မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုဌဝတီ မြစ်‌ဘေးတလျှောက်ရှိ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်း

အောက်တိုဘာ ၁၃၊ ၂၀၂၃ Shy V (VOM) မိုးအဆက် မပြတ်ရွာတာကြောင့်ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုဌဝတီ မြစ်‌ဘေးတလျှောက်က နေအိမ်တွေ ရေလျှံလာလို့ အောက်တိုဘာ ၁၂ ရက်နေ့ကစရွှေ့ပြောင်းရ ကြောင်း ဒေသခံ တွေက ပြောပါတယ်။ “မိုင်းရင် ရွာ အနီးနားက ရွာတွေကရေကာတာ ပြိုကျမလိုလို ဖြစ်နေတော့ ကြောက်လို့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတယ်။ မိုင်းရင် ဆည်လေ” လို့ နမ္မတူ ဒေသခံ ၁ ဦးက ပြောပါတယ်။ လူဦးရေနဲ့ ရွာတော့ အတိအကျ မသိရပေမယ် အဲဒီ အနီးနားက ရှမ်းရွာတွေနဲ့ လူဦးရေလည်း တော်တော်များများရှိပြီး စိုးရိမ်ရတဲ့ ရွာတွေက မနေ့ကတည်းက ရှောင်သွား ကြကြောင်း သူက ပြောပါတယ်။ နမ္မတူမြို့မှာတော့ မြို့ခံတွေ ပေါင်းပြီး ပစ္စည်းတွေ တော့ သယ်ထား နိုင်ပေမယ့်…

Read More

ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတချို့မှာ လူဦးေရရဲ့ လေးပုံတပုံလောက် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေလို့ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် ၊ တိကျိတ်ကျေးရွာအုပ်စုက ဘုန်းစိုး ၊ လယ်သူခေါင် ၊ ခေါင်သလူ စတဲ့ကျေးရွာတွေဘက်မှာ အရေပြားရောဂါ ကူးစက်ခံရသူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” တိကျိတ်ကျေးရွာ အုပ်စုထဲက ရွာပေါင်း လေးငါးရွာလောက်မှာဖြစ်နေတာပါ ၊ ရောဂါလက္ခဏာက ကိုယ်ခန္ဓာနေရာအနှံ့ ယားယံတယ် ၊ ယားလို့ ကုတ်ခြစ်မိရင် ကုတ်မိတဲ့နေရာကနေ အဖုအပိန့်တွေဖြစ်တယ် ၊ တချို့ဆို အနာဖြစ်တဲ့ အဆင့်ထိ ရောက်တယ် ၊ အဲ့ဒီလိုဖြစ်ပြီဆိုရင် အနည်းဆုံး သုံးလေးလကြာတဲ့အထိ မပျောက်ဘူး ၊ အဲ့ဒီလို ရောဂါသည်ပေါင်း ၁၅၀ ဝန်းကျင်လောက်ရှိတယ် ၊ ရွာမှာရှိတဲ့ လူဦးရေရဲ့ လေးပုံ တပုံနူန်းလောက်…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၇၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #ရွှေစျေး #အောက်တိုဘာ၁၃ Telegram Link: https://t.me/VOMNEWS2023/2971

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၁၃ ရက်)

Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၅ ကျပ် ဝယ်ဈေး – ၃၃၀၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၄၅ ကျပ် ဝယ်ဈေး – ၂၃၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၆၁ ကျပ် ဝယ်ဈေး – ၃၄၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၅၉ ကျပ် ဝယ်ဈေး – ၉၀.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၄ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၉ ကျပ် ဝယ်ဈေး – ၄၄၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ကြံတတန်ကြမ်းခင်းဈေး တသိန်းနှစ်သောင်း အထက်ရမှသာ အဆင်ပြေမယ်

