အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ်

အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ် စက်တင်ဘာ ၂၆ – ၂၀၂၃ GG (VOM) အွန်လိုင်းကနေ ဈေးရောင်းချမယ့်သူတိုင်း Online Shopping ဆိုင်ရာ မှတ်ပုံတင်လက်မှတ်ကို အောက်တိုဘာလ ၂ ရက်နေ့ကစပြီး လျှောက်ထားရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က သိရပါတယ်။ မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။ Online Registration ပြုလုပ်ဖို့အတွက် လုပ်ငန်း နာမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ ” ကိုယ်ပိုင်ထုတ်တဲ့ပစ္စည်းပဲရောင်းရောင်း၊ သူများဆီကနေ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၆ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (စက်တင်ဘာ-၂၆ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၂၉၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၄၅ ကျပ် ဝယ်ဈေး – ၂၄၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၆၁ ကျပ် ဝယ်ဈေး – ၃၄၉၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၂၀ ကျပ် ဝယ်ဈေး – ၇၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ် ဝယ်ဈေး –…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September26th

Read More

ငါန်းဇွန်မြို့နယ်မှာ လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံရ အလောင်း၂လောင်း တွေ့

စက်တင်ဘာ ၂၆ -၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ ပေါက်စိမ်းကျေးရွာအုပ်စု ၊ ပေါက်စိမ်းကျေးရွာ ၊ မြို့သာ – မြင်းခြံသွားကားလမ်းပေါ်မှာ ဒီကနေ့ မနက်ပိုင်းက လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီခွဲ ဝန်းကျင်က ဖြစ်တာပါ ၊ အသတ်ခံရတဲ့လူတွေက မြင်းခြံမြို့နယ် ၊ နဘူးအိုင်ကျေးရွာမှာနေပြီး မုန့်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ သားအဖ ၂ ယောက်ဖြစ်တယ် ၊ သူတို့ကို လက်နောက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ထားတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အသတ်ခံရတဲ့သူတွေက…

Read More

၉၉နှစ်ပြည့် မန္တလေးတက္ကသိုလ် ပင်မ အဆောက်အအုံ

ဆူးငှက် မန္တလေးတက္ကသိုလ်၏ အမှတ်လက္ခဏာဖြစ်သော တိုင်လုံးကြီး ၆ လုံးနှင့် ပင်မ အဆောက်အအုံကြီးမှာ ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ၉၉ နှစ် ပြည့်ပါပြီ။ တကယ်တော့ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေး ဥပစာကောလိပ်ကို စတင် ဖွင့်လှစ်သောအခါ ယခု ပင်မအဆောက်အအုံကြီးသည် ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပေ။ ပထမကမ္ဘာစစ်ကြီး ကာလအတွင်းက မိမိ၏ ကိုလိုနီနိုင်ငံဖြစ်သော မြန်မာပြည်၏ အထွက်ကောင်း ဈေးကောင်း ရခဲ့သော ဆန်စပါး ထုတ်ကုန်က စစ်စရိတ်အတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါး စိုက်ပျိုးရေးအတွက် မန္တလေးတွင် စိုက်ပျိုးရေးသိပ္ပံကို တည်ထောင် ဖွင့်လှစ်ရာတွင် ထိုအဆောက်အအုံကြီးက အဓိက ပါဝင်ခဲ့သည်။ အဆောက်အအုံကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် မန်မာပြည်…

Read More

အရေးပေါ် အကူအညီတောင်းဖို့ မီးသတ်ဦးစီးဌာနရဲ့ 191 Report Appကို အဆင့်မြှင်တင်ထား

စက်တင်ဘာ ၂၅ – ၂၀၂၃ SN (VOM) ပြည်သူတွေအနေနဲ့ မီးဘေးအပါအဝင် သဘာဝဘေးနဲ့ ရုတ်တရက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့လာပါက အရေးပေါ်အကူအညီတောင်းခံနိုင်ဖို့ 191 Report App ကို အဆင့်မြှင်တင်ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ကျွန်တော်တို့ အက်ပလီကေးရှင်းလေးက ဖွင့်လိုက်တာနဲ့ ကင်မရာပုံပေါ်တယ်။ အဲ့ဒါကို ဖြစ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီးပို့လိုက်လို့ရှိရင် ကျွန်တော်တို့ဆီကို လိုကေးရှင်းနဲ့အတူတူ ရောက်လာပါတယ်။ အဲ့ဒီ့အခါကျရင် ကျွန်တော်တို့က တကယ်ဖြစ်ပွားတာလား သေချာအောင် ဖုန်းပြန်ဆက်ပေးပါတယ်။ ဖြစ်တာသေချာရင် ကျွန်တော်တို့ဆီက အရင် စက်တွေ၊ လူတွေလွှတ်ပြီးတော့ ကူညီကယ်ဆယ်ရေး အမြန်ဆုံးလုပ်ပေးပါတယ်” လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအန္တရာယ်တွေကို ခေတ်နဲ့အညီ ICT နည်းပညာအသုံးပြုပြီး မီးသတ်ဦးစီးဌာနကို အချိန်နဲ့တပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ဖို့၊ အကူအညီတောင်းခံလာတဲ့ သတင်းပေးပို့ချက်တွေကို မီးသတ်ဦးစီးဌာနမှ အချိန်နဲ့တပြေးညီ…

Read More

ေသနတ်နဲ့ ပစ်ခံရလို့ ဖားကန့်ပြည်သူ့ဆေးရုံမှာ ကုသနေတဲ့ ရဲလူနာ ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့မှာရှိတဲ့ ဖားကန့် ပြည်သူ့ဆေးရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆေးရုံတက်နေတဲ့ အတွင်းလူနာတစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ၊ ညနေ ၅ နာရီဝန်းကျင်က ဆိပ်မူ ( ဆိုင်းတောင်) ကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်ထဲက ဆေးခန်းကိုလာပြတဲ့ ရဲ ၃ ယောက် ပစ်သတ်ခံရတဲ့ဖြစ်စဉ်ရှိတယ် ၊ အဲ့ဒီ ဖြစ်စဉ်မှာ သေဆုံးတဲ့ ရဲက ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦးဖြစ်တယ် ၊ သူနဲ့အတူ ဆေးခန်းလိုက်လာတဲ့ ရဲတစ်ယောက်လည်း ပစ်ခံရပြီး ဒဏ်ရာရတယ် ၊…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၅ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၅ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September25th

Read More

တောင်တရုတ်ပင်လယ်မှာ တရုတ်ချထားတဲ့ ရေပေါ်အတားအဆီးတွေ ဖယ်ရှားရေးလုပ်ဆောင်မယ်လို့ ဖိလစ်ပိုင်ပြော

မနီလာ၊ စက်တင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ် အငြင်းပွားဖွယ်ရေပြင်မှာ တရုတ်နိုင်ငံချထားတဲ့ ရေပေါ်အတားအဆီးတွေကို ဖယ်ရှားဖို့ သင့်လျော်တဲ့နည်းလမ်းအားလုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးအကြံပေး အက်ဂျာရာနိုအာနိုက စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်က ချထားတဲ့ ရေပေါ်အတားအဆီးတွေကြောင့် အဲဒီရေပြင်ကို ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေပါ ဝင်ရောက်ခွင့်မရဖြစ်နေပြီး ငါးဖမ်းသမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသွားမယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးကဆိုပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်က အခုလို ရေပေါ်အတားအဆီးတွေ ချထားတာကို ရှုတ်ချကြောင်း အခုလိုလုပ်တာကြောင့် ဖိလစ်ပိုင်တံငါသည်တွေရဲ့ မိရိုးဖလာငါးဖမ်းခွင့်ကိုပါ ချိုးဖောက်ရာကျကြောင်း အက်ဂျာရာနိုအာနိုက ပြောပါတယ်။ ဒါ့အပြင် ဒီလိုအတားအဆီးတွေလုပ်ထားတာဟာ နိုင်ငံတကာ ဥပဒေတွေကိုပါချိုးဖောက်ရာရောက်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တံငါသည်တွေရဲ့ စားဝတ်နေရေးကို ကာကွယ်ဖို့ သင့်လျော်တဲ့ အစီအမံတွေအားလုံး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံးခြုံရေး အကြံပေးကပြောပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုထားပြီး ဒီနယ်မြေတွေထဲမှာ ဗီယက်နမ်၊…

Read More

ပုသိမ်ထောင်တွင်း ဆန္ဒပြရာမှာပါဝင်တဲ့ နိုင်/ကျဥ်း ၃၇ ဦး ထောင် ၆ နှစ်စီ အမိန့်ချခံရ

စက်တင်ဘာ ၂၅- ၂၀၂၃ SP (VOM) ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ၊ ပုသိမ်အကျဥ်းထောင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်နေရတဲ့ အကျဥ်းသား ၃၇ ဦးကို တရားရုံးက ထောင်၆နှစ်စီ အမိန့်ချလိုက်တယ်လို့ ပုသိမ် နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်ထဲက ဆန္ဒပြတာပါ ၊ နိုင်/ကျဥ်း ၆၂ ဦးထဲက ၃၇ ဦးကို နောက်ထပ်အမှုကပ်ပြီး ရုံးထုတ်တယ် ၊ အဲ့ဒီအထဲက ထောင်ဝန်ထမ်းတွေကို ပြန်လည်ခုခံတဲ့ ၁၆ ယောက်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ တရားစွဲတယ် ၊ နောက်ပြီး ကျန်တဲ့ ၁၇ ယောက်ကိုတော့ ရာဇသတ်ကြီး ပုဒ်မ ၃၃၂ အရ တရားစွဲတယ် ၊ အဲ့ဒီ ၃၇…

Read More
VOM News

FREE
VIEW