ရွှေ‌၊ ငွေ၊ စက်သုံးဆီတို့ရဲ့ တပတ်တာဈေးကွက်

ဩဂုတ် ၂၈ – ၂၀၂၃ SN (VOM) ဩဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ တပတ်တာကာလအတွင်းမှာတော့ ရွှေ၊ ‌ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်‌တွေကလိုပဲ အတက်အကျမငြိမ်သေးဘဲ ဈေးနှုန်းအပြောင်းအလဲ များနေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လကုန်ပိုင်းမှ စတင်ပြီး ဩဂုတ် ၂၁ ရက်၊ နေ့လယ်ပိုင်းအထိ ရွှေနဲ့ ငွေလဲနှုန်းတန်ဖိုးတွေဟာ ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သလို စက်သုံးဆီ‌ဈေးတွေဟာလည်း တရွေ့ရွေ့ မြင့်တက်လျက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ့နေ့ ဩဂုတ် ၂၁ ရက်၊ ညနေပိုင်းကစလို့ ရွှေ၊ ငွေ ဈေးတွေ တဖြည်းဖြည်း ပြန်လည်ကျဆင်းနေပေမယ့် ဒါဟာ ပြောပလောက်တဲ့ ကျဆင်းမှုမျိုး မဟုတ်သေးဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်ကတော့ လက်ရှိ ပြင်ပဈေးကွက်အတွင်း ငွေလဲနှုန်းတွေ…

Read More

နျူစက်ရုံက ရေတွေစွန့်ထုတ်မှုကြောင့် ဂျပန်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေ တရုတ်ဘက်က ရိုင်းစိုင်းတဲ့ ဖုန်းခေါ်ဆိုမှုများစွာနဲ့ ကြုံတွေ့နေ

တိုကျို၊ သြဂုတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံက ရေတွေကို ပင်လယ်ထဲစွန့်ထုတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေဆီကို ရိုင်းစိုင်းသောဖုန်းခေါ်ဆိုမှုအများအပြား လက်ခံရရှိပြီးနောက် ဒီကိစ္စအပေါ် ဂျပန်အစိုးရက တရုတ်အစိုးရထံ အသိပေးတိုင်ကြားထားပါတယ်။ အဲဒီရိုင်းစိုင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ တရုတ်နိုင်ငံကုဒ်တွေဖြစ်နေပြီး ဖူကူရှီးမားရှိ စားသောက်ဆိုင်တခုမှာဆိုရင် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ တထောင်ကျော် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရံတဝိုက်ရှိ ပင်လယ်ရေဟာ ရေဒီယိုသတ္တိကြွမှုအဆင့်ကို ထောက်လှမ်းနိုင်တဲ့ အဆင့်မရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အဲဒီစက်ရုံက ရေတွေကို စွန့်ထုတ်ပြီးကတည်းက ဂျပန်အစိုးရဌာနတွေ၊ စာသင်ကျောင်းတွေ၊ ငါးပြတိုက်လိုနေရာတွေကို ဖုန်းခေါ်ဆိုမှုတွေ ရှိခဲ့ကြောင်း၊ ခေါ်ဆိုသူတွေဟာ တရုတ်၊ ဂျပန်၊ အင်္ဂလိပ်စကားတွေနဲ့ ပြောဆိုကြပြီး တခါတရံမှာ ရိုင်းစိုင်းစွာပြောဆိုကြကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ နျူကလီးယားဓါတ်အားပေးစက်ရုံက ရေတွေစွန့်ထုတ်မယ့်လုပ်ငန်းစဉ်အပေါ် ကန့်ကွက်ခဲ့ပြီး အလွန်တကိုယ်ကောင်းဆန်ကာ တာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားပြီး ဂျပန်ပင်လယ်စာတွေတင်သွင်းမှုကို တားမြစ်ပိတ်ပင်မယ်လို့ ထုတ်ပြန်ထားပါတယ်။…

Read More

အစ္စရေးနဲ့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘောတွေ့ဆုံမှုကြောင့် လစ်ဗျားမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေ

ထရီပိုလီ၊ သြဂုတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘောတွေ့ဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးကို လစ်ဗျားဝန်ကြီးချုပ်က ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ ပါလက်စတိုင်းကို အခိုင်အမာထောက်ခံတဲ့ လစ်ဗျားဟာ အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုဘဲ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အပေါ် အာရပ်အများစုနေထိုင်တဲ့ လစ်ဗျားမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်ကတော့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နက်ဂျ်လာအယ်လ်မန်ဂို့ရှ်နဲ့တွေ့ဆုံမှုဟာ သမိုင်းဝင်ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ဆိုထားပါတယ်။ အစ္စရေးဟာ သူ့ကိုတရားဝင်အသိအမှတ်မပြုသေးတဲ့ အာရပ်နဲ့မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေနဲ့ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အစ္စရေးနဲ့ပုံမှန်ဆက်ဆံရေး ထားရှိခြင်းဟာ တရားမဝင်ကြောင်း လစ်ဗျားအစိုးရကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးကို ပါလီမန်ဥက္ကဌရုံးက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီလက်ထက်မှာ လစ်ဗျားမှာရှိတဲ့ ဂျူးလူမျိုးထောင်ပေါင်းများစွာ နှင်ထုတ်ခံခဲ့ရပြီး ဘုရားကျောင်းအများအပြားလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #protestserupt #inLibya #overcontact withIsrael

Read More

မကွေးတိုင်းမှာ (၂)နှစ်ကျော်ကာလအတွင်း လူနေအိမ် (၁)သောင်းကျော် မီးရှို့ဖျက်စီးခံထားရ

သြဂုတ် ၊ ၂၈ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ အခုနှစ် သြဂုတ် ၂၈ အထိ ၂ နှစ်ကျော် ကာလအတွင်း မကွေးတိုင်းမှာ လူနေအိမ်ပေါင်း တစ်သောင်းကျော် မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” တနေ့ (သြဂုတ် ၂၆)က ၊ မနက်ပိုင်း ၇ နာရီ ဝန်းကျင်လောက်မှာ မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ကိုင်းမကြီးကျေးရွာမှာ လူနေအိမ် ၈၀ ကျော် မီးရှို့ဖျက်စီးခံရတယ် ၊ အဲ့ဒီ မီးလောင်ပြင်မှာ အသက် ၆၀ နှစ်အရွယ် ဦးလှရှင် ဆိုသူ သေတယ် ၊ သူက ထန်းသမားတယောက်ဖြစ်တယ် ၊ ထန်းပင်ပေါ်က ပြုတ်ကျပြီး ကျန်းမာရေး မကောင်းတဲ့သူဖြစ်တယ်…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၂၈ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၂၈ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်၂၈

Read More

၀ဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးကြောင်း ရုရှားအာဏာပိုင်တွေ တရားဝင်အတည်ပြု

မော်စကို၊ သြဂုတ်-၂၈-၂၀၂၃ မျိုးဆက်(VOM) ရုရှားကြေးစား ဝဂ္ဂနာအဖွဲ့ရဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ဗုဒ္ဓဟူးနေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါသွားသူ စာရင်းနဲ့ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို မျိုးရိုဗီဇခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ရုရှားအာဏာပိုင်တွေက အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။ ပရီဂိုဇင်ရဲ့ ဂျက်လေယာဉ်ဟာ သြဂုတ် ၂၃ ရက်က မော်စကိုမြို့အနောက်မြောက်ဘက်မှာ ပျက်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ ပစ်ချခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှားဘက်က ငြင်းဆိုထားပါတယ်။ မော်လီကျူး-မျိုးရိုးဗီဇစမ်းသပ်မှုတွေ ပြီးဆုံးကြောင်း စုံးစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ထားပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ပရီဂိုဇင်အပြင် ယူကရိန်း၊ ဆီးရီးယားနဲ့ အာဖရိကဒေသတွေမှာ စစ်ဆင်ရေးလုပ်နေကြတဲ့ ဝဂ္ဂနာအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီကိစ္စရဲ့ဖြစ်နိုင်ခြေအမြင့်ဆုံးကတော့ လေယာဉ်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #၀ဂ္ဂနာအကြီးအကဲ #ပရီဂိုဇင် #သေဆုံးကြောင်း…

Read More

This Day in History(August28)

This Day in History(August28) Voice of Myanmar ဝေလမင်းသား ချားလ်စ်နှင့် မင်းသမီးဒိုင်ယာနာတို့သည် လေးနှစ်ကြာ သီးခြားစီနေထိုင်ပြီးနောက် ၁၉၉၆ ခုနှစ် သြဂုတ် ၂၈ ရက်တွင် တရားဝင်ကွာရှင်းခဲ့သည်။ #voiceofmtanmar #VOM #ThisDayInHistory #August28

Read More

တောင်ပြုံးပွဲတော် ပုံရိပ်များ

ဩဂုတ် ၂၈-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှာ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ၊ဆုတောင်းရဘုရားပွဲတော် နဲ့ တောင်ပြုံးမင်းနှစ်ပါး ပူဇော်ပွဲကို ဝါခေါင်လဆန်း(၁)ရက်နေ့ ကနေ ဝါခေါင်လပြည့်ကျော်(၁)ရက်နေ့အထိ ကျင်းပလေ့ရှိတယ်လို့ တောင်ပြုံးရွာခံတွေဆီက သိရပါတယ်။ ” အခုနှစ်ကတော့ နယ်တိုင်းက မင်းနှစ်ပါးနဲ့သက်ဆိုင်သူတိုင်း လာတယ်လို့ထင်တယ်၊ မနေ့ ဩဂုတ် ၂၇ရက် ချိုးရေတော်သုံးတဲ့နေ့ကဆို တောင်ပြုံးအဝင်လမ်း ကားတန်းကြီးနဲ့ပိတ်နေလို့ အချိန်အတော်စောင့်ခဲ့ရတယ်၊ ကျနော်တို့လည်း သက်ဆိုင်သူဖြစ်လို့ အနော်ရထားမင်း တည်ခဲ့တဲ့ ဆုတောင်းပြည့်နဲ့ ဆုတောင်ရဘုရား အရင်ဖူးပြီး မင်းနှစ်ပါး နန်းအထိလာပူဇော်တာပါ”လို့ တောင်ပြုံးလာသူ(၁)ဦးကပြောပါတယ်။ တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲထက် မင်းနှစ်ပါးနဲ့ ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲ၊ ထိန်ခုတ်ပွဲစတဲ့…

Read More

မြင်သူအဆင်ပြေ၊ ကျုံးနဲ့ကြာရေ

ဆူးငှက်   မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာ မဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ မန္တလေးက ဧရာဝတီမြစ်ကမ်းဘေး ဆိုပေမယ့် တစ်လျှောက်လုံး ကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက်သာမက မိသားစု အဆောင်အယောင်အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည် သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်းဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံး လှည်းဦးကင်း၊ ရွှေပိန်းချ လှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန် ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီးပျော်ပျော်ပါးပါး သွားလာကြတာပါ။   တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်က ဆိုရင်ပဲ…

Read More

ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ခေတ္တ ရပ်ဆိုင်းခဲ့ရ

ဩဂုတ် ၂၇ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှာ ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ရောင်းချမှု ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့ Aladdin Men Fashion ဆိုင်ကနေ သိရပါတယ်။ ကြက်ဥအလုံးရေ ၂၀၀၀ နဲ့ ဆန် ၃၅၀ ပြည်ကို ဒီနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၁၁ နာရီမှာ ရောင်းချပေးခဲ့တာဖြစ်ပြီး လာရောက်တန်းစီသူ အလွန်များပြားတာကြောင့် ရောင်းချမှုကို အချိန် နာရီပိုင်းမျှ ခေတ္တ ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်က လူဦးရေ ၅၅၀ စာပဲ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ၆၀၀-၆၅၀ စာလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း…

Read More
VOM News

FREE
VIEW