This Day in History Voice of Myanmar အဲလိဇဘတ်-၂ ဘုရင်မကြီးသည် ဗြိတိန်ထီးနန်း၏ သက်တမ်းအရှည်ဆုံး ဘုရင်မအဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် မှတ်တမ်းဝင်ခဲ့ပြီး ဝိတိုရိယဘုရင်မကြီး၏ နန်းသက် ၆၃ နှစ်နှင့် ၂၁၆ ရက်ကို ဖြတ်ကျော်စံချိန်တင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September9th
Read MoreMonth: September 2023
မန္တလေး – မုံရွာ ကားလမ်းမှာ လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ
စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာ အကြား ၊ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကားလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့သူတွေ လူငယ်တွေဖြစ်တယ် ၊ ဘယ်သူတွေဆိုတာ မသိရဘူး ၊ အသက် ၂၅ နှစ် ဝန်းကျင်အရွယ်တွေဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီဘက်မှာ ကားလမ်းမိုင်းထောင်နေတယ် သတင်းကြားလို့ နယ်မြေရှင်းလင်းရေး သွားတာတော့ရှိတယ် ၊ ဒီမနက်မှာ မိုင်းထောင်နေတဲ့သူ ၃ လောင်း…
Read Moreရွှေနဲ့ ငွေလဲဈေးနှုန်းတွေ ပြန်ကျလာ
စက်တင်ဘာ ၉ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တောက်လျှောက် မြင့်တက်ခဲ့တဲ့ ပြည်တွင်း ရွှေဈေးနဲ့ ငွေလဲဈေးနှုန်းတွေဟာ အခု စက်တင်ဘာလ ပထမပတ်ကစပြီး ပြန်လည် ကျဆင်းလာနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဩဂုတ်လအတွင်းက ကျပ် သိန်း ၄၀ နားအထိ ရောက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ၁ ကျပ်သား ၃၄၆၀၀၀၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ကျပ် ၅ သိန်းကျော်ဝန်းကျင် ပြန်လည် ပြုတ်ကျလာတာ ဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် ၄၀၀၀ နီးပါး ရောက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာရာ အခု စက်တင်ဘာ ၉ ရက်နေ့မှာတော့ ကျပ် ၃၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ဒေါ်လာဈေးကျလို့ ရွှေဈေးတွေ…
Read Moreမော်ရိုကိုမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ (၃၀၀) နီးပါးသေဆုံး
ရာဘတ်၊ စက်တင်ဘာ-၉-၂၀၂၃ မျိုးဆက်(VOM) မော်ရိုကိုနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ နီးပါးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ရစ်ချ်တာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းမြေငလျင်ဟာ မားကတ်ချ်နဲ့ အခြားမြို့ကြီးများမှာ လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ သေဆုံးသူအများစုဟာ သွားလာရခက်ခဲတဲ့ တောင်တန်းဒေသမှာ နေထိုင်သူတွေဖြစ်ပြီး လက်ရှိချိန်ထိ လူ ၁၅၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အင်အားပြင်း မြေငလျင်ဟာ မားကတ်ချ်မြို့ရဲ့ အနောက်တောင်ဘက် ၄၄ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ လက်ရှိချိန်မှာ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #VOM #AtLeast296Dead #Morocco #earthquake
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၂၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၂၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September9th
Read Moreကနေဒါရွေးကောက်ပွဲတွေမှာ တရုတ်နဲ့ရုရှား ဝင်ရောက်စွက်ဖက်မှု စုံစမ်းစစ်ဆေးတော့မယ်
တိုရွန်တို၊ စက်တင်ဘာ-၉-၂၀၂၃ မျိုးဆက်’VOM) ကနေဒါအစိုးရဟာ နိုင်ငံရွေးကောက်ပွဲ တွေမှာ ပြည်ပဝင်ရောက်စွက်ဖက်မွတွေကို စုံစမ်းစစ်ဆေးဖို့ တရားသူကြီးတဦးကို ခန့်အပ်လိုက်ကြောင်း တာ၀န်ရှိသူ တွေကပြောပါတယ်။ ရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံရဲ့၀င်ရောက်စွက်ဖက်မှု တွေရှိနေကြောင်း သတင်းများထွက်ပေါ်နေချိန် ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ထရူးဒိုးရဲ့ လစ်ဘရယ်အမတ် တွေကို ွလပေါင်းများစွာ ဖိအားပေးခဲ့ပြီးနောက်မှာ အခုခန့်အပ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုမှာ တရုတ်နဲ့ရုရှားတို့က ကနေဒါရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှာ ဖြစ်ကာ ကိစ္စကြောင့် တရုတ်နဲ့ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ကနေဒါအယူခံတရားရုံးမှ မာရီဂျိုးစ်ဟော့က အဆိုပါစုံစမ်းစစ်ဆေးမှုကို ဦးဆောင်မှာဖြစ်ပြီးကြောင်း ကနေဒါအများပြည်သူဘေးကင်းလုံခြုံရေး၀န်ကြီးက ထုတ်ပြန်ပါတယ်။ သူဟာ ကနေဒါရွေးကောက်ပွဲကို တရုတ်နဲ့ရုရှားသာမကအခြားသော ပြည်ပနိုင်ငံတွေ ၀ငျရောကျစှကျဖကျနိုငျခွကေိုစုံစမျးစဈဆေးသှားမှာ ဖြစ် ပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲစေမှာ မဟုတ်ပေမယ့်လည်း တာ၀န်ရှိသူတွေရဲ့ သတိပေးချက်များကို ကနေဒါအစိုးရက လျစ်လျူရှုခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ Ref:BBC #voiceofmyanmar #VOM. #ကနေဒါရွေးကောက်ပွဲ…
Read Moreမြန်မာ – အိန္ဒိယ နယ်စပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ကုန်သွယ်ရေးကားလမ်း ပိတ်ထား
စက်တင်ဘာ ၊၉ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းရဲ့အနောက်မြောက်နယ်စပ်ကုန်သွယ်ရေးလမ်း တခုဖြစ်တဲ့ ကလေး – တမူးကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း လမ်းပိတ်ထားတယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ကလေးမြို့နဲ့ တမူးမြို့က မိုင် တစ်ရာကျော်ပဲရှိတယ် ၊ ကလေးနဲ့ တမူးကြားကားလမ်းက လမ်းတဝက်ထိပဲ ကားသွားလို့ရတယ် ၊ ကလေးကနေ ခမ်းပတ်မြို့နယ်ခွဲအထိပဲ သွားရတယ် ၊ ခမ်းပတ်ကနေ တမူးအထိက ခရီးတဝက် ကားသွားလို့ မရဘူး ၊ အဲ့ဒါကြောင့် မဖြစ်မနေ သွားလာရမယ့်သူတွေက အိန္ဒိယနိုင်ငံဘက်ကနေ ဆိုင်ကယ် ကွင်းလမ်းကနေ သွားကြတယ် ၊ ခရီးစရိတ်က လူတယောက်ကို သုံးသိန်းကျော်ကုန်တယ်”လို့ တမူးမြို့ခံတယောက်က ပြောပါတယ်။ တမူးဒေသခံ ကုန်သည်တယောက်က” ကလေး – တမူး နယ်စပ်ကုန်သွယ်ရေးလမ်းက တဝက်ပဲသွားလို့ရတယ် ၊ ကလေးမြို့ကနေ ခမ်းပတ်မြို့နယ်ခွဲအထိပဲ ၊ ခမ်းပတ်ကနေ တမူးအထိ…
Read Moreဘာပစ္စည်းတွေ စျေးတက်တက် လိုက်မတက်တဲ့ ရှူးရှဲ လက်ဖက် ခုတော့တက်
