အစ္ရရေးအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ ဟန့်တားဖို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စု အမေရိကန် ရေတပ် စေလွှတ်ပြန်

တဲလ်အဗစ် ၊အောက်တိုဘာ -၁၅-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးအပေါ် ရန်လိုတဲ့ လုပ်ရပ် တွေကို ဟန့်တားဖို့အတွက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုကို အစ္စရေးအနီး အမေရိကန်ရေတပ်က စေလွှတ်လိုက်ပါတယ်။
နောက်ထပ်လေယာဉ်တင်သင်္ဘော ဒွိုက်အိုင်ဆင် ဟောင်ဝါ အုပ်စုဟာ အစ္စရေးအနီး မြေထဲပင်လယ်မှာ ရောက်ရှိနေတဲ့ ဂျရယ်ဖို့ဒ် လေယာဉ်တင်သင်္ဘောအုပ်စုနဲ့အတူ ပူးပေါင်းမှာဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကို ကြည်း ၊ရေ ၊ လေ သုံးသွယ်နဲ့ တိုက်ခိုက်ဖို့ စီစဥ်နေကြောင်း ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပြီး ထိုးစစ်အတွက် ပြင်ဆင်မှုတွေကို အရှိန်မြှင့်နေပါတယ်။
ဂါဇာကမ်းမြောင်ဟာ ဘေးဒုက္ခ ချောက်ထဲကို တွန်းချခံနေရတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၁ သန်းကို တောင်ဘက်သို့ ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထားပြီး ထောင် ပေါင်းများစွာ သော ဒေသခံတွေဟာ ကား သို့မဟုတ် ခြေလျင်ခရီးနဲ့ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
ဒီအတောအတွင်း ဂါဇာမြောက်ပိုင်းမှ ထွက်ခွာသွားတဲ့ ယာဉ်တန်းတခု တိုက်ခိုက်ခံရမှုမှာ အမျိုးသမီးနဲ့ က လေးငယ် တွေ သေဆုံးခဲ့ ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေု အစ္စရေးကို နယ်စပ်ဖြတ်ကျော် ပြီး စစ်သားတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှု ကြောင့် အစ္စရေးမှာ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
Ref:BBC
Photo:US Navy
#voiceofmyanmar #vom #US #sent-second-aircraft-carrier #deter-hostile-actions #against-Israel

Related posts

Leave a Comment

VOM News

FREE
VIEW