အောက်တိုဘာ ၁၃ – ၂၀၂၃ SN (VOM) ကြံစိုက်ရာမှာ စိုက်ပျိုးစရိတ်အပါအ၀င် တခြားကုန်ကျစရိတ်တွေပါ မြင့်တက်နေတာကြောင့် အခုနှစ် ကြံရာသီအတွက် ကြံတတန် ကြမ်းခင်းစျေးနှုန်း ကျပ် ၁၂၀၀၀၀ အထက် ရမှသာ အဆင်ပြေနိုင်မယ်လို့ ကြံစိုက်တောင်သူတွေက ပြောပါတယ်။ ရှမ်းပြည်နယ်က သကြားစက်ရုံနှစ်ခုဖြစ်တဲ့ ငွေရည်ပုလဲနဲ့ မိုင်းရယ်သကြားစက်ရုံတွေက အခုလာမယ့် ၂၀၂၃ – ၂၀၂၄ ကြံစိုက်ရာသီမှာ ကြံတတန်ကို ၁၂၀၀၀၀ ကျပ်နဲ့ ဝယ်ယူမယ်ဆိုပြီး စတင်စျေးဖွင့်ထားပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးသုံး သွင်းအားစုတွေဖြစ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေး အပါအဝင် တခြားသော ဆေးဝါးဈေးတွေ၊ ဒီဇယ်ဈေးနဲ့ အလုပ်သမား ငှားရမ်းခဈေးနှုန်းတွေရဲ့ ကုန်ကျစရိတ်ကြောင့် အခု ဖွင့်ထားတဲ့ ကြမ်းခင်းဈေးဟာ တောင်သူတွေအတွက် စရိတ်စက ကာမိရုံလောက်သာရှိတဲ့အပြင် စက်ရုံအရောက်ပို့ပေးရတဲ့ ဈေးနှုန်းဖြစ်တာကြောင့် ကားငှားရမ်းခ၊ အလုပ်သမားငှားရမ်းခဈေးတွေ ထပ်မံနှုတ်ပါက တောင်သူတွေအတွက် အသားတင်ကျန်ငွေဟာ…

Read More

တောင်သူတွေအတွက် မြေကြီးက ရွှေသီးနိုင်အုံးမှာလား

အောက်တိုဘာ ၁၃ -၂၀၂၃ GG(VOM) မိုးစပါး အခြေခံရည်ညွန်းစျေးအဖြစ် တင်း ၁၀၀ ကို ၇၅၀၀၀၀ ကျပ်ဆိုပြီးသတ်မှတ်ကြောင်း တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၇၅၀၀၀၀ ဆိုတဲ့ ပမာဏဟာ ရောင်းဝယ်ဖို့စျေးမဟုတ်ပဲ ကြမ်းခင်းစျေးလို့ဆိုပေမယ့်လည်း ဒီနေ့ ခေတ်နဲ့လျော်ညီခြင်းမရှိတဲ့အပြင် ပြင်ပပေါက်စျေးကွက်နဲ့ပါ ထက်ဝက်လောက်ကွာဟနေတာကြောင့် စပါး စိုက်တောင်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေမြင့်တက်နေတာဖြစ်ပါ တယ်။ လက်ရှိပြင်ပစျေးကွက်မှာ ၁၅ သိန်းအထိ စျေးပေါက်နေ ချိန်မှာ ထက်ဝက်ကွာတဲ့ နူန်းကို အခြေခံစပါးရည်ညွှန်းစျေးအဖြစ်သတ်မှတ်မှုအပေါ် ကုန်သည်တွေ၊ပွဲစားတွေ လည်သလိုလုပ်စားသွားမှာကို စိုးရိမ်နေရတယ်လို့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။ “သူတို့ကနှစ်တိုင်းသတ်မှတ်သလိုမျိုး အခြေခံရည်ညွန်းစျေးသတ်မှတ်တာမှန်တယ်၊ စျေးကွက်ပေါက်စျေးကများရင်ပေါက်စျေးရောင်းရမယ်လို့ဆိုပေမယ့်လည်း ဒီစျေး သတ်မှတ်တာကို လယ်သမားတွေကမကြိုက်ဘူး။ကုန်သည် နင်းကွက်ပိုဖြစ်တာပေါ့ ၊ခုချိန်ကြီးမှ သူကထပြီးခုလိုသတ်မှတ်တယ်၊တောင်သူလက်ထဲအခုမှ စပါးစပေါ်ရုံရှိသေးတယ်၊ ကျနော်တို့လယ်သမားတွေလည်း စပါးရောင်းပြီးဆန်ပြန်ဝယ်စားရတာ၊အဲ့တော့ ဒီစျေးကို တစ်နှစ်ပတ်လုံး…

