ရုရှားနိုင်ငံ မော်စကိုနဲ့ ကရိုင်းမီးယားဒေသကို ယူကရိန်းက ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ် ၄၂ စင်းနဲ့တိုက်ခိုက်

မော်စကို၊ သြဂုတ်-၂၅-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ ဒုံးကျည်တစင်းနဲ့ ပစ်ခတ်ခဲ့ပြီး ကရိုင်းမီးယားကျွန်းဆွယ်မှာလည်း ဒရုန်း ၄၂ စင်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ရုရှားက သြဂုတ် ၂၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။

မော်စကိုဒေသနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကလူဂါဒေသကို ဖြတ်ကျော်ပံျသန်းလာတဲ့ ပြုပြင်ထားတဲ့ အက်စ်-၄၀၀ ဒုံးကျည်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ကလူဂါဒေသဟာ မော်စကိုကနေ ကီလိုမီတာ ၂၀၀ သာကွာဝေးပါတယ်။

အဲဒီဒုံးကျည်ကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က ထောက်လှမ်းမိပြီး ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသကိုလည်း ယူကရိန်းက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကိုစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး ကျန် ၃၃ စင်းကတော့ အီလက်ထရွန်းနစ်စနစ်နဲ့ ဖျက်ဆီးခဲ့တာကြောင့် ပစ်မှတ်တွေကို မရောက်ဘဲ ကရိုင်းမီးယားမှာ ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတောအတွင်း ရုရှားကြေးစား ဝဂ္ဂနာအဖွဲ့အကြီးအကဲ ပရီဂိုဇင် ရုရှားမှာ လေယာဉ်ပျက်ကျသွားတဲ့ဖြစ်စဉ်အပေါ် မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ရုရှားထောက်လှမ်းရေးတွေ လက်ချက်လို့အမေရိကန်နဲ့ ဗြိတိန်ကာကွယ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ ယူကရိန်းကတော့ ဒီဖြစ်စဉ်မှာ ဘာမှပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

Ref:Reuters
#voiceofmyanmar #VOM #UkraineFiredMissile #TowardsMoscow #CrimeaWithDrones

Related posts

Leave a Comment

VOM News

FREE
VIEW