လူထုအသံကဏ္ဍ

လူထုအသံကဏ္ဍ Voice Of Myanmar မှ တဆင့် နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများသို့ တိုင်ကြားအစီရင်ခံစာ ကျမတို့ ပထမဦးစွာတင်ပြလိုတာကတော့ ကျမတို့ ဒေါ်နီလာစိန်၊ ဦးစိမ်းသူ+ဒေါ်ပန်ခိုင်စော၊ ဦးထွန်းထွန်းအေး နဲ့ ဒေါ်ခင်ဆွေမိသားစု အပါအဝင် မိသားစု ၉ စုလောက်ရဲ့ အဖိုးအဖွားတွေဟာ ၁၉၄၈ မတိုင်ခင်ကတည်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ကယ်လီဝင်းလို့ အများသိကြတဲ့နေရာမှာ နေထိုင်တဲ့ မိသားစုတွေဖြစ်ပါတယ်။ ကယ်လီခရစ်ယာန်ဘုရားကျောင်းဟာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ၈၂လမ်းနဲ့ ၃၃-၃၄ကြားမှာတည်ရှိပြီး ကျမတို့မိသားစုတွေဟာ ကယ်လီဘုရားကျောင်းဝန်း အရှေ့ဘက်ခြမ်း ၈၁လမ်းနဲ့ ၃၃-၃၄ကြားမှာ ၁၉၄၈ ကတည်းက မိသားစုအစဉ်အဆက် နေထိုင်လာကြတာဖြစ်ပါတယ်။ (ပုံ ၁ ဟာ ကယ်လီခရစ်ယာန်ဘုရားကျောင်းနဲ့ ကျမတို့နေထိုင်ရာ ကယ်လီသာသနာပြုစာသင်ကျောင်းမြေ ဖြစ်ပါတယ်) ဒီလိုနေထိုင်နိုင်အောင်လည်း ခရစ်ယာန်သာသနာပြုဆရာတော် EW…

Read More

ရုရှားရဲ့မဟာမိတ် ဘီလာရုစ်သမ္မတ လူကာရှန်နဲ့ ပူတင်တို့ ကာဂျစ္စတန်မှာ တွေ့ဆုံဆွေးနွေးဖွယ်ရှိ

မော်စကို၊ စက်တင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ အောက်တိုဘာလမှာ ကာဂျစ္စတန်ကို သွားရောက်ပြီး ရုရှားရဲ့မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း ရုရှားသမ္မတအိမ်တွေက ထုတ်ပြန်ပါတယ်။ ရုရှားသမ္မတပူတင်နဲ့ အောက်တိုဘာ ၁၅ ရက်မှာ တွေ့ဆုံမှာဖြစ်ကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ လွတ်လပ်သောနိုင်ငံများရဲ့ ဓနသဟာယအဖွဲ့(စီအိုင်အက်စ်)ခေါင်ဆောင်တွေဟာ ကာဂျစ္စတန်နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီအဖွဲ့ကို ဘီလာရုစ်နဲ့ ဗဟိုအာရှနိုင်ငံတွေအပါအဝင် ယခင်ဆိုဗီယက်သမ္မတနိုင်ငံများတွေနဲ့ ဖွဲ့စည်းထားပြီး ဆိုဗီယက်နိုင်ငံဟောင်းတွေရဲ့ စည်းလုံးညီညွတ်မှုကိုပြသဖို့ ပူတင်ဟာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ဖွယ်ရှိနေပါတယ်။ ရုရှားသမ္မတပူတင်ဟာ လာမယ့်လမှာ တရုတ်နိုင်ငံကိုလည်းသွားရောက်ဖို့စီစဉ်ထားပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရိှနေပါတယ်။ လက်ရှိမှာ ပူတင်ဟာ သံတမန်ရေးရာ လှုပ်ရှားမှုတွေကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေခြင်းဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုပါတယ်။ Ref: NHK Photo:Agencies #voiceofmyanmar #VOM #Putin…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၉၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September27th

Read More

ဒလရဲစခန်းက အချုပ်ခန်းဖောက်ပြေးသူ ၆ ဦး ပြန်ဖမ်းမိ

စက်တင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP( VOM) ရန်ကုန်တိုင်း ၊ဒလမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားတဲ့ အချုပ်သား ၆ ဦးကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက အချုပ်သား ၆ ယောက်က အချုပ်ခန်း အမိုးမျက်နှာကျက်ကို ဖောက်ထွင်းထွက်ပြေးတယ် ၊ အဲ့ဒီဖြစ်စဥ် သိရချင်း လုံခြုံရေးအဖွဲ့တွေက ရေလမ်း ကုန်းလမ်း ၂ ဖက်ပိတ်ပြီး ရှာဖွေတယ် ၊ ထွက်ပြေးသွားတဲ့ ၆ ယောက်ကို ၂၄ နာရီအတွင်း ပြန်ဖမ်းမိခဲ့တယ် ” လို့ ဒလရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ ထွက်ပြေးသွားတဲ့ အချုပ်သား ၆ ယောက်အနက် အချုပ်သား၂ ဦးဟာ ပြစ်ဒဏ်ကျခံရပြီး ကျန် ၄ ဦးကတော့…

