ဂါဇာကို ကြည်း ၊ ရေ ၊လေ သုံးသွယ်နဲ့ တိုက်ဖို့ပြင်နေကြောင်း အစ္စရေးစစ်တပ် ကြေညာ

တဲလ်အဗစ် ၊အောက်တိုဘာ -၁၅-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးစစ်တပ်ဟာ ဂါဇာကို ကြည်း ၊ရေ ၊ လေ သုံးသွယ်နဲ့ တိုက်ခိုက်ဖို့ စီစဥ်နေကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါပေမယ့် ထိုးစစ်ဆင်မယ့် အချိန်အတိအကျနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
ရှေ့တန်းရောက် စစ်သားတွေအတွက် စစ်ဆင်ရေး နောက်ဆင့်လာပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆိုပါတယ်။
ဂါဇာမြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၁ သန်းကို တောင်ဘက်သို့ ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထားပြီး ထောင် ပေါင်းများစွာသော ဒေသခံတွေဟာ ကား သို့မဟုတ် ခြေလျင်ခရီးနဲ့ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
ဒီအတောအတွင်း ဂါဇာမြောက်ပိုင်းမှ ထွက်ခွာသွားတဲ့ ယာဉ်တန်းတခု တိုက်ခိုက်ခံရမှုမှာ အမျိုးသမီးန ဲ့ ကလေးငယ် တွေ သေဆုံးခဲ့ ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေု အစ္စရေးကို နယ်စပ်ဖြတ်ကျော် ပြီး စစ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှု ကြောင့် အစ္စရေးမှာ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW