အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံး

 

ဂါဇာစီးတီး၊ အောက်တိုဘာ-၂၄-၂၀၂၃

မျိုးဆက်(VOM)

 

ဂါဇာကမ်းမြှောင်ဒေသိကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း ဟားမတ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ ဟားမတ်စ်အဖွဲ့ တပ်မှူးအများအပြားသေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးဓါးစာခံနှစ်ယောက်ကို ထပ်ပြီးလွှတ်ပေးခဲ့ပေမယ့် တိုက်ခိုက်မှုတွေကို အရှိန်လျှော့မှာ မဟုတ်ဘူးလို့ အစ္စရေးက ထုတ်ဖော်ပြောဆိုထားပါတယ်။

 

ဒီအတောအတွင်းမှာ ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

 

လက်ရှိမှာတော့ ဂါဇာရှိဆေးရုံသုံးပုံတပုံဟာ လျှပ်စစ်မီး၊ ဆေးဝါး၊ ဝန်ထမ်းနဲ့ သောက်သုံးရေမလုံလောက်မှုကြောင့် လုပ်ငန်းတွေရပ်ဆိုင်းနေပါတယ်။

 

အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နဲ့ အခြားအင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးပြီး ၂၂၂ ဦးဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

 

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW