မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုဌဝတီ မြစ်‌ဘေးတလျှောက်ရှိ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်း

အောက်တိုဘာ ၁၃၊ ၂၀၂၃
Shy V (VOM)
မိုးအဆက် မပြတ်ရွာတာကြောင့်ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုဌဝတီ မြစ်‌ဘေးတလျှောက်က နေအိမ်တွေ ရေလျှံလာလို့ အောက်တိုဘာ ၁၂ ရက်နေ့ကစရွှေ့ပြောင်းရ ကြောင်း ဒေသခံ တွေက ပြောပါတယ်။
“မိုင်းရင် ရွာ အနီးနားက ရွာတွေကရေကာတာ ပြိုကျမလိုလို ဖြစ်နေတော့ ကြောက်လို့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတယ်။ မိုင်းရင် ဆည်လေ” လို့ နမ္မတူ ဒေသခံ ၁ ဦးက ပြောပါတယ်။
လူဦးရေနဲ့ ရွာတော့ အတိအကျ မသိရပေမယ် အဲဒီ အနီးနားက ရှမ်းရွာတွေနဲ့ လူဦးရေလည်း တော်တော်များများရှိပြီး စိုးရိမ်ရတဲ့ ရွာတွေက မနေ့ကတည်းက ရှောင်သွား ကြကြောင်း သူက ပြောပါတယ်။
နမ္မတူမြို့မှာတော့ မြို့ခံတွေ ပေါင်းပြီး ပစ္စည်းတွေ တော့ သယ်ထား နိုင်ပေမယ့် ချက်စားလို့ မရလို့ နမ္မတူ ချောင်ဘေးက နေအိမ်တွေ ဆွေမျိုးအိမ်တွေနဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။
“စပါးခင်းတွေလည်း မြှုပ်တာ ဟုတ်တယ်။မိုင်းရင်ဘက်က ဆင်းလာတဲ့ ရေပဲ။ နမ္မတူမှာလည်း ရေလျှံနေတယ်။ သီပေါဘက် လျှံတာကလည်း မြစ်ကြောင်း တစ်ကြောင်းထဲပဲလေ ဒီဘက်နဲ့။” လို့ သူက ရှင်းပြပါတယ်။
နမ္မတူ – လားရှိုး ကုန်တင် ယာဉ်မောင်း တစ်ဦးက မိုင်းရင်ဆည် စိုးရိမ်မှတ်ကျော်‌လာနေတာကြောင့် ရေဖွင့်ချဖို့ ပြောနေတယ်လို့ ပြောပါတယ်။
“ဖြည်းဖြည်းပဲ နည်းနည်းချင်းစီ ဖွင့်ချမှ ရမှာပေါ့။ ကျနော်တို့ စက်ရုံ အပေါ်မှာပဲလေ။ သူတို့ဘေးလွတ်ရာတော့ ရွှေ့ခိုင်းထားတာပေါ့” လို့ သူကပြောပါတယ်။
နမ္မတူမြို့အထွက်နားက တံတားကလည်း ရေလျှံပြီး တံတားပေါ်ကနေ ဒူးဆစ်ကျော်နေလို့ ကားလည်း ထွက်လို့မရဘူး လို့ပြောပါတယ်။
ဒုဌဝတီ မြစ်‌ဘေးဖြစ်တဲ့ သီပေါမြို့ကလည်း ရေလျှံလာနေလို့ မြစ်ဘေးနားက နေအိမ်တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေတယ်လို့ သီပေါ မြို့ခံတွေက ပြောပါတယ်။
“ဟုတ်တယ်။ ရေကြီးနေတယ်။” လို့ သီပေါမြို့ခံ မိန်းကလေး ၁ ဦးက ပြောပါတယ်။
ရွှေ့ပြောင်းရတဲ့ နေအိမ်တွေ ဘယ်နှအိမ် ရွှေ ပြောင်းရတာ အတိအကျ မသိရပေမယ့် မြစ်ဘေးတလျှောက်က ရွှေ့ပြောင်းရတဲ့ နေအိမ်တွေများကြောင်း သူက ပြောပါတယ်။
“မနေ့ကတည်းက။ အခုလည်း မိုးဆက်တိုက်ရွာနေတယ်။ ပစ္စည်းရေနစ်သွားတာလည်းရှိတယ်။ ရေ ကားလမ်းပေါ် ရောက်တော့မှာ။” လို့ သူက ရှင်းပြပါတယ်။
ကယ်ဆယ်ရေး လုပ်နေတဲ့ လူမှုကူညီရေး အသင်း တာဝန်ရှိသူ ၁ ဦးက ကယ်ဆယ်ရေး လုပ်နေဆဲ ဖြစ်တာကြောင့် ရေးဘေးဒုက္ခသည် နဲ့ ရွှေ့ပြောင်းရသူ ဘယ်လောက် ဆိုတာ အတိအကျ မသိရသေးဘူး လို့ ပြောပါတယ်။
ခါတိုင်းနှစ်တွေမှာလည်း ရေကြီးရေလျှံ ဖြစ်ပေမယ့် ဒီ နှစ်လောက် အခြေအနေ မဆိုး ကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW