ရုရှားရဲ့မဟာမိတ် ဘီလာရုစ်သမ္မတ လူကာရှန်နဲ့ ပူတင်တို့ ကာဂျစ္စတန်မှာ တွေ့ဆုံဆွေးနွေးဖွယ်ရှိ

မော်စကို၊ စက်တင်ဘာ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ အောက်တိုဘာလမှာ ကာဂျစ္စတန်ကို သွားရောက်ပြီး ရုရှားရဲ့မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း ရုရှားသမ္မတအိမ်တွေက ထုတ်ပြန်ပါတယ်။

ရုရှားသမ္မတပူတင်နဲ့ အောက်တိုဘာ ၁၅ ရက်မှာ တွေ့ဆုံမှာဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

လွတ်လပ်သောနိုင်ငံများရဲ့ ဓနသဟာယအဖွဲ့(စီအိုင်အက်စ်)ခေါင်ဆောင်တွေဟာ ကာဂျစ္စတန်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲဒီအဖွဲ့ကို ဘီလာရုစ်နဲ့ ဗဟိုအာရှနိုင်ငံတွေအပါအဝင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံများတွေနဲ့ ဖွဲ့စည်းထားပြီး ဆိုဗီယက်နိုင်ငံဟောင်းတွေရဲ့ စည်းလုံးညီညွတ်မှုကိုပြသဖို့ ပူတင်ဟာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ဖွယ်ရှိနေပါတယ်။

ရုရှားသမ္မတပူတင်ဟာ လာမယ့်လမှာ တရုတ်နိုင်ငံကိုလည်းသွားရောက်ဖို့စီစဉ်ထားပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရိှနေပါတယ်။ လက်ရှိမှာ ပူတင်ဟာ သံတမန်ရေးရာ လှုပ်ရှားမှုတွေကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:Agencies
#voiceofmyanmar #VOM #Putin #Lukashenko #ToMeet #StrengthenTies

Related posts

VOM News

FREE
VIEW