သတင်းအမှား ဘယ်နှစ်မျိုးရှိသလဲ နဲ့ သတင်းတခုမျှဝေတော့မယ်ဆိုရင် သိထားသင့်သည့် အကြောင်းအရာများ

အောက်တိုဘာ ၂၂-၂၀၂၃

Voice Of Myanmar(VOM)

 

ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာကို လူတွေ အသုံးပြုတာ များပြားလာတာနဲ့အမျှ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေပါတယ်။ ဒီလို သတင်းတု၊ သတင်းမှား၊ သတင်းယောင်တွေ ဘယ်နှစ်မျိုးရှိသလဲဆိုတာကို ဗဟုသုတအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ်။

 

(၁)လှောင်ပြောင်သရော်တဲ့သတင်း

——————————-

တယောက်ယောက်ကို အန္တရာယ်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ရေလိုက်လွဲစေပြီး တဦးတယောက်ကို လှောင်ပြောင်ထားတာပါ။

 

 

(၂)ဦးတည်ချက်မှားအောင် လှည့်စားထားတဲ့သတင်း

——————————-

အချက်အလက်နဲ့ဖြစ်စဉ်တွေကို လိုအပ်တဲ့ပုံစံဖြစ်အောင် ယူဆရေးသားထားပြီး တစုံတယောက်ကို ပြဿနာ ဒါမှမဟုတ် အခက်အခဲဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု ဖြစ်ပါတယ်။

 

(၃)အယောင်ဆောင်သတင်း

——————————-

ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအသွင် ရေးသားထားတာဖြစ်ပါတယ်။

 

(၄)မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ ပုံဖော်ရေးသားထားတဲ့သတင်း

——————————-

အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒါမှမဟုတ် ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေကို လုပ်ကြံဖန်တီးပြီး အချက်အလက်အမှား၊ အယူအဆအမှားတွေနဲ့ ကောက်နုတ်ဖော်ပြထားတဲ့ သတင်းအမှားပုံစံတမျိုး ဖြစ်ပါတယ်။

 

(၅)မှားယွင်းချိတ်ဆက်ထားတဲ့ သတင်းအတု

——————————-

ခေါင်းကြီးသတင်းတွေကို ဖော်ပြထားတဲ့ပုံနဲ့ စာတမ်းထိုးတွေမှာတော့ အမှန်တကယ်ဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ ကိုက်ညီမှုမရှိတဲ့ သတင်းတုတမျိုးကို ဆိုလိုပါတယ်။

 

(၆)လုပ်ဇာတ်ခင်း(သို့)ရာနှုန်းပြည့် မှားယွင်းတဲ့သတင်း

——————————-

အကြောင်းအရာအားလုံး ရာနှုန်းပြည့်မှားယွင်းနေပြီး ဖြစ်စဉ်တွေကလည်း အန္တရာယ်ဖြစ်စေဖို့နဲ့ လှည့်ဖြားဖို့ ရည်ရွယ်တဲ့ သတင်းအတုတမျိုးပါ။

 

(၇)ကြိုးကိုင်ခြယ်လှယ်ထားတဲ့ သတင်း

——————————-

သတင်းရုပ်ပုံအမှန်ကို တနည်းတဖုံပြုပြင်ပြီး သတင်းအမှားအဖြစ် လှည့်စားပြီး ကြိုးကိုင်ခြယ်လှယ်တဲ့ သတင်းအတု အမျိုးအစားဖြစ်ပါတယ်။

(သတင်းတပုဒ်ကို မျှဝေတော့မယ်ဆိုလျှင်)

သတင်းရေးသူကို စိစစ်ပါ။

ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ပါနဲ့။

သတင်းကို အစအဆုံးဖတ်ပါ။

သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ပါ။

အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်များက ရေးထားသည်နှင့် နှိုင်းယှဉ်ကြည့်ပါ။

အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်များ၊ အသံဖိုင်များ၊ ဗီဒီယိုနှင့် အမည်မသိ မသေချာသော ပုံများကို မမျှဝေပါနဲ့။

 

Related posts

Leave a Comment

VOM News

FREE
VIEW