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၉ ဘီလီယံထိ စံချိန်တင်သုံးစွဲဖို့ သမ္မတဆိုင်အင်းဝမ် အဆိုပြု

တိုင်ပေ၊ သြဂုတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတွေ တိုးမြင့်လာတာကြောင့် လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ထိုင်ဝမ်ဒေါ်လာ ၆၀၀ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံထိ စံချိန်တင်တိုးမြှင့်ဖို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က အဆိုပါပြုလိုက်ပါတယ်။ အဆိုပြုချက်အရ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဟာ လက်ရှိကာလထက် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးလာပြီး အသုံးစရိတ်ထဲမှာ အက်ဖ်-၁၆ဗွီ တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ အခြားစစ်လက်တွေဝယ်ယူဖွယ်ရှိတဲ့ အထူးအစီအစဉ်တရပ်ပါဝင်ဖွယ်ရှိပါတယ်။ တကယ်လို့ အတည်ပြုခဲ့မယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၆၀၀ ဘီလီယံထိ ပထမဆုံးအကြိမ် သုံးစွဲခြင်းဖြစ်ပြီး ထိုင်ဝမ်ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ပြောပါတယ်။ ထိုင်ဝမ်ရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားသေချာခိုင်မာစေဖို့နဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိစေဖို့အတွက် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေဖို့ လုပ်ဆောင်ရမယ်လို့ သမ္မတဆိုင်အင်းဝမ်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး လိုအပ်ပါက…

Read More

လှုံ့ဆော်မှုကြောင့် အခြေခံ စားသောက်ကုန် ဈေးနူန်းတွေ မြင့်တက်နေရခြင်းလို့ စီး/ကူး အတွင်းဝန်ပြော

ဩဂုတ် ၂၃ – ၂၀၂၃ GG + KT မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်နေတဲ့ အဓိကအချက်က ဝိသမလောဘသားတွေ ရဲ့ လှုံ့ဆော်မှု ကြောင့်ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဉီးမင်းမင်းက ပြောဆိုပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဈေးကစားသူတွေ ကို ထိထိရောက်ရောက် အရေးယူဖို့အတွက် ဆောင်ရွက်နေတယ်လို့ မနေ့က ဩဂုတ်လ ၂၃ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကုန်ဈေး နှုန်းကြီးမြင့်တဲ့အခြေခံကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့က ကုန်စည်ထုတ်လုပ်မှုနဲ့ စားသုံးမှုနဲ့ မမျှတတာတွေ ရှိတယ် ။ နောက် သွင်းအားစုတွေ မှာ ဈေးကြီးမြင့်မှုကြောင့် ကုန်ထုတ်လုပ်မှုတွေဈေး ကြီးမြင့်တာတွေ ရှိနိုင်တယ်၊နောက်ဆုံးတချက်ကတော့ ဝိသမလောဘသားတွေက မမှန်မကန် ကောလဟလသတင်းလွှင့်ပြီးတော့ဈေးကစားခြင်းတို့ကြောင့်လည်း ကုန်ဈေးနှုန်းအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်တယ် ” လို့ ၎င်းက ပြောပါတယ် ။ အခြေခံစားသောက်ကုန်…

Read More

ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်တင်ပို့မှုတွေကြောင့် ငွေလဲလှယ်နှုန်းတွေမြင့်တက်နေတာလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော

ဩဂုတ် ၂၃ – ၂၀၂၃ KT+SN (VOM) လက်ရှိ ပြင်ဈေးကွက်အတွင်း ငွေလဲနှုန်းတွေ မြင့်တက်နေတာဟာ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်တင်ပို့မှုတွေကြောင့်ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က မနေ့ ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေစီးဝင်မှု၊ စီးထွက်မှုအခြေအနေတွေကို အမြဲလေ့လာစောင့်ကြည့်နေပြီး စျေးကွက်လိုလားချက်အရ ဖြစ်သင့်တဲ့ ငွေလဲလှယ်နှုန်းတွေကိုလည်းအမြဲတမ်းစိစစ် သုံးသပ်နေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ငွေလဲလှယ်နှုန်းတွေ တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုတွေ ဆောင်ရွက်ရာမှာလည်းကောင်း၊ ဈေးနှုန်းသတ်မှတ်ရာမှာလည်းကောင်း မြန်မာကျပ်ငွေကိုသာ သုံးစွဲဖို့ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ “ငွေကြေးဖောင်းပွမှုနှုန်းကို ထိမ်းချုပ်နိုင်ရေးနဲ့ နိုင်ငံခြားငွေလဲလှယ်ရေး တည်ငြိမ်နိုင်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နေတဲ့တိုင်အောင် ပြင်ပမှာ စျေးနှုန်းတွေ မြင့်တက်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၃ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၃ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၃ ရက်

Read More

တောင်ကိုရီးယားမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မယ်

ဆိုးလ်၊ သြဂုတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ တောင်ကိုရီးယားဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန် ကာကွယ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်မှုဟာ တနင်္လာနေ့မှာစတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ အဲဒီအရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု သို့မဟုတ် အခြားအခြေအနေတွေအတွက် တုံ့ပြန်မှုကို မြှင့်တင်ဖို့ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။ လေ့ကျင့်မှုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထုတ်ပြန်လိုက်တာနဲ့ အများပြည်သူတွေဟာ ၁၅ မိနစ်ခန့် လမ်းတွေပေါ်ကနေ ဘေးလွတ်ရာကို ရှောင်ရှားကြရမှာဖြစ်ပြီး လမ်းပေါ်က မော်တော်ယာဉ်တွေအနေနဲ့လည်း လမ်းဘေးကို ထိုးရပ်ရမှာဖြစ်ပါတယ်။ စူပါမားကက်၊ ရုပ်ရှင်ရုံနဲ့ အခြားသော အများပြည်သူဆိုင်ရာ သတ်မှတ်နေရာ ၅၀၀ နီးပါးမှာ ရောက်ရှိနေသူတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးတဲ့ လေ့ကျင့်မှုတွေပါဝင်ပြီး…

Read More

ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေ အကွက်ရိုက်ရောင်းသူတွေကို စတင်တရားစွဲနေ

မန္တလေး -သြဂုတ်၂၃-၂၀၂၃ Voice Of Myanmar မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက နန်းဦးလွင်၊ ကန်​ကောက်၊ မဲကင်းကုန်း၊ ကျွဲရေကုန်း၊ ဘူးကုန်း၊ ဂွေ့ကြီးကုန်း၊ သမ္မတောကျေးရွာတွေမှာ လယ်ယာမြေကို အကွက်ရိုက်ရောင်းသူ ၁၀၀ နီးပါးကို ပုသိမ်ကြီးတရားရုံးမှာ စတင်တရားစွဲလိုက်တယ်လို့သိရပါတယ်။ တရားလွှတ်တော်ရှေ့နေ တယောက်ပြောပြတာက ” အိမ်ခြံမြေနဲ့ အဆောက်အဦးဆောက်သူတွေမဟုတ်ဘူး မူလက အကွက်ရိုက်ရောင်းသူ ၈၀ ကျော်ကို ထွေအုပ်က တရားလိုလုပ်ပြီး ပုဒ်မ ၄၄၇ နဲ့ တရားစွဲတာပါ တရားစွဲခံရသူ အာမခံနဲ့ တရားရင်ဆိုင်ရမှာပါ” လို့ ဆိုပါတယ်။ ရာဇသတ်ကြီးဥပဒေ ၄၄၇ အရတော့ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုကျူးလွန်ရင် ထောင်ဒဏ် ၃လ ဖြစ်စေ ငွေဒဏ် ဖြစ်စေ ၊ နှစ်မျိုးစလုံးလည်း ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက နန်းဦးလွင်နဲ့ ကန်ကောက်စတဲ့ ရွာဝန်းကျင်က လူနေထိုင်ခွင့်မကျသေးတဲနေရာတွေမှာ…

Read More

နိုင်ဂျာအရေး ကြားဝင်စွက်ဖက်ဖို့ အိမ်နီးချင်း ECOWAS နိုင်ငံတွေ ‘D-Day’ သတ်မှတ်နေ

နီယာမေ၊ သြဂုတ်-၂၃ အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) မှ စစ်တပ်အကြီးအကဲတွေဟာ နိုင်ဂျာနိုင်ငံထဲသို့ သူတို့တပ်တွေ စေလွှတ်မည့်ရက်ကို ဆုံးဖြတ်လိုက်ပြီလို့ ကြောင်း ECOWAS ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာမဟာမင်းကြီး အေဘယ်ဖာတူမူဆာက ဩဂုတ် ၁၈ ရက်တုန်းက ပြောကြားခဲ့ပါတယ်။ ဂါနာနိုင်ငံ၊ အက်ခါရာမြို့တော်မှာ ECOWAS ကာကွယ်ရေးဦးစီးချုပ်များကော်မတီရဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ မဟာမင်းကြီး မူဆာက “အမိန့်ပေးတဲ့အချိန်မှာ ကျနော်တို့တပ်တွေ ဝင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “D-day ကိုလည်း ဆုံးဖြတ်ထားတယ်။ (နိုင်ဂျာအရေး) ကြားဝင်စွက်ဖက်ဖို့ လိုအပ်မယ့်ကိစ္စတွေ ကျနော်တို့ သဘောတူ ညှိနှိုင်းပြီးသားပါ။ တခြားနည်းလမ်းတွေနဲ့ အဆင်မပြေတော့ဘူးဆိုရင် အနောက်အာဖရိကမှာရှိတဲ့ ရဲရင့်တဲ့ ကျနော်တို့တပ်ဖွဲ့တွေဟာ နိုင်ဂျာ စစ်ရေးနဲ့ အရပ်ဘက် အစိတ်အပိုင်းတွေအတွက် တာဝန် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်နေကြပြီ” လို့ မူဆာက…

Read More
VOM News

FREE
VIEW