၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကနေ ဒုသမ္မတဟောင်းမိုက်ပင့်စ် နှုတ်ထွက်

ဝါရှင်တန်၊ အောက်တိုဘာ-၂၉-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန် ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီသမ္မတရွေးကောက်ပွဲဟာ သူ့အတွက် အချိန်မကျသေးဘူးလို့ မိုက်ပင့်စ်ကပြောဆိုထားပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဦးဆောင်တဲ့ ပြိုင်ဆိုင်မှုမှာ မဲဆွယ်မှုတွေကို ပထမဆုံးရပ်ဆိုင်းလိုက်တဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မှုတွေကနေ နှုတ်ထွက်ကြောင်း၊ ဒါပေမယ့်လည်း ကွန်ဆာဗေးတစ်တန်ဖိုးတွေအတွက် တိုက်ပွဲတွေကိုတော့ ဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူးလို့ မိုက်ပင့်စ်က ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ် မိုက်ပင့်စ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့တဲ့ လွှတ်တော်ကို ဝင်ရောက်စီးနှင်းမှုတွေဖြစ်ပွားပြီးနောက် သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ လူသိရှင်ကြားလမ်းခွဲခဲ့သူဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်မှာ ထောက်ခံခဲ့တာကြောင့် ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ဆုံးရှုံးခဲ့ပါတယ်။

ရီပတ်ဘလီကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများမှ နှုတ်ထွက်ဖို့ မစ္စတာပင့်စ်ရဲ့ဆုံးဖြတ်ချက်သည် ဒီဇင်ဘာ ၈ ရက်တွင်ပြုလုပ်မယ့် တတိယအကြိမ်မြောက် သမ္မတစကားစစ်ထိုးပွဲမတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

Ref:BBC

Photo:CBC

 

Related posts

✕
VOM News

FREE
VIEW