အီရတ်မြောက်ပိုင်းမှာ မင်္ဂလာပွဲကျင်းပစဥ် မီးလောင်မှုကြောင့် လူ (၁၀၀) ကျော်သေဆုံး

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၇
မျိုးဆက်(VOM)

အီရတ်နိုင်ငံ မြောက်ပိုင်းမှာကျင်းပတဲ့ မင်္ဂလာပွဲတခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၁၀၀ သေဆုံးကာ ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ သတို့သမီးနဲ့ သတို့သားတို့ ပါဝင်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

မီးလောင်မှုဟာ အီရတ်မြောက်ပိုင်း Nineveh ပြည်နယ် Al-Hamdaniya ခရိုင်မှာ အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းအရင်ကို အတိအကျ မသိရသေးသော်လည်း မီးရှူးမီးပန်းတွေ ထွန်းညှိပစ်ဖောက်ပြီးနောက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ အစောပိုင်း သတင်းတွေအရ သိရပါတယ်။

အဆောက်အဦရှိ မီးလောင်လွယ်သော ပစ္စည်းတွေက မီးကို လျှင်မြန်စွာကူးစက် လောင်ကျွမ်းစေခဲ့ပြီး မျက်နှာကျက်အစိတ်အပိုင်းတွေ ပြိုကျစေခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #ဘဂ္ဂဒက်

Related posts

Leave a Comment

VOM News

FREE
VIEW