နိုဝင်ဘာ ၁၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ် တရုတ်ဘက်ခြမ်း တကြော ဒီရက်ပိုင်းမှာ တရုတ်ဘက်က လုံခြုံရေးတွေ ပိုမို လုပ်လာကြောင်းနယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“တရုတ်ကလေ အခြေအနေမဟန်ရင် ပစ်ဖို့လေ။ တရုတ်ဘက်က အရမ်းဒေါသထွက်နေတယ်။ မြန်မာ ဘက်က ကျာဖြန် (ငွေလိမ်) ဂိုဏ်းတွေ ပုန်းခိုနေတော့။ အခြေအနေမဟန်ရင် ဖုန်တလုံးလုံးနဲ့ ချပစ်ဖို့ အစီအစဉ်ရှိတယ်။ တရုတ်ဘက် ကျည်တွေ ကျော်လာတယ် ပြီးတော့ ဒီရက်ပိုင်း တရုတ်ဘက် နယ်စပ်က ကျောင်း နှစ်ကျောင်း၊ သုံးကျောင်း ကျောင်းတောင်တက်လို့ မရတော့ဘူး။ နားထားတယ်။ ကျောင်းတောင် တက်လို့ မရအောင် ပစ်နေကြတယ်။ မလုပ်နဲ့ လည်း ပြောလို့ မရဘူး။ အရင်တုန်းကလည်း လက်နက်ကြီးတွေ ကျော်လာတယ်။” လို့ တရုတ် နိုင်ငံသား နယ်စပ် ဒေသခံ တဦး က ပြောပါတယ်။
တရုတ်ဘက် သံချပ်ကာ ကားတွေ နယ်စပ်တလျှောက် လုံခြုံရေး လှည့်နေတာ ဖြစ်ကြောင်း သူက ပြောပါတယ်။
“အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီခွဲကျော်ခန့်က လက်နက်ကြီးကျည် ဝမ်တိန်ထဲ ကျလာတယ်။ ကျနော့်အိမ် နောက်တံခါးဘက်ထိသွားတာ။ ဝမ်တိန်မှာ။ မူလတန်းကျောင်းရဲ့ညာဘက်နောက်ကျောမှာ။ အရမ်း အန္တရာယ်များတယ်။” လို့ ဝမ်တိန် ဒေသခံ တဦးက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း စစ်တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားရာကတရုတ်ဘက် ဝမ်တိန်ဘက်ထဲ လက်နက်ကြီးကျည် ၂ လုံး ကျော်လာတာကြောင့် တရုတ်ဘက်က ကြူကုတ် (ပန်ဆိုင်း) ဘက်ထဲ ပြန်ပစ်လာတာ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကလည်း မုံးကိုး ဖောင်းဆိုင် ဒေသဘက် တိုက်ပွဲ ပြင်းထန်ခဲ့ရာက တရုတ်ဘက် လက်နက်ကြီးတွေကျလာတယ်လို့ တရုတ် နယ်စပ် ဒေသခံ အမျိုး သမီး ၁ ဦးက ပြောပါတယ်။
“ကျွန်မတို့ နားမှာပဲ လေယာဉ် ဗုံးလာချတယ်။ တရုတ်ဘက်လည်း လက်နက်ကြီးကျည်တွေ လာကျတယ်။ တိုက်ပွဲ တော်တော် ပြင်းထန်တာ။ တရုတ်ဘက် ကျည်လာကျလို့ တရုတ်ဘက်က ပြောတာတွေရှိပေမယ့် နားမထောင်တော့ မတတ်နိုင်ဘူးလေ။ နယ်စပ်နဲ့ နီးတဲ့ တရုတ်ဘက်က လူတွေ ပဲ ရှောင်ရတော့မှာ။” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့လ ကလည်း လိုင်ဇာနယ်စပ် တလျှောက်မှာလည်း တရုတ်ဘက်က သံချပ်ကာ ကားတွေနဲ့ လှည့်ပတ်ကာ လုံခြုံရေး တိုးမြှင့် စောင့်ကြည့် လာတာမျိုး တွေ့ရတယ်လို့ လိုင်ဇာဒေသခံ တဦးက ပြောပါတယ်။
နယ်စပ်ဒေသခံတွေအနေနဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ကာ ကျည်ကျော် ဝင်လာတာကြောင့် ခုလိုတွေ့ရတယ် ယူဆရတယ် လို့ဆိုပါတယ်။
Crd# နယ်စပ်ဒေသခံ
#voiceofmyanmar #VOM #တရုတ်နယ်စပ်
Telegram Link: https://t.me/VOMNEWS2023/3275