စက်တင်ဘာ ၉ – ၂၀၂၃ GG (VOM) ခေတ်အဆက်ဆက် စျေးမတက်ခဲ့တဲ့ ၅၀ ကျပ်တန် ရှူးရှဲလက်ဖက်ကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး ၁၀၀ ကျပ်အဖြစ် စျေးတက်ရောင်းချသွားမယ့်အကြောင်း ရှမ်းရွှေတောင် လက်ဖက်နှင့်ပဲကြော်စုံ လုပ်ငန်းကနေ အသိပေးလာပါတယ်။ ” ရှူးရှဲလက်ဖက်က ၁၀၀ ကျပ်ဖြစ်သွားပါပြီ၊အရင်ထက်လည်းပိုပြီးတော့ ထည့်ထားပါတယ်၊ ဆိုင်တွေကိုပေးစျေးကတော့ ၇၀၀ ကျော်နဲ့ပါ။ တခြား လက်ဖက်တို့ အကြော်စုံတို့လည်း နည်းနည်းစီစျေး တက်ပါတယ်။ ” ရှမ်းရွှေတောင် တာဝန်ရှိသူတယောက်က ပြောပါတယ် ။ နှစ်ပေါင်း ၂၀ ကျော်အထိတိုင်အောင် မပြောင်းလဲတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့ပေမယ့် ရေရှည်အတွက်အခက်အခဲတွေ ကြုံရတာကြောင့် ရှူးရှဲအပါ ရွှေတောင်ရဲ့ထုတ်ကုန်ပစ္စည်း ဈေးနှုန်းတွေကို ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း ရှမ်းရွှေတောင်က သူတို့ရဲ့ လူမှုကွန်ယက်ကနေလည်း ပြော ဆိုထားပါ တယ်။ ရှူးရှဲ လက်ဖက်စျေးတက်တဲ့အပေါ်…
Read Moreပြီးခဲ့တဲ့ တစ်လအတွင်း အထောက်အထားမဲ့သူ ၂၀၀ ကျော် နိုင်ငံတဝှမ်းဖမ်းဆီးခံရ
စက်တင်ဘာ ၈ -၂၀၂၃ MM [VOM] နိုင်ငံတဝှမ်းမှာ ပြီးခဲ့တဲ့ တလအတွင်း နိုင်ငံသားအထောက်အထားမဲ့သူ အယောက် ၂၀၀ ကျော်ထိ ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ် ၁ ရက်ကနေ ၃၁ရက်အထိ တစ်လအတွင်း နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၂၀၀ကျော် ကို ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အထောက်အထားမဲ့သူတွေကိုကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ “အဖမ်းခံရသူတွေက ရခိုင်ပြည်နယ်ကနေ ထွက်လာတဲ့ သူတွေပါ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီးလာကြတာလို့ သိရတယ် ၊ ရခိုင်မှာက အလုပ် အကိုင်ရှားပါးတယ်လေ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာဆိုတော့ အလုပ်အကိုင် ပေါများမယ့်နေရာသစ်ကို ရှာဖွေကြတဲ့ အခြေအနေပေါ့၊ သူတို့အနေနဲ့ လိုရာခရီးမရောက်ပဲ အဖမ်းခံရ၊ ထောင်ချခံရတာတွေဖြစ်နေတာ။”လို့ နိုင်ငံသား အထောက်အထားမဲ့သူတွေကို ကူညီပေးသူ(၁)ဦးကပြောပါတယ်။ ဖမ်းဆီးရမိထားတဲ့…
Read Moreအိမ်သုံးမီတာသုံးပြီး စီးပွားရေးလုပ်နေသူတွေကို စီးပွားရေးသုံးမီတာခအဖြစ် ကောက်မယ်
စက်တင်ဘာ ၉ – ၂၀၂၃ GG (VOM) အိမ်သုံးမီတာ အသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကို စီးပွားရေးနူန်းထားနဲ့ မီတာခ ကောက်ခံဖို့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။ အိမ်သုံးမီတာသုံးပြီး စီးပွားရေးလုပ်ကိုင်နေလို့ စီးပွားရေးသုံးနူန်းနဲ့ကောက်ခံမယ့်အထဲမှာ ရေခဲ သေတ္တာ နဲ့ Deep Freezer အသုံးပြုနေတဲ့ ကုန်စုံဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ ၊ စက်ချုပ်ဆိုင်နဲ့ စတဲ့လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ ဆိုင်တွေကို စီးပွားရေးသုံးနူန်းထားနဲ့ မီတာခ ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ ” မြို့ပေါ် ဆိုင်ကြီးတွေ ကောက်တာ ကိစ္စမရှိဘူး ၊ ရွာဘက်က ဆိုင်တွေကတော့ အဆင်မပြေဘူး။ ရေခဲသေတ္တာ ၂ လုံးရှိတာနဲ့ စီးပွားရေးသုံးမီတာခကောက်မယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ရွာဆိုင်က ဒီရွာထဲပဲရောင်းရတာ၊မြို့က တမြို့လုံးအပြင် ရွာကလာသူပါရောင်းရတယ် “လို့ ကျေးရွာဘက်မှာ ကုန်စုံဆိုင်ဖွင့်ထားသူ(၁)ဦးကမှတ်ချက်ပြုပါတယ်။ အိမ်သုံးမီတာနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုန်စုံဆိုင်၊…
Read More