အေပက် ထိပ်သီးအစည်းအဝေးတက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင် အမေရိကန်ရောက်ရှိ

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

တရုတ်သမ္မတရှီကျင်းပင်ဟာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

သူဟာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်မယ့် အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း သီးခြား ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့မှာတော့ သမ္မတဂျိုးဘိုင်ဒင်လည်း ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေစဉ် အခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။

တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်မှာ ဆန်ဖရန်စစ္စကိုမှာပဲတွေ့ဆုံဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။

“ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ကျဉ်ဖယ်ဖို့ မကြိုးစားဘဲ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်အောင် ပြောင်းလဲဖို့ ကြိုးပမ်းနေတယ်” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဝါရှင်တန်ကနေ ဆန်ဖရန်စစ္စကိုမသွားမီ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW