ဝန်းသိုမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ ပြည်သူ့စစ် ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

ဝန်းသိုမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ ပြည်သူ့စစ် ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်ထဲမှာ မနေ့ စက်တင်ဘာ ၂၅ ရက်က ကင်းလှည့်နေတဲ့ လုံခြုံရေးအဖွဲ့နဲ့ ေဒသတွင်း လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လုံခြုံရေးအဖွဲ့တွေ သေဆုံး ၊ ဒဏ်ရာရတယ်လို့ ဝန်းသိုမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က မြို့ပေါ်မှာ ဌာနပေါင်းစုံ အစည်းဝေးရှိတယ် ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်တွေက လုံခြုံရေးအတွက် ကင်းလှည့်ပေးရတယ် ၊ နောက်ပြီး မြို့ပေါ်ကို ပြည်သူ့စစ်တွေက ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တယ် ၊ အဲ့ဒီ အချိန် ပြည်သူ့စစ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အပြန်အလှန် ပစ်ကြတယ် ၊ ပြည်သူ့စစ် ၄ ယောက်က နေရာမှတင် သေဆုံးတယ် ၊ ၂ ယောက်က စိုးရိမ်ရ ဒဏ်ရာရတယ် ၊ ၃ ယောက်ကတော့ မစိုးရိမ်ရဘူး ” လို့ ဝန်းသိုမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြို့လုံခြုံရေး အဖွဲ့နဲ့ ပစ်ကြတာဖြစ်တယ် ၊ ကျဆုံး ၄ ယောက်နဲ့ ဒဏ်ရာရ ၅ ယောက်ရှိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ ၊ မေတ္တာမြိုင် ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာနားမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဝင် ၂၈ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝန်တို #ပြည်သူ့စစ်

Related posts

Leave a Comment

VOM News

FREE
VIEW