နီပေါအနောက်ပိုင်းမှာ အင်အားပြင်မြေငလျင်လှုပ်ခတ်မှု လူ ၁၀၀ ကျော်သေဆုံး

 

ခတ္တမန္ဒူ ၊ နိုဝင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

နီပေါနိုင်ငံ အနောက်ဝိုင်း ဝေးလံခေါင်သီတဲ့ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

မြေငလျင်ဟာ ခတ္တမန္ဒူမြို့ရဲ့ အနောက်ဘက် မိုင် ၃၁၀ အကွာရှိ ဂျာဂျာကော့နဲ့ အနောက်ရူခမ်ဒေသတို့မှာအဓိက လှုပ်ခတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကယ်ဆယ်ရေးသမားတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားပါတယ်။

နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူအပါအဝင် အိန္ဒိယနိုင်ငံ ဒေလီနဲ့ အခြားမြို့ကြီးတွေမှာလည်း ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် တနာရီအတွင်း နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ပြီး နောက်ထပ်ငလျင်တွေလှုပ်ခတ်နိုင်ခြေကြောင့် ဒေသခံတွေဟာ နေအိမ်ပြင်ပမှာ အိပ်စက်ခဲ့ရပါတယ်။

နီပေါနိုင်ငံဟာ ဟိမဝန္တာတောင်တန်းပေါ်မှာ တည်ရှိပြီး ငလျင်လှုပ်ခတ်မှုဒဏ်ကို မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း နိုင်ငံတွင်းမှာ ငလျင်နှစ်ခုလှုပ်ခတ်မှုကြောင့် လူ ကိုးထောင်ကျော်သေဆုံးပြီး နှစ်သောင်းနှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW