တဲလ်အဗစ်၊ အောက်တိုဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်တို့ရဲ့ စစ်ဆင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ဂါဇာကမ်းမြှောင်ကို ဝင်ရောက်တော့မယ်လို့ အစ္စရေးစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟာဟယ်လ်ဗီက ပြောပါတယ်။
ဒီအတောအတွင်း အောက်တိုဘာ ၂၁ ရက်ကလည်း ဂါဇာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှု နီးကပ်လာတာနဲ့ အမျှ ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွာလာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်နေပါတယ်။
ကုန်တင်ယာဉ်အစီး ၂၀ ပါဝင်တဲ့ ထောက်ပံ့ရေးယာဉ်တန်းဟာ အီဂျစ်ကနေ ဂါဇာကို ဝင်ရောက်ခဲ့ပြီး ဒီအကူအညီတွေဟာ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂ ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို မြေပြင်ထိုးစစ်အပါအဝင် ကြီးမားတဲ့စစ်ဆင်ရေးတွေ မကြာခင်စတော့မယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း ထုတ်ဖော်ပြောဆိုထားပြီး ဂါဇာမြောက်ပိုင်းကဒေသခံတွေ တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်။
အစ္စရေးမြောက်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ အမာခံစခန်းတွေကို တိုက်ခိုက်အရှိန်မြှင့်ဖို့နဲ့ စစ်ဆင်ရေးနောက်တဆင့်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ကြောင်းသူကပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ုပြန်တဲ့အနေနဲ့ အစ္စရေးတဲလ်အဗစ်မြို့ကို ဟားမတ်စ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၇ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အစ္စရေးမှာ လူ ၁၄၀၀ကျော်သေဆုံးခဲ့ပြီး ဂါဇာမှာတော့ လူပေါင်း ၄၃၀၀ ကျော်ထိရှိခဲ့ပါတယ်။
Ref: NHK
Photo:AFP/AP