ါဇာကမ်းမြှောင်ဒေသကို အစ္စရေးစစ်တပ်က တောင်နဲ့မြောက်ပိုင်းခြားပြီး ဂါဇာမြို့ကို ဝိုင်းထား၊ ဓါးစာခံတွေ မလွတ်မချင်း အပစ်မရပ်ဘူးလို့ နေတန်ယာဟုပြော

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၇-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသကို တောင်နဲ့မြောက်ပိုင်းခြားလိုက်ပြီး ဂါဇာမြို့ကို ဝိုင်းထားလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၅၀ ကျော်ကို အစ္စရေးစစ်တပ်က ညပိုင်းမှာ စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်းတွေ၊ ကင်းစခန်းတွေအပါအဝင် ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချထားပြီး အစ္စရေးဓါးစာခံတွေ ပြန်မလွတ်မချင်း အပစ်အခတ်ရပ်စဲဖို့ အကြောင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနဲ့တိုက်ပွဲတွေအတွင်း မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်တွေကို အားထားဖွယ်ရှိနေပါတယ်။

လက်ရှိချိန်ထိ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ တသောင်းကျော်ထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အစ္စရေးမှာတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လး ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref:NHK

Photo: AP/ Anadolu

Related posts

Leave a Comment

VOM News

FREE
VIEW