ဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ဖို့လာတယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးနေ

သြဂုတ် ၊ ၂၅ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ကြေးနီထုတ်လုပ်ရေး ဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ထားဖို့ သွားရောက်တယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းဂဠုန်ရာဇာ(CGYDF)အဖွဲ့က မနေ့ သြဂုတ် ၂၄ ရက် ညပိုင်းမှာ ဖမ်းဆီးထားတယ်လို့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

” အဖမ်းခံရတယ်ဆိုတဲ့ လူ ၁၄ ယောက်စလုံးက ကုမ္မဏီဝန်ထမ်းတွေ မဟုတ်ဘူး ၊ အလုပ်လျှောက်ဖို့ လာတဲ့ လူသစ်တွေဖြစ်တယ် ၊ အဆက်အသွယ် ရတာမျိုး မရှိပါဘူး”လို့ ဝမ်ပေါင်ကုမ္မဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့ခံ(၁)ယောက်က “အဖမ်းခံရတဲ့ လူ ၁၄ ယောက်က ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်က လူတွေဖြစ်တယ်လို့ သိရတယ် ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ သူတို့က ပြည်သူ့စစ် သင်တန်းဆင်းပြီးသူတွေဖြစ်တယ်လို့ ကနဦးသိရတယ် ၊ သူတို့ အားလုံးဟာ ဝမ်ပေါင်ကုမ္မဏီမှာ အလုပ်လျှောက်ထားဖို့ လာရင်း အခုလို ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လူမှုကွန်ယက်ပေါ်မှာ အဲ့ဒီ ဖမ်းဆီး စစ်ဆေးမှုဟာ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့နဲ့ Alpha Special Force အဖွဲ့က ပြည်သူ့စစ်တာဝန်ထမ်းဆောင်ဖို့ လာတာဆိုပြီး ဖမ်းဆီးထားသူတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေဆီ လွှဲပြောင်းသွားမယ်လို့ ဖော်ပြထားပါသေးတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #ဆားလင်းကြီး

Related posts

Leave a Comment

VOM News

FREE
VIEW