ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ဖွယ်ရှိနေပါတယ်။ ဆိုင်းငံ့ထားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ တရုတ်ကကြားဝင်စေ့စပ်ပေးမယ့် ဆွေးနွေးပွဲတွေတက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ လက်ရှိချိန်ထိ ဒုက္ခသည် ၇၀၀၀ ကျော်စာရင်းကို ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ကနဦးအစီအစဉ်အရ ၃၀၀၀ ကိုသာ စတင်ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Miah Md. Mainul Kabir ကပြောပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အားကောင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ထပ်မံလာရောက်မယ်လို့ သူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ လာမယ့်သုံးလအတွင်း ဒုက္ခသည်တွေနေရပ်ပြန်ပို့မယ့် လုပ်ငန်းစဉ် စတင်ဖို့ ဆန္ဒရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ဟာ…
Read MoreMonth: September 2023
ယနေ့ ရွှေဈေး (စက်တင်ဘာ-၆ ရက်)
ယနေ့ ရွှေဈေး (စက်တင်ဘာ-၆ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September6th
Read Moreဘရာဇီးတောင်ပိုင်းမှာ ရေဘေးကြောင့် လူ (၂၀) ကျော်သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
ဘရာဆီးလီးယား၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် ထိခိုက်မှုတွေဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်တွင်းရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ လူဦးရေ ငါးထောင်သာရှိသော မူကမ်မြို့မှာတော့ မြို့ရဲ့ ၈၅ ရာခိုင်နှုန်း ရေနစ်မြုပ်ခဲ့ပြီး ဒေသခံရာပေါင်းများစွာကို နေအိမ်ခေါင်မိုးတွေပေါ်ကနေ ကယ်တင်ခဲ့ရကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲဒီမြို့မှာ စက်တင်ဘာ ၅ ရက်က ရုပ်အလောင်း ၁၅ လောင်းထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၂၁ ဦးထိ မြင့်တက်လာပြီဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဂျူရာဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပျောက်ဆုံးနေသူအများအပြား ရှိနေတဲ့ အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သူကပြောပါတယ်။…
Read MoreThis Day in History
This Day in History Voice of Myanmar အမေရိကန်၏ ၂၅ ဦးမြောက်သမ္မတ ဝီလျံမက်ကင်လီသည် ၁၉၀၁ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် နယူးယောက်ပြည်နယ် ဘတ်ဖ်လိုမြို့၌ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံခဲ့ရပြီးနောက် ရှစ်ရက်အကြာတွင် ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September6th
Read Moreရွေးကောက်ပွဲ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
စက်တင်ဘာ ၆ – ၂၀၂၃ SN (VOM) လက်ရှိမှာ နစက က ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ဘယ်အချိန်၊ ဘယ်ကာလမှာ ကျင်းပဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မူတည်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။ “နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ တရားဝင်ပြောတဲ့သဘောဖြစ်တယ်။ သို့သော် ဒါ ဘယ်ကာလမှာ ဖြစ်မယ်ဆိုတာကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ ဒီလိုပဲ စဉ်းစားရမှာပဲ။ ရွေးကောက်ပွဲက လုပ်လိုက်ပြီးတော့ ပြည်သူရဲ့ဆန္ဒအမှန် ထွက်မလာဘူးဆိုရင် ဒီရွေးကောက်ပွဲက မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကြိမ်းသေတာကတော့ အကြီးအကဲတွေက ကတိကဝတ်ပေးထားတယ်။ ကာလအတိုင်းအတာကတော့ အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်” လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။ မူလက ရှေ့နှစ် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့…
Read Moreဂျီ-၂၀ အဖွဲ့ထဲဝင်ရောက်ဖို့ နိုင်ဂျီးရီးယား စဉ်းစားနေ
အဘူဂျာ၊ စက်တင်ဘာ-၆-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ထဲ ဝင်ရောက်ဖို့ စဉ်းစားနေကြောင်း နိုင်ဂျီးရီးယားအစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျီ-၂၀ အဖွဲ့ထံ ဝင်ရောက်ဖို့လျှောက်ထားခြင်းမပြုမီ အဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆကာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သမ္မတဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ နိုင်ဂျီးရီးယားသမ္မတ တီနူဘူဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ဒေလီကို သွားရောက်ပြီး ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ သမ္မတနီနူဘူ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တာဟာ နိုင်ဂျီးရီးယားမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရှာဖွေဖို့၊ ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့နဲ့ အခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို ခိုင်မာစေဖို့ဖြစ်ကြြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ နိုင်ဂျီးရီးယားအနေနဲ့ ဂျီ-၂၀ အဖွဲ့သို့ ဝင်ရောက်မယ့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေလုပ်ဆောင်နေကြောင်း သူကပြောပါတယ်။ လက်ရှိမှာတော့ တောင်အာဖရိကနိုင်ငံဟာ ဂျီ-၂၀ အဖွဲ့ရဲ့ တခုတည်းသော အာဖရိကအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…
Read Moreတပတ်အတွင်း မူဆယ် ကျင်စန်းကျော့ဂိတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ
စက်တင်ဘာ ၆- ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ရဲ့ ဩဂုတ်လ ၂၉ ရက်နေ့ ကနေ စက်တင်ဘာလ ၅ ရက်နေ့ အထိ တပတ်အတွင်း ပို့ကုန် သွင်းကုန်ကားစုစုပေါင်း ၁၆၂၈ စီး ရှိခဲ့တယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။ မြန်မာဘက်ကနေ တရုတ်ဘက်ကို တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၅၉၁ စီး ရှိပြီး တစ်ရက် ပျှမ်းမျှ ၈၄ စီး တရုတ်ဘက်ဝင်ရောက်ကာ အဲဒီအထဲမှာ တစ်ရက်ကို ခါလီကား ပျမ်းမျှ ၁၆ စီးခန့်၊ ဂဏန်း ၈ စီးခန့်၊ ငါးရှဉ့် ၆ စီးခန့်ပါပြီး ဖရဲ၊ သခွား၊ သကာရည်တွေပို့ကုန်ကားတွေလည်း ပါဝင်ပါတယ်။ သွင်းကုန်ကားအနေနဲ့…
Read Moreမိုင်းတုံမြို့နယ်မှာ ဓားပြက ပစ်သတ်လို့ အိမ်ရှင်အပါအဝင် လူ ၃ ယောက် သေဆုံး
စက်တင်ဘာ ၊ ၆ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှာ မနေ့ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းက ဓားပြတိုက်မှုဖြစ်ပွားရာကနေ ပစ်ခတ်တာတွေဖြစ်ပွားပြီး နေအိမ်ပိုင်ရှင် ၃ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် ၅ နာရီဝန်းကျင်လောက်မှာဖြစ်တာပါ ၊ ဒေါ်နန်းနု၊သားဖွားဆရာမ အိမ်မှာ ဓားပြတိုက်ခံရတယ် ၊ အိမ်ရှင်က ဘေးပတ်ဝန်းကျင်ကို အော်ဟစ်ပြီး အကူညီအညီတောင်းရာကနေ ဓားပြက သေနတ်နဲ့ ပစ်သတ်သွားတယ် ၊ အဲ့ဒီမှာ အိမ်ရှင် ဒေါ်နန်းနု ၄၉ နှစ် ၊ ကူညီပေးဖို့ ရောက်လာတဲ့ အိမ်ရှင်ဖြစ်သူရဲ့ တူတော်တဲ့ စိုင်းလောင်(ဝ်)၊ ၃၉ နှစ်နဲ့ စိုင်းဆိုင်လျန်း၊ ၁၆…
Read Moreမဲမသမာမှုတွေမဖြစ်ဖို့ အီလက်ထရောနစ်မဲပေးစက် အသုံးပြုတာလို့ ရွေး/ကော်ဥက္ကဋ္ဌ ပြော
စက်တင်ဘာ ၅ – ၂၀၂၃ SN (VOM) မဲမသမာမှုတွေမဖြစ်စေဖို့ အီလက်ထရောနစ်မဲပေးစက် အသုံးပြုရေး ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး အီလက်ထရာနစ်မဲပေးစက်ကို မိတ်ဆက်တာနဲ့ လက်တွေ့စမ်းသပ်မဲပေးတာတွေကို ဒီနေ့ စက်တင်ဘာ ၅ ရက်၊ မနက် ၉ နာရီခွဲက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မဲပေးရာမှာ မဲမသမာမှုတွေ မဖြစ်စေဖို့နဲ့ မဲပေးရာမှာ မြန်ဆန်လွယ်ကူတာ၊ အချိန်တိုအတွင်း တိကျတဲ့ မဲရလဒ်တွေ ရရှိနိုင်တာ၊ ပွင့်လင်းမြင်သာမှုရှိတာ၊ ပယ်မဲမရှိတာနဲ့ မဲလက်မှတ်တွေရိုက်နှိပ်ရတဲ့ ကုန်ကျစရိတ်တွေ လျော့နည်းစေတာ စတာတွေအတွက် ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုရေး ဆောင်ရွက်တာဖြစ်ပါတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။ မဲဆန္ဒရှင်စာရင်းတွေ ပြုစုရာမှာ ပြည့်စုံမှန်ကန်ရေးနဲ့…
Read Moreယူကရိန်းစစ်ပွဲကြောင့် မြောက်ကိုရီးယား-ရုရှား စစ်ဘက်ဆက်ဆံရေး ပိုမိုနီးကပ်စေသလား
မျိုးဆက်(VOM) စက်တင်ဘာ-၅-၂၀၂၃ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုလအတွင်း ရုရှားကို သွားရောက်ဖို့စီစဉ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့အကြား လက်နက်ဆိုင်ရာ အရောင်းအဝယ်ကိစ္စတွေ ဆွေးနွေးမှုအရှိန်မြှင့်နေကာ မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့နိုင်ခြေကို ပူတင်နဲ့ ကင်ဂျုံအန် တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေကဖော်ပြလာပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ လက်နက်ခဲယမ်းမီးကျောက်တွေရရှိရေးကို အလွန်စိတ်အား ထက်သန်နေပြီး ဒီကိစ္စကိုသိထားတဲ့ မြောက်ကိုရီးယားကလည်း ဈေးကောင်းရဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ဖူးတဲ့ ဂျွန်အဲဗားရက်က ဆိုပါတယ်။ ဒီကိစ္စအပေါ်မှာ မြောက်ကိုရီးယားဘက်က ဘယ်လိုအပေးအယူနဲ့ လက်နက်တွေ ရုရှားကိုထောက်ပံ့ပေး မလည်းဆိုတာကို အမေရိကန်အပါအဝင် ယူကရိန်းမဟာမိတ် အနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်တွေထောက်ပံ့နေတယ်လို့…
Read More