သတင်းအမှား ဘယ်နှစ်မျိုးရှိသလဲ နဲ့ သတင်းတခုမျှဝေတော့မယ်ဆိုရင် သိထားသင့်သည့် အကြောင်းအရာများ

အောက်တိုဘာ ၂၂-၂၀၂၃ Voice Of Myanmar(VOM)   ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတွေ အသုံးပြုတာ များပြားလာတာနဲ့အမျှ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါတယ်။ ဒီလို သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေ ဘယ်နှစ်မျိုးရှိသလဲဆိုတာကို ဗဟုသုတအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ်။   (၁)လှောင်ပြောင်သရော်တဲ့သတင်း ——————————- တယောက်ယောက်ကို အန္တရာယ်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ရေလိုက်လွဲစေပြီး တဦးတယောက်ကို လှောင်ပြောင်ထားတာပါ။     (၂)ဦးတည်ချက်မှားအောင် လှည့်စားထားတဲ့သတင်း ——————————- အချက်အလက်နဲ့ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတယောက်ကို ပြဿနာ ဒါမှမဟုတ် အခက်အခဲဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု ဖြစ်ပါတယ်။   (၃)အယောင်ဆောင်သတင်း ——————————- ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအသွင် ရေးသားထားတာဖြစ်ပါတယ်။   (၄)မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ ပုံဖော်ရေးသားထားတဲ့သတင်း ——————————- အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒါမှမဟုတ်…

Read More

တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲမျိုးစုံစျေးနူန်းတွေနဲ့ ​စျေးကွက် သုံးသပ်ချက်

  ” မတ်ပဲက စံချိန်တင်အမြင့်ဆုံးအထိ စျေးတက်လာပြီး ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီက စျေးတန်း ငြိမ်နေပါတယ် ၊မြေပဲ၊နှမ်း ကတော့ စျေးကျသွားပါတယ် ”   ရန်ကုန်၊ အောက်တိုဘာ ၂၁ – ၂၀၂၃ GG(VOM)   ခုတပတ်လည်း ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲက ထပ်မံမြင့်တက်လာပြီး စံချိန်တင်နူန်းထားအထိရောက်ရှိလာတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ အလားတူ စျေးဆက်တိုက်ကျခဲ့တဲ့ ပြောင်းဆံကလည်း ခုတပတ်မှာ အနည်းငယ်ပြန်တက်လာပြီး ကုလားပဲကလည်း တက်ရိပ်ပြလာပါတယ်။   နှမ်းမျိုးစုံစျေးကွက်ကတော့ အရင်တပတ်က စျေးတက်ခဲ့ပေမယ့် ခုတပတ်မှာ စျေးတန်းပြန်နိမ့်ကျသွားသလို မြေပဲစျေးကွက်လည်း ကျဆင်းသွားတာတွေ့ရပါတယ်။ ပဲတီစိမ်း နဲ့ ပဲစဥ်းငုံနီ ကတော့ စျေးအတက်အကျသိပ်မရှိဘဲ စျေးတန်းငြိမ်နေပါတယ်။   မတ်ပဲ မတ်ပဲက ခုတပတ်မှာ ရန်ကုန် ၊မန္တလေး၊ နယ်စျေးကွက်အားလုံးမှာ အမြင့်ဆုံးစျေးတန်းနဲ့ စံချိန်တင် စျေးတန်းဖြစ်လာပါတယ်။  …

Read More

နေပြည်တော် ကောင်စီနယ်မြေထဲက ထွက်ပြေးသွားတဲ့ အကျဥ်းသား ခုနှစ်ယောက်အနက် လေးယောက် ပြန်ဖမ်းမိ

  အောက်တိုဘာ ၊ ၂၂ ၊ ၂၀၂၃ KT + SP ( Volce Of Myanmar)   ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိ ခရိုင် ၊ တပ်ကုန်းမြို့နယ် ၊ ကင်းသာရွာနားမှာရှိတဲ့ ကင်းသာ ၂ အကျဥ်းသား ကုန်ထုတ်လုပ်ရေး စခန်းက အကျဥ်းသား ခုနှစ်ယောက် ထွက်ပြေးခဲ့ပါတယ် ။ အဲ့ဒီထဲက ထွက်ပြေး အကျဥ်းသား လေးယောက်ကို ပြန်ဖမ်းမိတယ်လို့ မနေ့ အောက်တိုဘာ ၂၁ ရက်နေ့က သိရပါတယ်။   တပ်ကုန်းမြို့နယ် ၊ တောင်ပို့သာနယ်မြေရဲစခန်းထဲက သစ်ဆိမ့်ပင် မြောက်ရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ညနေပိုင်းက ဖမ်းမိတာလို့ သိရပါတယ်။   ” ကုန်ထုတ်…

Read More

ဂါဇာမြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ အစ္စရေးစစ်တပ်ပြော ၊ဒေသခံတွေ တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ ထပ်မံသတိပေး

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM)   အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်တို့ရဲ့ စစ်ဆင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ဂါဇာကမ်းမြှောင်ကို ဝင်ရောက်တော့မယ်လို့ အစ္စရေးစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟာဟယ်လ်ဗီက ပြောပါတယ်။   ဒီအတောအတွင်း အောက်တိုဘာ ၂၁ ရက်ကလည်း ဂါဇာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှု နီးကပ်လာတာနဲ့ အမျှ ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွာလာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်နေပါတယ်။   ကုန်တင်ယာဉ်အစီး ၂၀ ပါဝင်တဲ့ ထောက်ပံ့ရေးယာဉ်တန်းဟာ အီဂျစ်ကနေ ဂါဇာကို ဝင်ရောက်ခဲ့ပြီး ဒီအကူအညီတွေဟာ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂ ပြောပါတယ်။   ဂါဇာကမ်းမြှောင်ဒေသကို မြေပြင်ထိုးစစ်အပါအဝင် ကြီးမားတဲ့စစ်ဆင်ရေးတွေ မကြာခင်စတော့မယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း ထုတ်ဖော်ပြောဆိုထားပြီး ဂါဇာမြောက်ပိုင်းကဒေသခံတွေ တောင်ပိုင်းကို ရွှေ့ပြောင်းကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်။   အစ္စရေးမြောက်ပိုင်းရှိ…

Read More

မူဆယ် ကျင်းစန်းကျော့လမ်းက အမှိုက်ပုံမှာ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းသုံးလောင်းတွေ့ရှိ

  အောက်တိုဘာ ၂၁၊ ၂၀၂၃ Shy V (VOM)   ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ၊ ကျင်းစန်းကျော့ လမ်းက အမှိုက်ပုံမှာ လက်ပြန် ကြိုးတုပ် သတ်ဖြတ်ပြီး ဆာလာအိတ်ထဲထည့် ထားတဲ့ အလောင်း သုံးလောင်းကို အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။   သတ်ဖြတ်ခံထားရတဲ့ အမျိုးသား သုံးယောက်မှာ သားဖြစ်သူက အသက် ၃၀ ဝန်းကျင်ခန့်ရှိကာ ဖခင် ဖြစ်သူက အသက် ၅၀ ခန့် နဲ့ အသက် ၂၀ အရွယ် စာရေးမ တယောက်လည်း ပါကြောင်း သတ်ဖြတ်ခံထားရတဲ့ အသက် ၃၀ အရွယ် အမျိုးသားရဲ့ ဇနီး ဖြစ်သူဆီက သိရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။  …

Read More

VOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ

  -ကြက်မွှေးကနေ စွမ်းအင်ထုတ်လုပ်နိုင်တော့မှာလား -လကမ္ဘာပေါ် အာကာသယာဉ်မှူးစေလွှတ်ဖို့ အိန္ဒိယဘာတွေစီစဉ်နေလဲ -ကမ္ဘာတဝန်း ဂြိုဟ်တုအင်တာနက်ပေးမယ့် အမေဇုန်   မျိုးဆက်(VOM) အောက်တိုဘာ -၂၂-၂၀၂၃   (၁) ကြက်မွှေးကနေ စွမ်းအင်ထုတ်နိုင်မယ့် နည်းလမ်းသစ် ရှာဖွေတွေ့ရှိ   စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်နဲ့ အီတီအိတ်ချ်ဇူးရစ် တက္ကသိုလ်က သုတေသီတွေဟာ ကြက်မွှေးကနေ ဟိုက်ဒရိုဂျင် စွမ်းအင်ထုတ်လုပ်ရေး နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။   ဟိုက်ဒရိုဂျင်စွမ်းအင်ဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အလားအလာရှိတဲ့ စွမ်းအင်အရင်းအမြစ်တမျိုးဖြစ်ပြီး လောင်စာဆဲလ်တွေဖန်တီးပြီး စွမ်းအင်ထုတ်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။   လေ့လာမှုတွေအရ သုတေသီတွေဟာ ကြက်မွှေးကနေ ကီရာတင်ကို ထုတ်ယူပြီး အလွန်သေးငယ်တဲ့ အမျှင်လွှာအဖြစ် ပြုပြင်ပြောင်းလဲကာ လောင်စာဆဲလ်တွေအတွက် စွမ်အင်အရင်းအမြစ်အဖြစ် အသုံးပြုထားတယ်လို ဆိုပါတယ်။   ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ကြက်မွှေးတန်ချိန် သန်း ၄၀ ထိ မီးရှို့ဖျက်ဆီးနေရပြီး…

Read More
VOM News

FREE
VIEW