ဝါရှင်တန်၊ အောက်တိုဘာ-၅-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်ဟာ အီရန်ဆီကနေ ပြီးခဲ့တဲ့နှစ်က သိမ်းဆည်းခဲ့တဲ့ ကျည်ဆန် ၁ ဒသမ ၁ သန်းကို ယူကရိန်းကို ပေးပို့ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့ အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ဟာ အဲဒီကျည်ဆန်တွေကို ယီမင်ကိုသွားတဲ့ သင်္ဘောတစင်းကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
ယီမင်ပြည်တွင်းစစ်မှာ ဟူသီသူပုန်တွေကို အီရန်က ကျောထောက်နောက်ခံပြုထားပေမယ့် အဲဒီအဖွဲ့ကို လက်နက်တွေလွှဲပြောင်းပေးအပ်မှုကို ကုလသမဂ္ဂက ၂၀၁၅ ခုနှစ် ဆုံးဖြတ်ချက်အရ ပိတ်ပင်တားမြစ်ထားပါတယ်။
ယူကရိန်းရဲ့ အနေုာက်အုပ်စုမဟာမိတ်တွေရဲ့ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်မှုဟာ ယူကရိန်းက စစ်ပွဲမှာအသုံးပြုနေတဲ့နှုန်းကို အမီလိုက်ဖို့ ရုန်းကန်နေရကြောင်း သတိပေးထားပါတယ်။
အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ဟာ အဲဒီကျည်ဆန်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ယူကရိန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျည်တွေဟာ ဆိုဗီယက်ခေတ် ရိုင်ဖယ်တွေနဲ့ အပေါ့စား စက်သေနတ်တွေမှာ အသုံးပြုတဲ့ ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်တွေဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။
Ref:BBC
Photo:Reuters