တွန်းကန်အားမြင့် ဒုံးကျည်အင်ဂျင်သစ် မြေပြင်စမ်းသပ်မှုအောင်မြင်ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

 

ပြုံးယမ်း၊ နိုဝင်ဘာ ၁၅-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တာလတ်ပစ်ဒုံးပျံသစ်အတွက် အသစ်တီထွင်ထားတဲ့ တွန်းကန်အားမြင့်ဒုံးကျည်အင်ဂျင် ပထမဆုံးမြေပြင်စမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုဟာ အဲဒီဒုံးပျံအင်ဂျင် ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်တို့တွင် စမ်းသပ်ခဲ့တာဖြစ်ဖြစ်ကြောင်း အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ဆိုးရွားပြီး မတည်ငြိမ်တဲ့ လုံခြုံရေးဝန်းကျင်နဲ့ ရန်သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို ပိုမိုမြင့်တင်ထားကြောင်း ဒုံးကျည်ဗျူရိုက အလေးပေးပြောဆိုပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေ တည်ထွင်ထုတ်လုပ်ရေးဟာ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လောင်စာခဲသုံး ဒုံးကျည်တွေဟာ အရည်လောင်စာသုံးဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။

မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာဝေးပစ်ဒုံးကျည်နဲ့ တာတိုးပစ်ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တီထွင်နေပါတယ်။ အရည်လောင်စာသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တွေကိုလည်း စမ်းသပ်ပစ်လွှတ်မှု အများအပြားလုပ်ခဲ့ပြီး ဒုံးကျည်အချို့ဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။

Ref:NHK

Photo:Yonhap

 

Related posts

Leave a Comment

VOM News

FREE
VIEW