စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့ပေါ်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်က ကင်းစောင့်ပြီး ရဲစခန်းကို ပြန်လာတဲ့ ရဲ ၂ ဦး လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ပစ်ခတ်သံတွေကြားရတယ် ၊ မြို့အနောက်ကနေ စခန်းပြန်လာတဲ့ ရဲ ၂ ယောက် ပစ်သတ်ခံရတာလို့ သိရတယ် ၊ အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်လည်းပါသွားတယ် ” လို့ ဒီပဲယင်းမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင်လုံခြုံရေးအဖွဲ့ရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ဒီပဲယင်းမြို့ပေါ်မှာ…
Read MoreMonth: September 2023
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #september16th
Read Moreဆန်နဲ့ဆန်ကွဲ နယ်ကျော်သယ်ယူခွင့် ပြန်လည် ဖြေလျော့ပေးလိုက်ပြီလို့ သိရ
စက်တင်ဘာ ၁၆ – ၂၀၂၃ SN (VOM) အခြားသော ပြည်နယ်နဲ့ တိုင်းတွေကနေ တင်ပို့မယ့် ဆန်နဲ့ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က သိရပါတယ်။ MRF အနေနဲ့ မြင့်တက်နေတဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် အခြားပြည်နယ်နဲ့ တိုင်းတွေက တင်ပို့မယ့် ဆန်နဲ့ ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ်လျှောက်ထားဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီ့သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေဘိုမြို့နယ်က တောင်သူတဦးက “အခုလို ဖြေလျော့ပေးလိုက်တာ ကောင်းပါတယ်။ အဆင့်ဆင့် ကန့်သတ်ချက်တွေနဲ့ သွားနေရင် ဘာပဲပြောပြော ကုန်စည်စီးဆင်းမှုက နှေးသွားတာလေ။ လက်ကျန် ဆန် ရှိနေရင်တော့ အကြောင်းမဟုတ်ဘူး။ လက်ကျန်ဆန် နည်းနေပြီဆိုရင် ဈေးကတက်သွားမှာလေ။ အခုလိုဖြေလျော့လိုက်ခြင်းအားဖြင့် အစစအရာရာအတွက် ကောင်းသွားတာပေါ့”လို့ ပြောပါတယ်။ အခု…
Read Moreဘုတလင်းမြို့မှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်လို့ ရဲ ၂ ဦး သေဆုံး ၊ ၅ ဦး ဒဏ်ရာရ
စက်တင်ဘာ ၁၆ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ ဒီမနက် ၇ နာရီဝန်းကျင်က ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲ ၂ ဦး သေဆုံးသွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီလောက်က ပေါက်ကွဲ ပစ်ခတ်သံတွေ မြို့ပေါ်မှာ ကြားရတယ် ၊ အဲ့ဒီနောက် ရဲ ၂ ယောက်သေပြီး ၅ ယောက်ဒဏ်ရာရတယ် ” လို့ ဘုတလင်မြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့ နဲ့ နီးစပ်သူတယောက်က “ဘုတလင်မြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့အဖွဲ့နဲ့ ဒီမနက်ပိုင်းက ထိတွေ့မှုဖြစ်တယ် ၊ ရဲအုပ် မျိုးလွင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံတယ် ၊…
Read Moreရုရှားရေတပ်မှာ ရေငုပ်သင်္ဘော (၁၂) စင်း ထပ်မံဖြည့်တင်းသွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးပြော
မော်စကို၊ စက်တင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားရေတပ်မှာ ရေငုပ်သင်္ဘော ၁၂ စင်းကို ယခုနှစ်အတွင်းမှာ ထပ်မံအင်အားဖြည့်တင်းမှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သင်္ဘောသစ်တွေမှာ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို သယ်ဆောင်ပစ်ခတ်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေလည်း ပါဝင်မှာဖြစ်ကြောင်း သူကပြောပါတယ်။ ရုရှား လက်ရှိချိန်ထိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအပါအဝင် ရေငုပ်သင်္ဘော ၇၂ စင်းပိုင်ဆိုင်ထားကြောင်း ဇူလိုင်လမှာ ထုတ်ပြန်တဲ့ဂျပန်နိုင်ငံရဲ့ စက္ကဖြူစာတမ်းမှာ ဖော်ပြထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဟာ နိုင်ငံရှေ့ဖျားပိုင်း ဗလာဒီဗော့စ်တော့ခ်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံကို သွားရောက်ခဲ့ပြီး ရုရှားရဲ့ပစိဖိတ်ရေတပ်မှ နျူကလီးယားရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းရေးတွေကို စစ်ဆေးခဲ့ပါတယ်။ ရုရှားအရှေ့ဖျားပိုင်းကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာလည်း ဒီနေ့အစောပိုင်းမှာ ရုရှားရဲ့ ပစိဖိတ်ရေတပ်ကို သွားရောက်ဖွယ်ရှိနေပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူဟာ ကင်ဂျုံအန်နဲ့အတူ လိုက်ပါပြီး မြောက်ကိုရီးယားနဲ့ရုရှားနှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖွယ်ရှိနေပါတယ်။ Ref: NHK Photo: The…