Read More

စစ်ကိုင်းမြို့က ဘော်ဂါကျောက်ဝိုင်း ရွှေ့ပြောင်းရမယ်

စစ်ကိုင်း၊ အောက်တိုဘာ- ၁၃- ၂၀၂၃ SA(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဘော်ဂါရပ်ကွက်မှာရှိတဲ့ ကျောက်ဝိုင်းကို အောက်တိုဘာ ၁၅ ရက်နေ့ မှာ ရွှေမင်းဝံရပ်ကွက်၊ ပညာရေးတက္ကသိုလ်အနီးက ပတ္တမြားစက်မှုဇုန်မှာ အသစ်ဆောက်လုပ်ထားတဲ့ မင်္ဂလာစျေးကို ရွှေ့ပြောင်းဖို့ သတင်းထွက်ပေါ်နေတယ်လို့ ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ ” ရွေမင်းဝံဘက်မှာ စျေးလုပ်ထားတယ်ဆိုလား ကျနော်တို့လည်း တခေါက်မှ သွားမကြည့်ရသေးဘူး အဲ့ကို ရွှေ့ရမယ်လို့ ကြားတယ်၊ ကျောက်သမားတွေပြောနေကြတာတော့ ဒီမှာရောင်းရင်ဖမ်းမယ် စျေးအသစ်ကိုရွှေ့ရမယ်လို့ပြောနေတယ်၊ ကိုယ့်စစ်ကိုင်းသူ စစ်ကိုင်းသားတွေဗျာ ကျောက်နဲ့ ဘယ်သွား သွားလို့ရနေတာ ဒီဘက်လာလည်း ဖမ်းစရာမှ မလိုတာ၊ သူတို့ဘက်သွားလည်း ဖမ်းစရာမှ မလိုတာ ဖမ်းမယ်ဆိုတဲ့ဟာတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်” လို့ ကျောက်လုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။ မင်္ဂလာစျေးက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ တာဝန်ရှိသူတစ်ဦးက ” ရွေ့မယ်ဆိုတာတော့ မှန်ပါတယ်၊ စျေးထဲမှာပဲ…

Read More

This Day in History

Voice of Myanamr အီဂျစ်သမ္မတ အန်နဝါဆဒက် လုပ်ကြံခံရပြီးနောက် သီတင်းတပတ်အကြာ ၁၉၈၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ဟိုစနီမူဘာရက်ခ်အား အီဂျစ်သမ္မတအဖြစ် အီဂျစ်ပြည်သူများက ရွေးချယ်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October13th Telegram Link: https://t.me/VOMNEWS2023/2980

Read More

ဂါဇာမြောက်ပိုင်းက လူတသန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် သတိပေး

ဂါဇာစီးတီး၊ အောက်တိုဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူတွေကို လာမယ့် ၂၄ နာရီအတွင်း တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေးက သတိပေးထားကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသရဲ့ လူဦးရေထက်ဝက်ခန့်ရှိပြီး လူပေါင်း ၁ ဒသမ ၁ သန်းကို ထိခိုက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ရှိ ဒေသခံတွေအနေနဲ့ လုံခြုံရေးအတွက် ဘေးလွတ်ရာကို သွားရောက်ကြဖို့ အစ္စရေးက သတိပေးထားတာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်တွေကို ဆိုးရွားစွာဖြစ်ပေါ်စေပြီ အစ္စရေးရဲ့ သတိပေးထုတ်ပြန်ချက်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁၅၀ ထက်မနည်းကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးက လက်တုံ့ပြန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာလည်း ပါလက်စတိုင်း ၁၄၀၀ ကျော်သေဆုံးခဲ့ကြောင်း…

Read More
VOM News

FREE
VIEW