ယနေ့ ရွှေဈေး (သြဂုတ်-၂၃ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၃ ရက်
Read MoreMonth: August 2023
တောင်ကိုရီးယားမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မယ်
ဆိုးလ်၊ သြဂုတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ တောင်ကိုရီးယားဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန် ကာကွယ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်မှုဟာ တနင်္လာနေ့မှာစတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ အဲဒီအရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု သို့မဟုတ် အခြားအခြေအနေတွေအတွက် တုံ့ပြန်မှုကို မြှင့်တင်ဖို့ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။ လေ့ကျင့်မှုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထုတ်ပြန်လိုက်တာနဲ့ အများပြည်သူတွေဟာ ၁၅ မိနစ်ခန့် လမ်းတွေပေါ်ကနေ ဘေးလွတ်ရာကို ရှောင်ရှားကြရမှာဖြစ်ပြီး လမ်းပေါ်က မော်တော်ယာဉ်တွေအနေနဲ့လည်း လမ်းဘေးကို ထိုးရပ်ရမှာဖြစ်ပါတယ်။ စူပါမားကက်၊ ရုပ်ရှင်ရုံနဲ့ အခြားသော အများပြည်သူဆိုင်ရာ သတ်မှတ်နေရာ ၅၀၀ နီးပါးမှာ ရောက်ရှိနေသူတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးတဲ့ လေ့ကျင့်မှုတွေပါဝင်ပြီး…
Read Moreပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေ အကွက်ရိုက်ရောင်းသူတွေကို စတင်တရားစွဲနေ
မန္တလေး -သြဂုတ်၂၃-၂၀၂၃ Voice Of Myanmar မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက နန်းဦးလွင်၊ ကန်ကောက်၊ မဲကင်းကုန်း၊ ကျွဲရေကုန်း၊ ဘူးကုန်း၊ ဂွေ့ကြီးကုန်း၊ သမ္မတောကျေးရွာတွေမှာ လယ်ယာမြေကို အကွက်ရိုက်ရောင်းသူ ၁၀၀ နီးပါးကို ပုသိမ်ကြီးတရားရုံးမှာ စတင်တရားစွဲလိုက်တယ်လို့သိရပါတယ်။ တရားလွှတ်တော်ရှေ့နေ တယောက်ပြောပြတာက ” အိမ်ခြံမြေနဲ့ အဆောက်အဦးဆောက်သူတွေမဟုတ်ဘူး မူလက အကွက်ရိုက်ရောင်းသူ ၈၀ ကျော်ကို ထွေအုပ်က တရားလိုလုပ်ပြီး ပုဒ်မ ၄၄၇ နဲ့ တရားစွဲတာပါ တရားစွဲခံရသူ အာမခံနဲ့ တရားရင်ဆိုင်ရမှာပါ” လို့ ဆိုပါတယ်။ ရာဇသတ်ကြီးဥပဒေ ၄၄၇ အရတော့ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုကျူးလွန်ရင် ထောင်ဒဏ် ၃လ ဖြစ်စေ ငွေဒဏ် ဖြစ်စေ ၊ နှစ်မျိုးစလုံးလည်း ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက နန်းဦးလွင်နဲ့ ကန်ကောက်စတဲ့ ရွာဝန်းကျင်က လူနေထိုင်ခွင့်မကျသေးတဲနေရာတွေမှာ…
Read Moreနိုင်ဂျာအရေး ကြားဝင်စွက်ဖက်ဖို့ အိမ်နီးချင်း ECOWAS နိုင်ငံတွေ ‘D-Day’ သတ်မှတ်နေ
နီယာမေ၊ သြဂုတ်-၂၃ အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) မှ စစ်တပ်အကြီးအကဲတွေဟာ နိုင်ဂျာနိုင်ငံထဲသို့ သူတို့တပ်တွေ စေလွှတ်မည့်ရက်ကို ဆုံးဖြတ်လိုက်ပြီလို့ ကြောင်း ECOWAS ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာမဟာမင်းကြီး အေဘယ်ဖာတူမူဆာက ဩဂုတ် ၁၈ ရက်တုန်းက ပြောကြားခဲ့ပါတယ်။ ဂါနာနိုင်ငံ၊ အက်ခါရာမြို့တော်မှာ ECOWAS ကာကွယ်ရေးဦးစီးချုပ်များကော်မတီရဲ့ နှစ်ရက်ကြာ အစည်းအဝေးအပြီးမှာ မဟာမင်းကြီး မူဆာက “အမိန့်ပေးတဲ့အချိန်မှာ ကျနော်တို့တပ်တွေ ဝင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “D-day ကိုလည်း ဆုံးဖြတ်ထားတယ်။ (နိုင်ဂျာအရေး) ကြားဝင်စွက်ဖက်ဖို့ လိုအပ်မယ့်ကိစ္စတွေ ကျနော်တို့ သဘောတူ ညှိနှိုင်းပြီးသားပါ။ တခြားနည်းလမ်းတွေနဲ့ အဆင်မပြေတော့ဘူးဆိုရင် အနောက်အာဖရိကမှာရှိတဲ့ ရဲရင့်တဲ့ ကျနော်တို့တပ်ဖွဲ့တွေဟာ နိုင်ဂျာ စစ်ရေးနဲ့ အရပ်ဘက် အစိတ်အပိုင်းတွေအတွက် တာဝန် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်နေကြပြီ” လို့ မူဆာက…
Read MoreThis Day in History(August23)
This Day in History(August23) Voice of Myanmar အမေရိကန်အာကာသအေဂျင်စီ(နာဆာ)၏ လူနာအော့ဘစ်တာ-၁ သည် လကမ္ဘာပတ်လမ်းကြောင်းမှတဆင့် ကမ္ဘာမြေ၏ ပထမဆုံးသော ဓါတ်ပုံကို ၁၉၆၆ သြဂုတ် ၂၃ ရက်တွင် ရိုက်ယူနိုင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August23
Read Moreစစ်ကိုင်းတိုင်းမှာ နိုင် / ကျဥ်း ၄ ဦးကို စစ်အုပ်ချုပ်ရေး ဥပဒေအရ သေဒဏ်ချမှတ်
သြဂုတ် ၊ ၂၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင် / ကျဥ်းတွေထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) အရ စစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် သေဒဏ် အမိန့် စီရင်ချက် ချမှတ်လိုက်တယ်လို့ ဒေသခံ အရပ်ဘက် ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သေဒဏ်ချမှတ်ခံရတဲ့ သူတွေကတော့ ကိုအောင်ကျော်မိုး ခေါ် လားလား သူကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)တို့ အရ သေဒဏ်ချမှတ်ခဲ့ရတယ် ၊ နောက် တယောက်က ကိုကျော်စွာဝင်း ခေါ် ကျော်စွာ သူကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ…
Read Moreမြစ်ကြီးနား – ဖားကန့်လမ်း KIA ဘက်ကယာယီ ပိတ်မည်
ဩဂုတ် ၂၃၊ ၂၀၂၃ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဖားကန့်လမ်းကို ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့ကစ KIA ဘက်ကယာယီ ပိတ်သွားမှာ ဖြစ်ကြောင်း ခရီးသွား ပြညသူတွေ ဆီက သိရပါတယ်။ “မှန်တယ်။ ဒီနေ့က စပိတ်ပြီ။ ကျနော်တို့တော့ လမ်းမှာ အခက်တွေ့နေပြီ” လို့ ခရီးသွား ပြည်သူတဦးက ပြောပါတယ်။ မနေ့က မနက်ပိုင်းကစ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဖားကန့်ကနေ မြစ်ကြီးနား ဆင်းလာတာ ဆက်သွားလို့ မရတော့ပဲ နန့်ယားမှာ ပိတ်မိသောင်တင် နေကြတယ်လို့ သူက ပြောပါတယ်။ KIA က ကသိုဏ်းတောင် စစ်တပ်စခန်းကို သိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ အရင်ကထက် စစ်ရေး ပိုတင်းမာလာပြီး အရင်က KIA လို့ သံသယ…
Read Moreမန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး လူ(၃)ဦးမီးလောင်သေဆုံးခဲ့
ဩဂုတ် ၂၃-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာမှာ မနေ့ ဩဂုတ် ၂၂ရက် ည၁၁နာရီဝန်းကျင်ခန့်က နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားပြီး လူ(၃)ဦးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက” မီးလောင်တဲ့အိမ်ရဲ့ အိပ်ခန်းမှာ ဖယောင်းတိုင်းမီးထွန်းထားရာကနေ ဘေးမှာရှိတဲ့ ခြင်ထောင်ကို မီးစွဲပြီး စလောင်တာပါ၊ အိမ်ပိုင်ရှင် အမျိုးသားက အသက် ၇၀ နီးပါး လေဖြတ်နေသူဖြစ်တယ်လို့သိရတယ်၊ သူရဲ့ သားနဲ့သမီးပါ မီးလောင်သေဆုံးသွားတာပါ”လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် အသက်(၇၀)အရွယ်အမျိုးသား၊ အိမ်ပိုင်ရှင်ရဲ့သားဖြစ်သူ အသက်(၄၀)အရွယ်အမျိုးသား၊ သမီးဖြစ်သူ အသက်(၃၆)နှစ်အရွယ်အမျိုးသမီးတို့ မီးလောင် သေဆုံးခဲ့ပြီး နေအိမ်(၂)လုံးနဲ့ အတွင်းပစ္စည်း (၇၈)သိန်းနီးပါး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် မီးလောင်သေဆုံးသွားသူ အသက်(၇၀)အရွယ်အမျိုးသားကို အမရပူရမြို့မရဲစခန်းက (ပ)၁၆၆/၂၀၂၃၊ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ နဲ့ အမှု့ဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။ Photo Crd…
Read Moreဘာဆုတောင်းကြမလဲ မိတ်ဆွေ
ဆူးငှက် “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း ရှည်ကြာစွာ…
Read Moreဆန်၊ စပါးဈေးကျဖို့ လုပ်ဆောင်နေတယ်လို့ နစက ပြော
ဩဂုတ် ၂၃ – ၂၀၂၃ KT+SN (VOM) လက်ရှိ ပြည်တွင်းမှာ ဆန်၊ စပါးဈေးနှုန်းတွေ တရှိန်ထိုး မြင့်တက်နေတာနဲ့ ပတ်သက်လို့ ဆန်၊ စပါးဈေးကျဖို့ လုပ်ဆောင်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မနေ့ ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ဆန်စပါးဈေးနှုန်းကျစေဖို့ အစိုးရအနေနဲ့ လိုအပ်တဲ့ မူဝါဒ ထိန်းညှိမှုတွေကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “စီးပွားရေးလုပ်ငန်းလုပ်တာသည် အမြတ်လိုချင်လို့လုပ်တာမှန်ပါတယ်။ ဒါပေမယ့် ထိုက်သင့်သော အမြတ်ပဲ ဖြစ်ဖို့ကောင်းပါတယ်။ ဆန်စပါးစျေးနဲ့ပတ်သက်ပြီး ပြောရရင် သွင်းကုန်ပေါ့၊ သွင်းအားစုစျေးမြင့်တက်တယ်လို့ပြောပါတယ်။ သွင်းအားစုစျေး မြင့်တက်တယ်ဆိုတဲ့နေရာမှာ ဆန်စပါးစိုက်ပျိုးမှု သူ့သွင်းအားစုတွေ ရှိပါတယ်။ ဓာတ်မြေသြဇာတွေ ထည့်သွင်းရတာရှိတယ်၊ ပိုးသတ်ဆေးတွေ သုံးရတာရှိပါတယ်။ သို့သော် ဓာတ်မြေသြဇာနဲ့ပတ်သက်ပြီး…
Read More