ဆိုးလ်၊ အောက်တိုဘာ-၁၅-၂၀၂၃
မျိုးဆက်(VOM)
တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ အများအပြားကို အတင်းအကြပ်ပြန်ပို့ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၆၀၀ ကျော်ကို တရုတ်နိုင်ငံကပြန်ပို့ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားကလည်း အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာဟာ မှန်ကန်ဖွယ်ရှိကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပေမယ့် ပြန်လည်ပို့ဆောင်ခံရတဲ့ မြောက်ကိုရီးယားနိုင်ငံသားအရေအတွက်ကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ထွက်ပြေးလာသူတွေဟာ အမျိုးသမီးအများစုဖြစ်ပြီး မြောက်ကိုရီးယားကို ပြန်လည်ရောက်ရှိပါက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် သေဒဏ်ထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း လူ့အခွင့်အရးအဖွဲ့တွေကပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံသားရာပေါင်းများစွာဟာ သူတို့ကိုထိန်းသိမ်းထားတဲ့ ထိန်းသိမ်းရေးစခန်းတွေကနေ ထရပ်ကားတွေနဲ့ မြောက်ကိုရီးယားသို့ တရုတ်အာဏာပိုင်တွေက ပို့ဆောင်ခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Telegram Link – https://t.me/VOMNEWS2023/3022