ဦးပိန်တံတား ကျိုးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ

 

မန္တလေး၊ အောက်တိုဘာ – ၂၉-၂၀၂၃

SA(VOM)

မန္တလေးမြို့ ၊ အမပူရမြို့နယ်မှာ ရှိတဲ့ ဦးပိန်တံတား အရှေ့ဘက်ခြမ်းက တံတား အခန်း ၂ ခန်း ကျိုးကျခဲ့ပြီး လူအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အရှေ့ဘက်ခြမ်းကရေတွက်ရင် ပေ ၅၀၀ ခန့်လောက်ပေါ့ တံတားအခန်း ၂ ခန်းပြိုကျသွားပြီးတော့ အောက်မှာ ရေတွေနဲ့ ဗေဒါတွေရှိတယ်၊ အဲ့ထဲကို ကျသွားတဲ့သူတွေကိုတော့ အနီးနားက ဌက်လှေသမားတွေက ကယ်သွားတာ” လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။

ဦးပိန်တံတား တိုင်အမှတ် ၃၃၉၊ ၃၄၀၊ ၃၄၁ တို့ ကျိုးကျခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဥ်ကြောင့် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၈ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တံတားရဲ့ အရှေ့ဘက်ခြမ်းကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

Photo – CJ

 

Related posts

Leave a Comment

VOM News

FREE
VIEW