တီဟီရန်၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အကျဉ်းချခံထားရတဲ့ အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂျက်စ် မိုဟာမာဒီဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရပြီးနောက် တလအကြာမှာ အစာအငတ်ခံဆန္ဒပြမှု စတင်နေပြီဖြစ်ကြောင်း သူမရဲ့ မိသားစုကပြောပါတယ်။ အသက် ၅၁ နှစ်အရွယ် မိုဟာမာဒီဟာ သူနဲ့အခြားအကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှု အီရန်အာဏာပိုင်တွေက ပိတ်ပင်ထားတာနဲ့ မဖြစ်မနေ ခေါင်းစည်းပုဝါဝတ်ဆင်ရမယ့် ဥပဒေကို ဆန့်ကျင်မှုအဖြစ် အစာအငတ်ခံဆန္ဒပြနေတာဖြစ်ပါတယ်။ မိုဟာမာဒီဟာ နှလုံးနဲ့အဆုတ်အခြေအနေတွေအတွက် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပေမယ့် အစိုးရရှေ့နေတွေက သူ့ကိုဆေးရုံတက်ကုသခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။ သူမဟာ အကျဉ်းထောင်အတွင်းမှာ ဆံပင်ကို ဖုံးအုပ်ဖို့အတွက် ခေါင်းစည်းပုဝါဝတ်ဆငဖို့ ငြင်းဆန်ခဲ့တာကြောင့် သူ့ကို ဆေးဝါးကုသခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း သူ့ရဲ့မိသားစုက လွန်ခဲ့သည့်သီတင်းပတ်က ပြောပါတယ်။ အမျိုးသမီးအကျဉ်းသားတွေ ဆေးရုံတက်ဖို့အတွက် ဟီဂျပ်ဝတ်ဆင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူမဆန်သလို လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ မစ္စမိုဟာမာဒီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း နော်ေ၀ နိုဘယ်ဆုကော်မတီဥက္ကဌက ထုတ်ဖော်ပြောဆိုပါတယ်။ Ref:BBC…
Read MoreDay: November 7, 2023
တောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးကူးစက်ပျံ့နှံ့မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရ
ဆိုးလ်၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးတွေ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ ကြမ်းပိုး ကူးစက်ပျံ့နှံ့မှုတွေဟာ မြို့တော်ဆိုးလ်၊ ဘူဆန်၊ အင်ချွန်းနဲ့ အခြားမြို့တွေမှာ နိုဝင်ဘာ ၅ ရက်ထိ နေရာ ၁၇ နေရာထက်မနည်းမှာ ဖြစ်ပွားနေကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း ဒေဂူမြို့ရှိ တက္ကသိုလ်တစ်ခုမှာလည်း စက်တင်ဘာအစောပိုင်းကစပြီး ကြမ်းပိုးတွေ ကူးစက်ပျံ့နှံ့လာမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ တောင်ကိုရီးယားပြည်သူအချို့ကတော့ ကြမ်းပိုးရန်ကြောက်လို့ ရုပ်ရှင်ရုံတွေနဲ့ အများသူငှာနေရာတွေကို ရှောင်ရှားလာကြပါတယ်။ အခုလိုမဖြစ်ပွားမီ ၁၉၆၀ ခုနှစ်တွေအတွင်း တနိုင်ငံလုံး ကြမ်းပိုးသုတ်သင်ရှင်းလင်းမှုအပြီး တောင်ကိုရီးယားမှာ ကြမ်းပိုးတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်၍ အာဏာပိုင်တွေဟာ ကြမ်းပိုးတုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီး ဝမ်သန်း ၅၀၀ ရန်ပုံတွေနဲ့အတူ နှိမ်နှင်းဖို့ လုပ်ဆောင်နေကြပါတယ်။ တောင်ကိုရီးယားမတိုင်ခင်က…
Read Moreါဇာကမ်းမြှောင်ဒေသကို အစ္စရေးစစ်တပ်က တောင်နဲ့မြောက်ပိုင်းခြားပြီး ဂါဇာမြို့ကို ဝိုင်းထား၊ ဓါးစာခံတွေ မလွတ်မချင်း အပစ်မရပ်ဘူးလို့ နေတန်ယာဟုပြော
ဂါဇာစီးတီး၊ နိုဝင်ဘာ-၇-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသကို တောင်နဲ့မြောက်ပိုင်းခြားလိုက်ပြီး ဂါဇာမြို့ကို ဝိုင်းထားလိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၅၀ ကျော်ကို အစ္စရေးစစ်တပ်က ညပိုင်းမှာ စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်းတွေ၊ ကင်းစခန်းတွေအပါအဝင် ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပယ်ချထားပြီး အစ္စရေးဓါးစာခံတွေ ပြန်မလွတ်မချင်း အပစ်အခတ်ရပ်စဲဖို့ အကြောင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးနဲ့တိုက်ပွဲတွေအတွင်း မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်တွေကို အားထားဖွယ်ရှိနေပါတယ်။ လက်ရှိချိန်ထိ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသူ တသောင်းကျော်ထိ မြင့်တက်လာကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အစ္စရေးမှာတော့ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လး ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref:NHK Photo: AP/ Anadolu
Read MoreThis Day in History
Voice of Myanamr အမေရိကန်အာကာသအေဂျင်စီ(နာဆာ) သည် အင်္ဂါဂြိုဟ်ကို ရေရှည်လေ့လာရန် ဒီဇိုင်းထုတ်လွှတ်တင်ထားသည့် Mars Global Surveyor စက်ရုပ်အာကာသယာဉ်နှင့် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။
Read Moreကောလင်းကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက သိမ်းလိုက်တယ်ဆိုတဲ့နောက် အနီးဝန်းကျင်က မြို့နယ်တွေရဲ့အခြေအနေ
နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ သုံးရက် ၊ သုံးည တိတိအချိန်ကြာ တိုက်ခိုက်မှုတွေပြင်းထန်ပြီးနောက် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ကောလင်းခရိုင်ထဲက မြို့နယ်တွေအပြင် အနီးနားက မြို့နယ်တွေမှာ ဘာတွေဆက်ပြီးဖြစ်နေလဲဆိုတာ သိရဖို့ ဒေသခံတွေဆီကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ ကောလင်းမြို့အခြေအနေ ” ကောလင်းမြို့ဆိုတာ တချိန်က ကသာခရိုင်ထဲက မြို့နယ်တခုဖြစ်တယ် ၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ခရိုင်အဆင့်မြို့အဖြစ် စတင်သတ်မှတ်တယ် ၊ ခရိုင်အဆင့် မြို့အဖြစ် အသက်ဝင်တာ NLD အစိုးရလက်ထက်မှာဖြစ်တယ် ၊ နောက်ပြီး…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၇ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၅ ကျပ် ဝယ်ဈေး – ၂၃၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၄၉၆ ကျပ် ဝယ်ဈေး – ၃၄၄၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၃၂ ကျပ် ဝယ်ဈေး – ၉၀.၁၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး – ၄၃၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၇ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreချင်းတွင်းမြစ်ကူးတဲ့ ဆင်ဖြူရှင်တံတားဂိတ်မှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက် သေဆုံးတာတွေရှိ
နိုဝင်ဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ရဲ့ အနောက်ဘက် မကွေးတိုင်းဘက်မှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းကို မနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်တာကိုခံရပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်တယ် ၊ ရဲ တပ်ကြပ် ဌေးမောင်းနဲ့ ရဲတပ်သား တယောက်သေတယ် ၊ လေးဦး ဒဏ်ရာရတယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့ဘက်ကလည်း တယောက်သေတယ် ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်…
Read More