Read More

ချောင်းဦးမြို့နယ်ထဲမှာ လေကြောင်းပစ်ခတ်မှုကြောင့် လူ ၉ ဦးသေဆုံး

စက်တင်ဘာ ၂၇ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မကျီးခွကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၂၆ ရက် ၊ နေ့လယ်ပိုင်းက လေကြောင်းပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မကျီးခွရွာနားက ဒေသတွင်း လက်နက်ကိုင်အဖွဲ့ရဲ့စခန်းကို လေကြောင်းကနေ လာပစ်တယ် ၊ ရဟတ်ယာဥ်နဲ့ ပစ်တာဖြစ်တယ် ၊ အဲ့ဒီမှာ သေဆုံး ဒဏ်ရာရသူတွေ အများကြီးဖြစ်တယ် ၊ ရွာက ကလေးတွေ တယောက်မှမပါဘူး ၊ ဘယ်နယ်က လူတွေဆိုတာ မသိရသေးဘူး “လို့ မကျီးခွရွာခံတယောက်က ပြောပါတယ်။ မကျီးခွကျေးရွာဟာ ချောင်းဦး – ရေစကြိုသွား ဆင်ဖြူရှင် ကားလမ်းပေါ်မှာတည်ရှိပြီး မြောင် ၊ ရေစကြို ၊ ဆားလင်းကြီး…

Read More

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲအန္တရာယ်ရှိနေကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ စက်တင်ဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM) ကိုရီးယားကျွန်းဆွယ်တဝိုက်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေက နျူကလီးယားစစ်ပွဲဖြစ်ဖို့ အစွန်းနားသို့ တွန်းပို့နေကြောင်း မြောက်ကိုရီးယားသံအမတ်ကြီးက ကင်ဆောင်က သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂသံအမတ်ကြီး ကင်ဆောင်က ရှုတ်ချလိုက်ပြီး ဒါဟာ နေတိုးအဖွဲ့နဲ့အလားသဏ္ဍန်တူတဲ့ စစ်ရေးမဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။ အခုလို သုံးနိုင်ငံစစ်ရေးမဟာမိတ်ဖွဲ့ခြင်းဟာ အာရှနေတိုးအဖွ့ဲပုံစံဖွဲ့စည်းဖို့ ကာလရှည်ကြာရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ပြီး အရှေ့မြောက်အာရှမှာ စစ်အေးတိုက်ပွဲသစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာသူကပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ရှုတ်ချပြောဆိုခဲ့တဲ့အပေါ် မြောက်ကိုရီးယားက အခုလိုက်တုံ့ပြန်တာဖြစ်ကြောင်း အကဲခတ်တွေကဆိုပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်မှုအရ နိုင်ငံရဲ့ ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ အရှိန်မြှင့် လုပ်ဆောင်ရမှာဖြစ်ကြောင်း မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆောင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုပါတယ်။ Ref:NHK #voiceofmyanmar #VOM #N-Korea #NuclearWar #AsianNATO

Read More

Thid Day in History

Thid Day in History Voice of Myanmar အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဗီရာသည် ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းကို တစ်နာရီမိုင် ၁၆၀ နှုန်းဖြင့် ၁၉၅၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ဝင်ရောက်တိုက်ခတ်မှုကြောင့် လူငါးထောင်နီးပါး သေဆုံးခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September27th

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က တစ်ရက်တည်း လူ ၉ ယောက် ပစ်သတ်ခံရ

စင်တင်ဘာ၂၇-၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းအတွင်း မနေ့ စက်တင်ဘာ ၂၆ ရက် ၊ တစ်ရက်တည်းမှာပဲ လုံခြုံရေးအဖွဲ့က မသင်္ကာမှုနဲ့ လူ၁၀ ေယာက်နီးပါး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနား မုံရွာ – မန္တလေး ကားလမ်းပေါ်မှာ ၂ ယောက်ပစ်သတ်ထားတယ် ၊ မနေ့က မနက်ပိုင်းမှာ ကလေးမြို့နယ် ၊ အောင်သာရွာနားမှာ ၂ ယောက်ပစ်သတ်ခံရတယ် ၊ နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ ပုလဲမြို့နယ် ၊ ညောင်ကုန်းရွာနားမှာ ၃ ယောက်ပစ်သတ်ခံရတယ် ၊ အဲ့ဒီနောက် ကသာမြို့နယ် ၊ လယ်မီးကျေးရွာနားမှာ ၁ ယောက်ပစ်သတ်ခံရတယ် ၊ ဒါ့အပြင် ဝက်လက်မြို့နယ် ၊ ထန်းကြီးရွာနားမှာလည်း ၁ ယောက်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၇ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၇ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၃၀ ကျပ် ဝယ်ဈေး – ၃၂၇၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၁၅ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၁၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၅ ကျပ် ဝယ်ဈေး – ၇၀၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၉ ကျပ် ဝယ်ဈေး –…

Read More

ကလေးမြို့က တော်လှန်သင်္ကြန်ပြုလုပ်သူ ၄ ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်တိုးချခံရ

စက်တင်ဘာ ၊ ၂၇ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ ကလေး အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ် ၄ ယောက်ကို ကလေး အထူးတရားရုံးကနေ စက်တင်ဘာ ၂၅ ရက်က နောက်ထပ် ပြစ်ဒဏ်တွေ တိုးမြင့်ချလိုက်တယ်လို့ ကလေးမြို့ခံ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်ဆိုပြီး ကိုသန်းစိုးဦး ၊ ကိုမျိုးကိုဝင်း ၊ မကျိန်ဒွန့်ကိမ် ၊ မနှင်စံတို့ ၄ ယောက်ဟာ လုပ်ခဲ့ကြတယ် ၊ အဲ့ဒီလို တော်လှန်သင်္ကြန် လုပ်ပြီး ဧပြီ ၁၆ ရက်မှာ သူတို့ ၄ ယောက်လုံး ဖမ်းခံရတယ် ၊ စတင်ဖမ်းတုန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅…

Read More
VOM News

FREE
VIEW