This Day in History Voice of Myanmar အီတလီတွင် အာဏာရှင်မူဆိုလီနီဖြုတ်ချခံရပြီးနောက် အီတလီအနေဖြင့် မဟာမိတ်များထံ လက်နက်ချကြောင်း ၁၉၄၃ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ဗိုလ်ချုပ်ကြီး ဒွိုက်အိုင်ဆန်ဟောင်ဝါက လူသိရှင်ကြား ကြေညာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September8th
Read MoreMonth: September 2023
ဝါတွင်းကာလ ဖြစ်ပေမယ့် ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ဖြစ်နေ
စက်တင်ဘာ ၈ – ၂၀၂၃ SN (VOM) နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလမှာ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးတတ်ပေမယ့် ဒီနှစ်ထဲမှာတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ အရောင်းအဝယ် ဆက်လက် ကောင်းနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ လတ်တလောမှာ ငွေကြေး ဖောင်းပွလာခြင်းနဲ့အတူ ဒေါ်လာဈေး၊ ရွှေဈေးဟာလည်း စက္ကန့်နဲ့အမျှ ပြောင်းလဲနေချိန် မိမိတို့လက်ဝယ်ရှိ ငွေသားတွေကို သိမ်းဆည်းထားမယ့်အစား အိမ်ခြံမြေဘက်ကို ပိုမို ရင်းနှီးမြှုပ်နှံလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုက နေထိုင်ဖို့ဝယ်တာထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ပဲ ဝယ်နေကြတာဆိုတော့ ဝါတွင်းကာလဖြစ်ပေမယ့် အရောင်းအဝယ်က ဆက်ဖြစ်နေတာပေါ့။ အိမ်ပြောင်းရွှေ့မှုကတော့ နည်းပါတယ်။ အဝယ်ကတော့ ပိုမိုများပြားနေတယ်”လို့ အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ အိမ်ခြံမြေကို နေထိုင်ဖို့အတွက် ဝယ်ယူသူတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူကြသူတွေရှိရာ နေထိုင်ဖို့ ဝယ်ယူသူတွေအနေနဲ့ ၎င်းတို့တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ သွားလာရေး အဆင်ပြေတဲ့ နေရာတွေမှာ ဝယ်ယူကြသလို အဓိကအားဖြင့်…
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ-၈ ရက်)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ-၈ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၂၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September7th
Read Moreအီသီယိုးပီးယား အမ်ဟာရာဒေသမှာ အရပ်သား တွေကို အစိုးရတပ်တွေ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲ
မျိုးဆက်(VOM) အာဒစ်အာဘာဘာ၊ စက်တင်ဘာ-၈ ဒေသခံပြည်သူ့စစ် တွေနဲ့စစ်တပ်အကြား တိုက်ပွဲ တွေ ဆက်လက်ဖြစ်ပွားနေတဲ့ အီသီယိုးပီးယားနိုင်ငံ အမ်ဟာရာဒေသမှာ အရပ်သားဒါဇင်များစွာကို အစိုးရတပ်ဖွဲ့၀င် တွေကသတ်ဖြတ်ခဲ့ကြောင်း အီသီယိုးပီးယား အတိုက်အခံအဖွဲ့က စွပ်စွဲလိုက်ပါတယ်။ မာဂျီတီဟုခေါ်တဲ့ မြို့ငယ်မှာ အစိုးရတပ်တွေဟာ နေအိမ်အတွင်းရှိ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုများအပါအ၀င် အရပ်သား ၂၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အီးနတ်ပါတီက ထုတ်ပြန်ထားပါတယ်။ ဒေသတွင်း အခြားနေရာနှစ်ခုမှာလည်း မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုအတွင်း အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အဲဒီပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက် ပြီး အီသီယိုးပီးယားအစိုးရက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ အမ်ဟာရာဒေသရှိ ပြည်သူ့စစ်အဖွဲ့တဖွဲ့ကို အစိုးရကဖျက်သိမ်းဖို့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်းမှာ တင်းမာမှု တွေမြင့်တက်နေပြီး လအတန်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ သြဂုတ်အစောပိုင်းမှာ ဒေသခံပြည်သူ့စစ်တွေဟာ ဒေသရှိ အဓိကမြို့ကြီးများကို ၀ငျရောကျခဲ့ပွီး လေဆိပ်တခုကိုလည်း ခေတ္တထိန်းချုပ်ခဲ့ကြပါတယ်။။ မြို့ပြတိုက်ပွဲ…
Read Moreဘုတလင်မြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ ရဲ ၁ ဦးသေဆုံး လက်နက်ခဲယမ်းတွေပါသွား
စက်တင်ဘာ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ မနေ့ စက်တင်ဘာ ၇ ရက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး လုံခြုံရေးတာဝန်ကျ ရဲတစ်ဦး သေဆုံးသွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ် ။ ” လုံခြုံရေးတာဝန်ချထားတဲ့ ရဲတပ်ကြပ် ဖိုးထူး ဆိုသူပစ်ခံရလို့ကျသွားတယ် ၊ သေနတ် ၁ လက်ပါသွားတယ် ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က လူ ၄၀. လောက်ရှိတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေး အဖွဲ့ နီးစပ်သူတယောက်က ” မနေ့က အမည်မသိ ( စီစစ်ဆဲ) လက်နက်ကိုင်အဖွဲ့က မြို့ပေါ်ကို ဝင်ရောက်ပစ်ခတ်တယ် ၊ ရဲဝန်ထမ်းတယောက်ကျတယ် ၊ လက်နက်ငယ် တစ်လက်ပါသွားတယ်…
Read Moreတရုတ်ဘက်ကို တစ်ခါသုံးကဒ်နဲ့ ဝင်လာသူတွေ သတ်မှတ်ချက်အတိုင်း လိုက်နာရင် အလုပ်လုပ်လို့ရတဲ့ QR Code ထုတ်ပေးမယ်
စက်တင်ဘာ ၇၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ ဂိတ်တွေ ကနေ တရုတ်ဘက်ကို (၆)ညအိပ် (၇)ရက် လည်ပတ်ခွင့် တစ်ခါသုံး တစ်ပတ်ကဒ်နဲ့ ဝင်လာသူတွေအနေနဲ့ တရုတ်ဘက်က သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရင် အလုပ်လုပ်လို့ရတဲ့ QR Code ထုတ်ပေးမှာဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြန်စာ နဲ့ နယ်စပ်ဒေသခံ တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “အလုပ်လုပ်လို့ ရမလိုလို ဆိုတာက ဒီဘက်မှာ နေရင်သူတို့က QR ထုတ်ပေးမယ်။ တရုတ် – မြန်မာ ဆက်ဆံရေးက နဂိုထက် ပိုပြီးတော့ အခုက ကောင်းလာတယ်။ ဒီဘက်က ခရိုင်ရဲဌာနကနေပြီးတော့ ပြည်သူ့ လုံခြုံရေးဌာနကနေ QR လေးတွေ ထုတ်ပေးတယ်။…
Read Moreလကမ္ဘာစူးစမ်းလေ့လာရေးယာဉ် ဂျပန်နိုင်ငံ အောင်မြင်စွာ လွှတ်တင်
တိုကျို၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို H-2A ဒုံးပျံနဲ့ စက်တင်ဘာ ၇ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မွန်းစနိုက်ပါလို့ အမည်ပေးထားတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ သူ့ရဲ့ပျံသန်းမှုမစ်ရှင် အားလုံးအဆင်ပြေချောမွေ့ပါက ဖေဖော်ဝါရီလမှာ လကမ္ဘာပေါ် ဆင်းသက်နိုင်ဖွယ်ရှိပါတယ်။ ယခင်လွှတ်တင်မှုတွေကတော့ ရာသီဥတုဆိုးရွားမှုကြောင့် ဆိုင်းငံ့ခဲ့ရပြီး စတုတ္ထအကြိမ်လွှတ်တင်မမှာ အောင်မြင်ခဲ့တာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ပြီးပါက ဂျပန်နိုင်ငံဟာ လကမ္ဘာပေါ်သို့ ဆင်းသက်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းမှာ ကမ္ဘာ့ပထမဆုံး ဆင်းသက်နိုင်ခဲ့ပြီး