လားရှိုးမြို့မှာ ဒီနှစ်အတွင်း ပေါက်ကွဲမှု ၁၂ ကြိမ်ဖြစ်ပွားလို့ ၁၅ ဦးသေဆုံး ၊ လူ ၇၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃ SP + Shy V ( VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ လားရှိုးမြို့ပေါ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် မြို့ပေါ်နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီး သေဆုံးဒဏ်ရာရတာတွေ ဖြစ်ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ “ဒီနှစ်အတွင်း ပေါက်ကွဲမှုတွေကြောင့် သေဆုံးရသူ ၁၅ ဦးရှိတယ် ၊ နောက်ပြီး ဒဏ်ရာသူ ၅၀ ကျော်ရှိတယ် ၊ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေဟာ လုပ်ငန်းရှင်တွေမပါဘူး ၊ သူတို့ရဲ့ ဝန်ထမ်းတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် လားရှိုးမြို့ခံ တယောက်က ” ဒီနှစ် နှစ်ဆန်းပိုင်းတုန်းကစလို့ ပေါက်ကွဲမှုတွေ လစဥ်နီးပါးဖြစ်တယ် ၊ ပြီးခဲ့တဲ့…

Read More

အစ္ရရေးအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ ဟန့်တားဖို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စု အမေရိကန် ရေတပ် စေလွှတ်ပြန်

တဲလ်အဗစ် ၊အောက်တိုဘာ -၁၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးအပေါ် ရန်လိုတဲ့ လုပ်ရပ် တွေကို ဟန့်တားဖို့အတွက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုကို အစ္စရေးအနီး အမေရိကန်ရေတပ်က စေလွှတ်လိုက်ပါတယ်။ နောက်ထပ်လေယာဉ်တင်သင်္ဘော ဒွိုက်အိုင်ဆင် ဟောင်ဝါ အုပ်စုဟာ အစ္စရေးအနီး မြေထဲပင်လယ်မှာ ရောက်ရှိနေတဲ့ ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောအုပ်စုနဲ့အတူ ပူးပေါင်းမှာဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကို ကြည်း ၊ရေ ၊ လေ သုံးသွယ်နဲ့ တိုက်ခိုက်ဖို့ စီစဥ်နေကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပြီး ထိုးစစ်အတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်နေပါတယ်။ ဂါဇာကမ်းမြောင်ဟာ ဘေးဒုက္ခ ချောက်ထဲကို တွန်းချခံနေရတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၁ သန်းကို တောင်ဘက်သို့ ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထားပြီး ထောင် ပေါင်းများစွာ သော ဒေသခံတွေဟာ…

Read More

စစ်ကိုင်းက ကျောက်ဝိုင်းအသစ်မှာ ရောင်းသူ ဝယ်သူ မရှိဖြစ်နေသေး

စစ်ကိုင်း၊ အောက်တိုဘာ- ၁၅ – ၂၀၂၃ SA(VOM) စစ်ကိုင်းမြို့က ဘော်ဂါကျောက်ဝိုင်းကို ဒီကနေ့နောက် ဆုံးထားပြီး ရွှေ့ပြောင်းဖို့ သတင်းထွက်ပေါ်ပြီးတဲ့နောက် နေရာချပေးထားတဲ့ Mingalar Sagaing Market မှာ ဒီကနေ့ ကျောက်အရောင်းဝယ်သမားတွေ တစ်ယောက်မှ မရှိဘူးလို့ သိရပါတယ်။ ” မနက်က အဲ့စျေးကိုသွားကြည့်တော့ ကျောက်အရောင်းဝယ်သမား တစ်ယောက်မှမရှိဘူး၊ ဆိုင်ခန်းတွေကလည်းရှင်းနေတယ်၊ ဟိုဘက်လည်း မရောင်းရဲ ဒီဘက်မှာလည်း နေရာအသစ်ဆိုတော့ လာမရောင်းကြသေးဘူး၊ မန္တလေးကို မနက်အစောကြီးသွားရောင်းကြတာများတယ်၊ မန္တလေးကျောက်ဝိုင်းဘက်မှာတော့ အရောင်း အဝယ်သမားတွေ တိုးလာမယ်ထင်တယ်” လို့ ကျောက်လုပ်ငန်းရှင်တဦးက VOM ကိုပြောပါတယ်။ နေ့စဥ် လူ ၂၀၀၀ ပတ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဘော်ဂါကျောက်ဝိုင်းဟာ ကျောက်ဝိုင်းဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ရွှေ့ပြောင်းပြီးတဲ့နောက် လူ ၅၀ ဝန်းကျင်ခန့်သာ လာရောက်ရောင်းဝယ်ကြတယ်လို့ သိရပါတယ်။ ”…

Read More

ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေ အတင်းအကြပ်ပြန်ပို့

ဆိုးလ်၊ အောက်တိုဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ အများအပြားကို အတင်းအကြပ်ပြန်ပို့ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၆၀၀ ကျော်ကို တရုတ်နိုင်ငံကပြန်ပို့ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားကလည်း အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာဟာ မှန်ကန်ဖွယ်ရှိကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပေမယ့် ပြန်လည်ပို့ဆောင်ခံရတဲ့ မြောက်ကိုရီးယားနိုင်ငံသားအရေအတွက်ကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ထွက်ပြေးလာသူတွေဟာ အမျိုးသမီးအများစုဖြစ်ပြီး မြောက်ကိုရီးယားကို ပြန်လည်ရောက်ရှိပါက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် သေဒဏ်ထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း လူ့အခွင့်အရးအဖွဲ့တွေကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားရာပေါင်းများစွာဟာ သူတို့ကိုထိန်းသိမ်းထားတဲ့ ထိန်းသိမ်းရေးစခန်းတွေကနေ ထရပ်ကားတွေနဲ့ မြောက်ကိုရီးယားသို့ တရုတ်အာဏာပိုင်တွေက ပို့ဆောင်ခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #vom #China #deported #N-Korean #defectors Telegram Link – https://t.me/VOMNEWS2023/3022

Read More

တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစျေးကွက် အခြေအနေသုံးသပ်ချက်

” မတ်ပဲနဲ့နှမ်းက စျေးတက်လာပြီး ပဲတီစိမ်း ၊မြေပဲ၊ပြောင်း၊ပဲစဥ်းငုံ၊ကုလားပဲ ကတော့ စျေးအေးနေပါတယ် “ ရန်ကုန်၊ အောက်တိုဘာ ၁၅ – ၂၀၂၃ GG(VOM) ခုတပတ်မှာတော့ ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲ နဲ့ နှမ်းမျိုးစုံစျေးကွက်က စျေးတန်းမြင့်တက်လာပြီး ပဲတီစိမ်း ၊ပဲစဥ်းငုံနီ၊ မြေပဲ ၊ကုလားပဲ ၊ ပြောင်းကတော့ သိသာတဲ့ စျေးနူန်းအတက်အကျပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။ မတ်ပဲ၊ပဲတီစိမ်း၊မြေပဲ၊နှမ်း၊ကုလားပဲကတော့ စျေးကွက်မှာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ပြောင်းကတော့ပြည်ပကိုတင်ပို့မှုမရှိတဲ့ အပြင်ပြောင်းအသစ်တွေပေါ်နေတာကြောင့် စျေးကတန်းက အကျဘက်ကိုဦးတည်နေတာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲ မတ်ပဲကတော့ ခုတပတ်မှာ ရန်ကုန်၊မန္တလေး၊နယ်စျေးကွက်အားလုံးမှာ အမြင့်ဆုံးစျေးတန်းအဖြစ် စျေးပြန်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) တတန်ကို ၂၆၄၉၀၀၀ စျေးရှိပြီး အရင်တစ်ပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၄၅၀၀၀ လောက် စျေးပြန်တက်လာတာဖြစ် ပါ တယ်။ မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ ကို…

Read More

မိုးများပြီးေနာက် တိုင်းနဲ့ ပြည်နယ်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ

အောက်တိုဘာ ၊ ၁၅ ၊ ၂၀၂၃ SP( VOM) နိုင်ငံအဝှမ်း တိုင်းနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေဘေးဒုက္ခကြုံရတာတွေရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း ရေဘေး စစ်ကိုင်းတိုင်းမှာရှိတဲ့ ၃၇ မြို့နယ်ရှိတဲ့အနက်က ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်တွေမှာ ရေဘေးကြုံရတာတွေ ရှိတယ်လို့ သိရပါတယ်။ ” ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က ကနီမြို့နယ်မှာ မိုးသည်ထန်းစွာရွာတယ် ၊ အဲ့ဒီလို မိုးတွေ အဆက်ပြတ်ရွာပြီး တောင်ကျချောင်းရေတွေ ဝင်ရောက်လာတာကြောင့် မြို့ပေါ်က သီတာဦးရပ်ကွက်ထဲက နေအိမ် ၁၀ လုံးကျော် ကမ္ဘားပြိုပြီး ပျက်စီးကုန်တယ် ၊ တချို့လည်း ေရေမျာတဲ့ထဲပါသွားတယ် ၊ နောက်ပြီး မြို့ပေါ် အမှတ် ၁ ရပ်နဲ့ အမှတ် ၃ ရပ်…

Read More

ဂါဇာကို ကြည်း ၊ ရေ ၊လေ သုံးသွယ်နဲ့ တိုက်ဖို့ပြင်နေကြောင်း အစ္စရေးစစ်တပ် ကြေညာ

တဲလ်အဗစ် ၊အောက်တိုဘာ -၁၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ဂါဇာကို ကြည်း ၊ရေ ၊ လေ သုံးသွယ်နဲ့ တိုက်ခိုက်ဖို့ စီစဥ်နေကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ထိုးစစ်ဆင်မယ့် အချိန်အတိအကျနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ရှေ့တန်းရောက် စစ်သားတွေအတွက် စစ်ဆင်ရေး နောက်ဆင့်လာပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆိုပါတယ်။ ဂါဇာမြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၁ သန်းကို တောင်ဘက်သို့ ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထားပြီး ထောင် ပေါင်းများစွာသော ဒေသခံတွေဟာ ကား သို့မဟုတ် ခြေလျင်ခရီးနဲ့ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ ဒီအတောအတွင်း ဂါဇာမြောက်ပိုင်းမှ ထွက်ခွာသွားတဲ့ ယာဉ်တန်းတခု တိုက်ခိုက်ခံရမှုမှာ အမျိုးသမီးန ဲ့ ကလေးငယ် တွေ သေဆုံးခဲ့ ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဟားမတ်စ်…

Read More
VOM News

FREE
VIEW