အိန္ဒိယ ချန်ဒရီယန်-၃ မစ်ရှင် လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို ကမ္ဘာ့ပထမဆုံး ဆင်းသက်နိုင်ခဲ့

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံရဲ့ ချန်ဒရီယန်-၃ လမစ်ရှင်က ဂြိုဟ်ဆင်းယာဉ်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ချန်ဒရီယန်-၃ ရဲ့ ဗီခရန်းဂြိုဟ်ဆင်းယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄ မိနစ်မှာ စီစဉ်ထားတဲ့အတိုင်း လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယပြည်သူတွေ နိုင်ငံတဝန်း အောင်ပွဲခံခဲ့ကြပါတယ်။

အခြားနိုင်ငံတွေမရောက်နိုင်သေးတဲ့နေရာကို ကျွန်တော်တို့ရောက်ရှိနေပါပြီ။ ဒါဟာသမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ဘရစ်ထိပ်သီးဆွေးနွေးပွဲတတ်ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက တောင်အာဖရိကကနေ တိုက်ရိုက်ကြည့်ရှုရင်း ပြောပါတယ်။

၂၀၁၉ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဆင်းသက်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂြိုဟ်ဆင်းယာဉ်ပျက်စီးသွားခဲ့ပါတယ်။

မကြာသေးမီရက်အတွင်းကလည်း ရုရှားရဲ့ လူနာ-၂၅ မစ်ရှင်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဆင်းသက်နိုင်ဖို့ကြိုးစားရင်း ကမ္ဘာမြေနဲ့ထိန်းချုပ်မှု လွတ်ကင်းကာ ပျက်ကျသွားခဲ့ပါတယ်။
Ref: BBC

#voiceofmyanmar #VOM #IndiaMakeshistoriclanding #nearMoon’s southPole

Related posts

Leave a Comment

VOM News

FREE
VIEW