ဂါဇာမြောက်ပိုင်းက လူတသန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် သတိပေး

ဂါဇာစီးတီး၊ အောက်တိုဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူတွေကို လာမယ့် ၂၄ နာရီအတွင်း တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေးက သတိပေးထားကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုပါတယ်။
ဒါဟာ လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသရဲ့ လူဦးရေထက်ဝက်ခန့်ရှိပြီး လူပေါင်း ၁ ဒသမ ၁ သန်းကို ထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ရှိ ဒေသခံတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို သွားရောက်ကြဖို့ အစ္စရေးက သတိပေးထားတာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်တွေကို ဆိုးရွားစွာဖြစ်ပေါ်စေပြီ အစ္စရေးရဲ့ သတိပေးထုတ်ပြန်ချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁၅၀ ထက်မနည်းကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အစ္စရေးက လက်တုံ့ပြန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာလည်း ပါလက်စတိုင်း ၁၄၀၀ ကျော်သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးဓါးစာခံတွေကို ပြန်မလွတ်သရွေ့ ဂါဇာကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်တာကို အဆုံးသတ်မှာမဟုတ်ကြောင်း အစ္စရေးစစ်တပ်က ထုြတ်ပန်ထားပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW