ဗီယက်နမ်မှာ ရေဘေးကြောင့် လူ ၂၀၀၀ ကျော်ပျောက်ဆုံး၊ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့ တမြို့လုံးရေလွှမ်း

 

ဟနွိုင်း၊ နိုဝင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

ဗီယက်နမ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်တဲ့ လျူမြို့ဟာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေးကားလမ်းမကြီးတွေကိုလည်း ပိတ်ထားရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

အင်္ဂါနေ့ညကတည်းက ရေတွေအရမ်းတက်လာပြီး မြို့ရဲ့နေရာတိုင်းမှာ ရေကြီးနေပြီး လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တနင်္လာနေ့ကစပြီး ကမ်းရိုးတန်းတလျှောက်က ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။

ခေါင်ထရီပြည်နယ်မှာတော့ လူ ၂၀၀၀ ကျော်ပျောက်ဆုံးနေပြီး ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၅ ရက်မှာ အမိန့်ထုတ်ထားပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဗီယက်နမ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ တစိတ်တစ်ပိုင်းလည်း ပိတ်ထားရပါတယ်။ ဗီယက်နမ်နိုင်ငံမ ဇွန်လမှ နိုဝင်ဘာလအတွင်း မိုးရာသီကာလမှာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

Ref:CNA

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW