ဝါရှင်တန် ၊ အောက်တိုဘာ-၂၈-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားကို သုံးရက်ကြာ ရှာဖွေပြီးနောက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၄၀ အရွယ် ရောဘတ်ကတ်ဆိူသူဟာ ကိုယ့်ကို ကိုသေနတ်နဲ့ပစ်ခတ်သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ပြည်သူ့ဘေးကင်းရေး မိန်းကော်မရှင်နာ မိုက်ကယ် ဆာ့ ချာ့က ပြေ ပြာတယ်။
ရဲတပ်ဖွဲ့က ဒေသခံတွေကို အိမ်ထဲမှာသာ နေထိုင်ကြဖို့ညွှန်ကြားချက်ကို ရုတ်သိမ်းပြီးနောက် နာရီပိုင်းအကြာမှာ သံသယရှိသူကို သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှု ကြောင့် သေဆုံးသူ တွေထဲမှာ သက်ကြီးအမျိုးသားတ ယောက် တက်သစ်စအားကစားသမားတ ယောက်နဲ့အသက် ၁၄ နှစ်မှ ၇၆ နှစ်ကြား နားမကြားသူလေး ယောက်တို့ ပါဝင်ပါတယ်။
“ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုမှာ သံသယရှိသူကို ရှာဖွေတွေ့ရှိခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီး လစ္စဘွန်းမှာ သေဆုံးသွားခဲ့ပါတယ်” လို့ တာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images