မီဇိုရမ်ပြည်နယ်မှာ ဆောက်လုပ်ဆဲတံတားတစင်းပြိုကျမှုကြောင့် လူ ၂၆ ယောက်သေဆုံး

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၃ မျိုဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ တည်ဆောက်ဆဲတံတား ပြိုကျမှုကြောင့် လူ ၂၆ ယောက် သေဆုံးပြီး အများအပြားပျောက်ဆုံးနေပါတယ်။ အဲဒီမတော်တဆမှုဟာ မီဇိုရမ်ပြည်နယ် ဆိုင်ရန်မြို့အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားပြိုကျချိန်မှာ အခင်းဖြစ်ပွားရာနေရာမှာ အလုပ်သမား ၄၀ နီးပါးရှိကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားရတဲ့အကြောင်း ရှင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး လက်ရှိချိန်ထိ လူသုံးဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူအားလုံးဟာ အနောက်ဘန်ဂေါပြည်နယ်မှဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုအတွင်း ထိခိုက်သေဆုံးသူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ တစ်ဦးစီအတွက် ဒေါ်လာ ၂၄၀၀ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကလည်း ဂူဂျာရက်ပြည်နယ်မှာ လူကူးကြိုးတံတားပြိုကျမှုကြောင့် လူ ၁၄၀ ကျော်သေဆုံးခဲ့ပါသေးတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

နိုင်ဂျာအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်-ပြင်သစ် ဆက်ဆံရေး ပိုတင်းမာလာ

နီယာမေ၊ သြဂုတ်-၂၄-၂၀၂၃ Voice of Myanmar နိုင်ဂျာနိုင်ငံအာဏာသိမ်းမှုက ပြင်သစ်အမေရိကန် မဟာမိတ် ဆက်ဆံရေးကို ပိုပြီးတင်းမာလာစေပါတယ်။ ဇူလိုင်လက အနောက်အာဖရိကနိုင်ငံ သမ္မတ ဖြုတ်ချခံရမှုအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောထား ကွဲလွဲမှုတွေ ပိုဆိုးလာခဲ့တာပါ။ ပြင်သစ်က သံတမန်ရေးအရ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေး ရေးကို ငြင်းဆိုပြီး စစ်တပ်ရဲ့ခြိမ်းခြောက်မှုကိုခံနေရတဲ့ ပြည်တွင်းအဖွဲ့တွေအပေါ် အခိုင်အမာ ထောက်ခံထားပါ တယ်။ အမေရိကန်ကတော့ အာဏာသိမ်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ သံတမန်အဖွဲ့ စေလွှတ်ခဲ့သလို သမ္မတ ဘာဇွန် ဖြုတ်ချခံရတာကို အာဏာသိမ်းမှုလို့ တရားဝင်သတ်မှတ်ခြင်းမရှိသေးပါဘူး။ ဒီမိုကရေစီကိုထိန်းသိမ်းဖို့ စေ့စပ် ညှိနှိုင်းရေးလမ်းစဉ်ရှိသေးတယ်လို့ ပြောနေတုန်းပါပဲ။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အာဏာသိမ်းစစ်တပ်ကို လုပ်ပိုင်ခွင့်ပေးလိုက်သလိုပဲလို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို အားပေးပေမဲ့ အမေရိကန်ရဲ့ ချည်းကပ်နည်းကိုတော့ သဘောမကျကြပါဘူး။ ရုရှားရဲ့ယူကရိန်းကို ကျူးကျော်မှုအပါအဝင် တချို့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ပြင်သစ်ကြား…

Read More

မဟာမြိုင်ကားလမ်းပိတ်ထားတာကြောင့် ကလေးမြို့မှာ စက်သုံးဆီ ပြတ်လပ်နေ

သြဂုတ်၂၄ – ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ထဲက မဟာမြိုင်ကားလမ်း ပိတ်ထားတာကြောင့် ကလေးမြို့ပေါ်မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာ ဒီကနေနဲ့ဆိုရင် ၅ ရက်ကျော်သွားပြီလို့ ကလေးမြို့ခံ မော်တော်ယာဥ်သုံးစွဲသူတွေဆီက သိရပါတယ်။ ” ကလေးမြို့ပေါ်မှာ ဆိုင်ကြီးတွေရော ဆိုင်လေးတွေပါ ဆီတွေပြတ်နေတာပါ ၊ ဆီဆိုင်တွေ အားလုံးနီးပါး ပိတ်ထားကြတယ် ၊ 92 ဆီ တစ်လီတာကို ၅၀၀၀ ၊ တစ်ဂါလံကို ၂ သောင်း အထိရှိတယ် ၊ စျေးနူန်းသာရှိပြီး ပစ္စည်းက ဝယ်လို့မရဘူး ၊ အဲ့ဒါကြောင့် မြို့ပေါ်မှာ ယာဥ်အသုံးပြုတာတွေ နည်းသွားတယ် “လို့ ကလေးမြို့ဒေသခံ(၁)ဦးက ပြောပါတယ်။ ကလေးမြို့ခံ ဆီလုပ်ငန်းရှင်(၁)ယောက်ကလည်း “မဟာမြိုင်ကားလမ်းဘက်က ပိတ်ထားတာကြောင့် အခုလ(သြဂုတ်) ၅ ရက်က…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၄ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၄ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၄ ရက်

Read More

အိန္ဒိယ ချန်ဒရီယန်-၃ မစ်ရှင် လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို ကမ္ဘာ့ပထမဆုံး ဆင်းသက်နိုင်ခဲ့

ဒေလီ၊ သြဂုတ်-၂၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ ချန်ဒရီယန်-၃ လမစ်ရှင်က ဂြိုဟ်ဆင်းယာဉ်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီဖြစ်တာကြောင့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ချန်ဒရီယန်-၃ ရဲ့ ဗီခရန်းဂြိုဟ်ဆင်းယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄ မိနစ်မှာ စီစဉ်ထားတဲ့အတိုင်း လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယပြည်သူတွေ နိုင်ငံတဝန်း အောင်ပွဲခံခဲ့ကြပါတယ်။ အခြားနိုင်ငံတွေမရောက်နိုင်သေးတဲ့နေရာကို ကျွန်တော်တို့ရောက်ရှိနေပါပြီ။ ဒါဟာသမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ဘရစ်ထိပ်သီးဆွေးနွေးပွဲတတ်ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက တောင်အာဖရိကကနေ တိုက်ရိုက်ကြည့်ရှုရင်း ပြောပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဆင်းသက်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂြိုဟ်ဆင်းယာဉ်ပျက်စီးသွားခဲ့ပါတယ်။ မကြာသေးမီရက်အတွင်းကလည်း ရုရှားရဲ့ လူနာ-၂၅ မစ်ရှင်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ဆင်းသက်နိုင်ဖို့ကြိုးစားရင်း ကမ္ဘာမြေနဲ့ထိန်းချုပ်မှု လွတ်ကင်းကာ ပျက်ကျသွားခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #IndiaMakeshistoriclanding #nearMoon’s southPole

Read More

မော်ဝီတောမီးနဲ့ အိမ်ငယ်မီးလောင်လုနီးပါးအခြေအနေကို နှိုင်းယှဉ်မှုကြောင့် ဘိုင်ဒန် ဝေဖန်ခံနေရ

ဝါရှင်တန်၊ သြဂုတ်-၂၄ Voice of Myanmar တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ မော်ဝီကျွန်း လာဟိုင်နာမြို့လေးမှာ တနင်္လာနေ့က လူထုနဲ့တွေ့ဆုံစဉ် ပြောခဲ့တဲ့ နှိုင်းယှဉ်မှုစကားနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒန် ဝေဖန်မှုတွေ ခံနေရပါတယ်။ လူပေါင်း ၁၁၅ ဦးသေဆုံးပြီး မြို့ရဲ့ ၈၀ရာခိုင်နှုန်းလောက်ပျက်စီးသွားလို့ ပူဆွေးနေတဲ့ အသက်ရှင်ကျန်ရစ်သူ များကို နှစ်သိမ့်ရာမှာ ၎င်းရဲ့ ဆုံးရှုံးမှုမများတဲ့ အိမ်အသေးမီးလောင်မှုနဲ့ ယှဉ်ပြီး ပြောသွားခဲ့တာကြောင့် အခုလို ဝေဖန်ခံနေရတာဖြစ်ပါတယ်။ “အခက်အခဲ ဒုက္ခတွေကိုနှိုင်းယှဉ်ချင်တာကြောင့်မဟုတ်ပါဘူး၊ မီးလောင်လို့ ကျွန်တော်နဲ့ ဂျေးလ်လည်း အိမ်တစ်လုံး ဆုံးရှုံးရမလိုဖြစ်ခဲ့ဖူးတယ်” ဆိုပြီး သမ္မတက လူထုကို ပြောခဲ့တာပါ။ မိုးကြိုးပစ်ပြီး အိမ်အောက်ခြေမှာမြှုပ်ထားတဲ့ ဝိုင်ယာမီးလောင်ပြီး မီးဖိုပါ အိမ်လေးကို မီးလောင်ခဲ့တယ်လို့ ၂၀၀၄ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ပြောသွားခဲ့တာပါ။ အကျဉ်းချုံးပြောရရင် ဇနီးဖြစ်သူကိုရော ကားရော ကြောင်လေးကိုပါ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့တာ” လို့ ဘိုင်ဒန်က ပြောပါတယ်။…

Read More

This Day in History(August24)

This Day in History(August24) Voice of Myanmar ပြင်သစ်နိုင်ငံသည် ၁၉၆၈ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲစမ်းသပ်ခဲ့ပြီးနောက် ကမ္ဘာ့ပဉ္စမမြောက် နျူကလီးယားအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August24

Read More

ထိုင်းဝန်ကြီးချုပ်သစ် ၊ ဖြူထိုင်းပါတီနဲ့ ထိုင်းနိုင်ငံရေးအရွေ့များ

မျိုးဆက်(VOM) သြဂုတ်-၂၄-၈-၂၀၂၃ ထိုင်းနိုင်ငံမှ လအတန်ကြာ မတင်မကျဖြစ်နေခဲ့တဲ့ ဝန်ကြီးချုပ်သစ်ရွေးချယ်မှုကတော့ သြဂုတ် ၂၂ ရက်က ပါလီမန်ရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့အတူ အဆုံးသတ်သွားပြီဖြစ်ပြီး ဖြူထိုင်းပါတီက အဆိုပြုခဲ့တဲ့ ဆရက်သာဝီဆင်ဟာ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာကာ အစိုးရအဖွဲ့ကို ဦးဆောင်ရတော့မှာဖြစ်ပါတယ်။ ဆရက်သာဝီဆင်ဟာ ပါလီမန်မှာ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲနဲ့ ကြားနေမဲ ၈၁ မဲရရှိခဲ့တာကြောင့် မိခင်ပါတီနဲ့မဟာမိတ်ပါတီတွေအပြင် စစ်တပ်ကခန့်အပ်ထားတဲ့ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုမဲတွေနဲ့ ဝန်ကြီးချုပ်ဖြစ်လာတာကြောင့် ဖြူထိုင်းပါတီဟာလည်း အစိုးရသစ်ကို ဦးဆောင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်သူ အသက် ၆၀ အရွယ် ဆရက်သာဝီဆင်ဟာ နိုင်ငံရေးမျက်နှာသစ်တဦးဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်းအသိုင်းအဝိုင်းရဲ့ အခိုင်အမာထောက်ခံမှုကို ရရှိထားသူပါတယ်။ ဒီအတောအတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အာဏာအလွဲသုံးစားမှုနဲ့ စစ်တပ်ကဖြုတ်ချပြီးနောက် ပြည်ပကိုထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၁၅ နှစ်အကြာမှာ ထိုင်းမြေကို ပြန်လည်ရောက်ရှိလာပါတယ်။ သက်ဆင်ရဲ့သမီးဖြစ်သူ ပန်ထောင်တန်ရှင်နာဝပ်ဟာ…

Read More

မာရဝိဇယဘုရားအတွက် အထွေထွေကုန်ကျစရိတ်တွေကို ပြည်သူတွေက ပေးရမှာ ဖြစ်တယ်လို့ သိရ

ဩဂုတ် ၂၄ – ၂၀၂၃ SN (VOM) နေပြည်တော်က မာရဝိဇယဘုရားအတွက် ဝန်ထမ်း ၇၀၀ နီးပါး ခန့်ထားဖို့ ရှိပြီး ဒီဝန်ထမ်းတွေအတွက် လစာပေးဖို့ရှိသလို တခြားသောကုန်ကျစရိတ်တွေလည်း ရှိတာကြောင့် ဒီကုန်ကျစရိတ်တွေအတွက် ဘုရားဖူးမြှော်ခွင့် အခကြေးငွေ ကောက်ခံရခြင်း ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “ဘုရားကြီး ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရမယ့်တာဝန်ရှိပါတယ်။ သန့်ရှင်းရေး၊ ရေ၊ မီးအတွက် ဒီဝန်ထမ်းတွေ ကျွန်တော်တို့ခန့်ရမှာဖြစ်ပါတယ်။ အနည်းဆုံး ၆၀၀ နဲ့ ၇၀၀ ကြားလောက် ခန့်ရမယ့် အနေအထားမှာ ရှိပါတယ်။ ဒီ့အတွက် ငွေကောက်ခံတာ ဖြစ်ပါတယ်” လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီဘုရားကြီးအတွက် ကျန်တဲ့စရိတ်တွေမပါဘဲ…

Read More

ရုရှားကို ပုန်ကန်မှုပြုခဲ့တဲ့ ဝဂ္ဂနာကြေးစားအဖွဲ့အကြီးအကဲ ရုရှားမှာ လေယာဥ်ပျက်ကျ သေဆုံး

မော်စကို၊ သြဂုတ် ၂၄ မျိုးဆက်(VOM) ရုရှားကြေးစား ဝဂ္ဝနာအဖွဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ရုရှားနိုင်ငံအနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လေယါဥ်ပျက်ကျမှာ သေဆုံးသွားဖွယ်ရှိပြီး လိုက်ပါသူစာရင်းထဲမှာ သူပါဝင်ကြောင်း ရုရှား လေကြောင်းအာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ သူ့အမည်ဟာ လေယာဉ်ပေါ်ပါ ခရီးသည်စာရင်းမှာ ဝဂ္ဂနာအဖွဲ့ အဓိကတပ်မှုး Dmitry Utkin နဲ့အတူပါဝင်နေတာဖြစ်ပါတယ်။ Kuzhenkino ရွာအနီးမှာ ကိုယ်ပိုင်လေယာဉ် ပျက်ကျခဲ့တယ်လို့ ရုရှား အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဂျက်လေယာဉ်ဟာ မော်စကိုမြို့ကနေ စိန့်ပီတာစဘတ်သို့ ပျံသန်းနေပြီး လေယာဉ်ပေါ်မှာ လူ ၁၀ ဦးပါရှိကြောင်း အာဏာပိုင်တွေကပြောပါတယ်။ လေယာဉ်ပျက်ကျရာနေရာကနေ ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။ ပရီဂိုဇင်ဟာ ယူကရိန်စစ်ပွဲမှာ ရုရှားဘက်ကတိုက်ခိုက်ပေးခဲ့သူဖြစ်ပြီး ဇွန်လအတွင်းက ရုရှားတပ်တွေကို ပုန်ကန်မှုပြုခဲ့သူဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ အဲဒီလေယာဥ်ဟာ ပစ်ချခံခဲ့ရကြောင်း သိရပါတယ်။ Ref: BBC…

Read More
VOM News

FREE
VIEW