နျူကလီးယားလက်နက်ထုတ်သုံးလာရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်စေရမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး

နျူကလီးယားလက်နက်ထုတ်သုံးလာရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်စေရမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး

ဆိုးလ်၊ စက်တင်ဘာ-၂၆
မျိုးဆက်(VOM)

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုခဲ့မယ်ဆိုရင် တောင်ကိုရီးယား-အမေရိကန်မဟာမိတ်တွေရဲ့ တုံ့ပြန်မှုကြောင့် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က သတိပေးပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာ ဆိုးလ်မြို့အနီးမှာကျင်းပတဲ့ တောင်ကိုရီးယားတပ်မတော်နေ့ အခမ်းအနားမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်က မိန့်ခွန်းပြောကြားရာ အခုလိုသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို အဆင့်မြှင့်တင်နေပြီး နျူကလီးယားလက်နက်တွေကို အသုံးပြုမယ်လို့ ခြိမ်းခြောက်ထားကြောင်း၊ ဒါဟာ တောင်ကိုရီးယားပြည်သူအပေါ် ခြိမ်းခြောက်မှုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတကဆိုပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။

တောင်ကိုရီးယားတပ်မတော်နေ့အခမ်းအနားမှာ တင့်ကားတွေ၊ အလိုအလျောက်ပစ်ခတ်နိုင်တဲ့လက်နက်စနစ်တွေ၊ တာဝေးပစ်ဒုံးကျည်တွေအပါအဝင် လက်နက်တွေကို ပြသခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်မြို့လယ်မှာ စစ်ရေးပြပွဲအခမ်းအနားကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: NHK
Photo:President Office
#voiceofmyanmar #VOM #S.KoreanPresident #N.KoreanRegime #WillEnd #NuclearWeapons

Related posts

Leave a Comment

VOM News

FREE
VIEW