Read Moreခရမ်းစပ်ကုန်းကျေးရွာမှာ လေကြောင်း ပစ်ခတ်မှုဖြစ်လို့ ကျောင်းထိုင်ဘုန်းကြီး ၁ ပါး အပါအဝင် ၂ ဦးသေဆုံး
စက်တင်ဘာ ၁၆ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ အင်းတော်နဲ့ မဲဇာရွာအကြား ခရမ်းစပ်ကုန်းကျေးရွာနားကို မနေ့ စက်တင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်က လေကြောင်းကနေ ပစ်ခတ်ခံရလို့ ဘုန်းကြီးကျောင်း ထိမှန်ပြီး ကျောင်းထိုင် ဘုန်ကြီး အပါအဝင် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ညပိုင်းက လေယာဥ်လာပြီး ရွာပေါ်ကို ဗုံးကျဲချတယ် ၊ ဘုန်းကြီးကျောင်းပေါ်ကျတယ် ၊ အဲ့ဒီဗုံးပေါက်ကွဲတာကြောင့် သက်တော် ၇၇ နှစ် ၊ ဝါတော် ၅၇ ဝါ ရှိတဲ့ ကျောင်းထိုင်ဆရာတော် ဥူးရာဇိန္ဒ ရဲ့ ဦးခေါင်းကို ထိမှန်ပြီး နေရာမှာတင် ပျံလွန်တော်မူတယ် ၊ ဘုန်းကြီးက ကျိန်းနေ (အိပ်နေ)တဲ့အချိန် ဖြစ်သွားတာပါ…
Read Moreထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ အမေရိကန်လက်နက်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ကြောင်း တရုတ်ကြေညာ
ပေကျင်း၊ စက်တင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ကို လက်နက်တွေရောင်းချခဲ့ အမေရိကန်အခြေစိုက် လော့ခ်ဟိမာတင်ကုမ္ပဏီနဲ့ နာ့သ်ရော့ပ်ဂရူးမင်း ကုမ္ပဏီတို့ကို အရေးယူပိတ်ဆို့သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သြဂုတ် ၂၄ ရက်က ကြေညာခဲ့တဲ့ ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေမှာ လော့ဟိမာတင်ကုမ္ပဏီက တိုက်ရိုက်ပါဝင်နေပြီး နော့သ်ရော့ပ်ဂရူးမင်း ကုမ္ပဏီကလည်း လက်နက်ရောင်းချမှုအချို့မှာ ပါဝင်ပတ်သက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ အခုလို အရေးယူပိတ်ဆို့မှုတွေချမှတ်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဥပဒေနဲ့ လည်း ကိုက်ညီမှုရှိကြောင်း ထုတ်ပြန်ထားပြီး အရေးယူပိတ်ဆို့မယ် ပုံစံနဲ့ အချိန်တို့ကို ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ တပြည်ထောင်စနစ်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုနဲ့ ထောက်ပံ့မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငဟာ အမေရိကန်လက်နက်ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ချမှတ်ခဲ့ပါတယ်။…
Read Moreအမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ ဝါရှင်တန်မှာ တွေ့ဆုံမယ်
ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ လာမယ့်သီတင်းပတ်အတွင်း ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုထုတ်ပြန်ပါတယ်။ ဘိုင်ဒင်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူကရိန်းသမ္မတဇီလန်စကီးကို အိမ်ဖြူတော်မှာမှာ လက်ခံတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ ယခုလအတွင်းကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကိုလည်း လူကိုယ်တိုင် တက်ရောက်ဖွယ်ရှိနေကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ယူကရိန်းကို ထောက်ပံ့ကူညီမှုတွေပြုရာမှာ နိုင်ငံတကာကိုဆက်လက်ဦးဆောင်ဖို့ သမ္မတဘိုင်ဒင်ရဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ စီစဉ်ထားကြောင်း ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ယူကရိန်းအတွက် နောက်ထပ်စစ်ဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ကိုလည်း လာမယ့် သီတင်းပတ်မှာ ကြေညာသွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ဒီအတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ ရုရှားမှာတွေ့ဆုံနေပြီး ယူကရိန်းစစ်ပွဲအတွက် ရုရုားကိုလက်နက်တွေထောက်ပံ့မယ်ဆိုရင် မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်မှာဖြစ်ကြောင်း ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုပါတယ်။ Ref:NHK #voiceofmyanmar #VOM…
Read MoreThis Day in History
This Day in History Voice of Myanmar အိန္ဒိယအမျိုးသားခေါင်းဆောာင် မဟတ္တမဂန္ဒီသည် ဗြိတိန်အစိုးရကပြဌာန်းလိုက်သည့် ဇာတ်အနိမ့်အမြင့်ခွဲခြားခြင်းဥပဒေသစ်များကိုဆန့်ကျင်မှုအဖြစ် ၎င်း၏အစာငတ်ခံဆန္ဒပြမှုကို၁၉၃၂ ခုနှစ် စက်တင်ဘာ ၁၆ ရက် စတင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #september16th
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၆ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #september16th
Read More