သမိုင်းဝင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ကတော့ လေးလအတွင်း လကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိနိုင်ကြောင်း ဂျပန်အာကာသအေဂျင်စီက ပြောပါတယ်။ အဲဒီနောက်မှာ လကမ္ဘာပေါ် မဆင်းသက်မီ လကိုတလကြာ ပတ်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်နိုင်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဂျပန်အာကာသအေဂျင်စီကထုတ်ပြန်ထားအပါတယ်။ Ref:BBC…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၇ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၂၂၀၀၀ ကျပ် ဝယ်ဈေး ၃၂၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September7th
Read Moreကမမောင်းမြို့က ထွေ/အုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်လို့ အုပ်ချုပ်ရေးမှူး ၁ ဦးသေဆုံး
စက်တင်ဘာ ၇ ၊ ၂၀၂၃ SP( VOM) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးပေါ်ကို ဒီကနေ့မနက် ၁၀ နာရီခွဲအချိန်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်လို့ လူ ၁ ဦးသေဆုံးတယ်လို့ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်စဥ်က ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အစည်းဝေးလုပ်နေတဲ့ အမှတ် ၄ ရပ်ကွက် အထွေထွေအုပ်အချုပ်ရေးရုံးပေါ်ကို Drop Bomb ဗုံး ၃ လုံးပြုတ်ကျ ပေါက်ကွဲတယ် ၊ရုံးရဲ့အရှေ့ မျက်နှာစာ ၁ လုံး၊ အလံတိုင်ရှေ့တည့်တည့်မှာ ၁လုံး၊ ရုံးနားမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်၊ ဗုံး ၃ လုံး ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး…
Read Moreယူကရိန်းအရှေ့ပိုင်း လူစည်းကားရာဈေးတခု တိုက်ခိုက်ခံရမှု (၁၇) ယောက်သေဆုံးပြီး (၃၀) ကျော်ဒဏ်ရာရ
ကိယက်ဗ်၊ စက်တင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လူစည်ကားတဲ့ ဈေးတခု တိုက်ခိုက်ခံရမှုကြောင့် လေးငယ်တဦးအပါအဝင် လူ ၁၇ ယောက်သေဆုံးသွားကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ ကော့ယန်တီနစ်ဗ်ကာမြို့ဟာ ငြိမ်းချမ်းတဲ့မြို့ဖြစ်ပြီး ဒါဟာတမင်တကာ တိုက်ခိုက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ရှုတ်ချပြောဆိုထားပါတယ်။ အဲဒီမြို့ဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်နက်ခ်ဒေသရှိ ရှေ့တန်းစစ်မျက်နှာအနီးမှာတည်ရှိပြီး ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ သေဆုံးသူတွေဟာ အပြစ်မဲ့အရပ်သားတွေဖြစ်ကြောင်း ဇီလန်စကီးကပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် လူ ၃၃ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနို်င်ပြီး ဈေးဆိုင်တွေနဲ့ အဆောက်အဦတွေ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဒါဟာ ယခုနှစ်နွေရာသီနောက်ပိုင်း ယူကရိန်းအရပ်သားတွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရာနေရာမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ရှုတ်ချပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြေနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးမှုတွေစတင်နေပါတယ်။ Ref:BBC #voiceofmyanmar #VOM #UkraineWar…
Read More