ဒီပဲယင်းမြို့ပေါ်မှာ ကင်းစောင့်ပြန်လာတဲ့ ရဲ ၂ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့ပေါ်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်က ကင်းစောင့်ပြီး ရဲစခန်းကို ပြန်လာတဲ့ ရဲ ၂ ဦး လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ပစ်ခတ်သံတွေကြားရတယ် ၊ မြို့အနောက်ကနေ စခန်းပြန်လာတဲ့ ရဲ ၂ ယောက် ပစ်သတ်ခံရတာလို့ သိရတယ် ၊ အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်လည်းပါသွားတယ် ” လို့ ဒီပဲယင်းမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင်လုံခြုံရေးအဖွဲ့ရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ဒီပဲယင်းမြို့ပေါ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ် ဖမ်းဆီးသွားတာကြောင့် တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ သေနတ် ၄ လက်ပါသွားတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်မှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲအုပ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW