ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို ခန့်အပ်

 

လန်ဒန်၊ နိုဝင်ဘာ-၁၄-၂၀၂၃

မျိုးဆက်(VOM)

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ရဲ့ အစိုးရအပြောင်းအလဲမှာ ဒေးဗစ်ကင်မရွန်းဟာ မမျှော်လင့်ဘဲ ပါဝင်လာတာဖြစ်ပြီး လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီဟာ ရာထူးကနေဖယ်ရှားခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဆွယ်လာဘရော့ဗာမန်းနေရာမှာ အစားထိုးတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဟာ ဗြိတိန်မှာပြုလုပ်တဲ့ ပါလက်စတိုင်းဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခံရပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ၁၁ နှစ်နဲ့ ဝန်ကြီးချုပ်အဖြစ် ခြောက်နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းတယောက်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တကျော့ပြန်နိုင်ငံရေးလောကထဲ ဝင်ရောက်လာရတာဟာ ပုံမှန်မဟုတ်ကြောင်း၊ ဒါပေမယ့် အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းအရေးတို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ သူ့ရဲ့အတွေ့အကြုံတွေက ဗြိတိန်အစိုးရအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေးဗစ်ကင်မရွန်းကပြောပါတယ်။

ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ ခက်ခဲတဲ့အချိန် ခက်ခဲတဲ့ အလုပ်ကိုလုပ်ကိုင်နေရတဲ့ ဝန်ကြီးချုပ်ကောင်းတယောက်လို့ ယုံကြည်တာကြောင့် အစိုးရအဖွဲ့မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဒေးဗစ်ကင်မရွန်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC

Photo:No.10 Downing Street

Related posts

Leave a Comment

VOM News

FREE
VIEW