ပေါက်တောမြို့ကို အေအေ ထိန်းချုပ်ပြီလို့ သတင်းထွက်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ – ၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ပေါက်တောမြို့ဒေသခံတွေဆီကသိရပါတယ်။ AA က ပေါက်တောမြို့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ကာ ထိန်းချုပ်လိုက်တာဖြစ်ပြီး ပေါက်တောရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးရမိခဲ့တာရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက် ဒီနေ့နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က ပေါက်တောမြို့ပေါ်ကို လေယာဥ်နဲ့ ဗုံးလာကျဲတာတွေရှိသလို ရေကြောင်းကနေ စစ်သင်္ဘောတွေလည်းရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ ” ဟုတ်တယ် အခု AA က ပေါက်တောရဲစခန်းကိုလည်းထိန်းချုပ်လိုက်ပြီ မြို့ကိုလည်းထိန်းချုပ်လိုက်ပြီ၊မနက်က လေယာဥ်နဲ့ ဗုံးလာကျဲတယ် ​ပြီးတော့ ထပ်မလာဘူး။ခနပဲလာပြီးပစ်သွားတယ်။ပေါက်တောရဲစခန်းကတော့ ညထဲက သူတို့ကိုလက်နက်ချခိုင်းတာကို အကြီးပိုင်းနှစ်ယောက်က လက်နက်မချဘူးဆိုလို့ ကြာနေရင်းက AA က ဝင်သိမ်းလိုက်တာ ၊ မနက်ကလေယာဥ်လာပစ်တာရယ်၊စစ်ရေယာဥ်တွေလာနေလို့ ဒေသခံတွေအကုန်ရှောင်နေကြပြီ၊…

Read More

လားရှိုးတက္ကသိုလ်မှာ ဖြေဆိုနေဆဲ အဝေးသင်စာမေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊ လားရှိုးတက္ကသိုလ်မှာ တက်ရောက် ဖြေဆိုနေတဲ့ အဝေးသင် စာမေးပွဲကို ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က ဒီကနေ့ နိုဝ်ဘာ ၁၆ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ” စာမေးပွဲ ဖြေဆိုနေဆဲ ရက်ကို အကန့်အသတ် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ် ၊ အခုဖြေဆိုနေတာက ၂၀၂၃ အဝေးသင်ပညာသင်နှစ် တတိယသုတ် မြန်မာစာနဲ့ သမိုင်း ဘာသာ အထူးပြုက ကျောင်းသားတွေဖြစ်တယ် ” လို့ လားရှိုး တက္ကသိုလ် စီမံ / ဘဏ္ဍ ဌာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် လားရှိုးတက္ကသိုလ် ကျောင်းသား…

Read More

ပုလဲမြို့ပေါ်က ထွေ / အုပ်ရုံးနဲ့ မြို့မရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့ ၊ မြို့လယ်ပိုင်မှာရှိတဲ့ မြို့နယ် ထွေ / အုပ်ရုံးနဲ့ မြို့မရဲစခန်းကို မနေ့ နိုဝင်ဘာ ၁၅ ရက်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လာရောက်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့ခံတွေဆီက သိရပါတယ်။ ” ထွေ / အုပ်ရုံးက မြို့ရဲ့ အလယ်ပိုင်းမှာ ရှိတယ် ၊ မြို့မရဲစခန်းက မြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတယ် ၊ အဲ့ဒီ နှစ်နေရာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တပြိုင်တည်း လာရောက်တိုက်ခိုက်တာဖြစ်တယ် ၊ နှစ်ဘက် အပြန်အလှန်ပစ်ကြတာမို့ ထိခိုက် သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့…

Read More

ါဇာစစ်ပွဲအတွင်း သတင်းမီဒီယာသမား ၄၂ ယောက်သေဆုံး ၊ ၁၃ ယောက်အဖမ်းခံထားရ

  နယူးယောက်၊ နိုဝင်ဘာ-၁၆-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲအတွင်းသတင်းသမားနဲ့ မီဒီယာလုပ်သား ၄၂ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်းနယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခစတင်ခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အတွင်းသေဆုံးသူတွေဖြစ်ကြကြောင်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်တီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၄၂ ဦးမှာ ၃၇ ဦးက ပါလက်စတိုင်းတွေ ဖြစ်ကြပြီးအစ္စရေးလေးဦးနဲ့ လက်ဘနွန်နိုင်ငံသားတယောက်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ပွဲအတွင်း သတင်းသမားကိုးယောက် ဒဏ်ရာရရှိခဲ့ပြီး သုံးယောက်ပျောက်ဆုံးနေကာ ၁၃ ယောက်ဖမ်းဆီးခံထားရကြောင်းသိရပါတယ်။ အခြားသတင်းထောက်တွေအသတ်ခံရခြင်းသို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ကိုလည်းကော်မတီအနေနဲ့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာတာ့ လူတသောင်းကျော်ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။ Ref:BBC Photo:Reuters/Getty Images

Read More

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ပြည်မြို့ နဝဒေးတံတား ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်

  ပြည်၊နိုဝင်ဘာ ၁၆ -၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ပြည်မြို့က နဝဒေးတံတားနဲ့ ပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ကာ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ည ၈ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်အတွင်း ဧရာဝတီမြစ် နဝဒေးတံတားနဲ့ တောင်ဘက်နဲ့မြောက်ဘက် ရဲ့ ကိုက် ၅၀၀ စီအကွာအဝေးအတွင်း စက်လှေများ၊ လက်လှော်လှေများဖြတ်သန်းသွားလာခြင်း၊ငါးဖမ်းခြင်း၊ တံတားအောက်ခြေတိုင်အနီးရပ်တန့်နားနေခြင်း၊ကျောက်ချရပ်နားခြင်းတွေ ပြုလုပ်ခွင့်မရှိသလို နဝဒေးတံတား ပေါ်ဖြတ်သန်းသွားလာခြင်းကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။ ” ၁၄၄ ထုတ်လိုက်ကြောင်း လိုက်အော်တာရှိတယ်။ သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်းအဲ့ဘက်ကို မသွားဖို့ပေါ့ ၊အခုရခိုင်တိုက်ပွဲစပြီးမှ ခုလိုအမိန့်ထုတ်လိုက်တာပါ ၊ နဝဒေးတံတားက ရခိုင်ကိုသွားတဲ့ ဆက်သွယ်ရေးတံတားဆိုတော့ ဖောက်ခွဲမှာစိုးလို့ ခုလိုလုပ်တဲ့သဘောပေါ့ ” လို့ ပြည်မြို့ဒေသခံတယောက်ကပြောပါတယ်။ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ ခုလို…

Read More

တိုက်ပွဲတွေကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထား

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် နယ်စပ်က ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နန့်စီးအောင် အဖွဲ့စုံ ပူပေါင်းစစ်ဆေးဂိတ်စခန်းကို ဒီကနေ့ မနက်ပိုင်းကစလို့ ကချင်ပြည်နယ်ထဲက ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တွေက နယ်နှစ်ဘက် ညှပ်ပြီးတိုက်ခိုက်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီဝန်းကျင်က စပြီးတိုက်နေတာဖြစ်တယ်လို့ သိရတယ် ၊ လေကြောင်းတိုက်ခိုက်တာတွေလည်းဖြစ်တယ် ၊ တိုက်ပွဲက အရှိန်ပြင်းတယ် ၊ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲကြောင့် ကချင်ပြည်နယ်ဘက် တက်မယ့် ကားတွေက အင်းတော်နဲ့ နဘားကြားမှာ ခိုလှုံနေကြတယ်…

Read More

နိုဝင်ဘာ ၁၂ ရက်နေ့က ပျက်စီးသွားခဲ့တဲ့ ကျောက်မဲနဲ့ သီပေါကြားရှိ ကျင်သီတံတားကျိုးကို ဆေးကုလူနာများ၊ မွေးလူနာများ ခက်ခက်ခဲခဲ ဖြတ်သန်းပြီး ဆေးကုသမှုခံယူရန် သွားလာနေရသည့်မြင်ကွင်း။

နိုဝင်ဘာ ၁၂ ရက်နေ့က ပျက်စီးသွားခဲ့တဲ့ ကျောက်မဲနဲ့ သီပေါကြားရှိ ကျင်သီတံတားကျိုးကို ဆေးကုလူနာများ၊ မွေးလူနာများ ခက်ခက်ခဲခဲ ဖြတ်သန်းပြီး ဆေးကုသမှုခံယူရန် သွားလာနေရသည့်မြင်ကွင်း။ Photos ဒေသခံ

Read More

ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

  နိုဝင်ဘာ ၁၆၊ ၁၀၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ အနီး စစ်တပ်နဲ့ MNDAA ဆက်လက် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒီမနက် ပန်ဆိုင်းဘက် တော်တော် ပြင်းထန်နေတယ်။ အသံက နည်းနည်း နှောနှော မဟုတ်ဘူး။ ဝမ်တိန်ကနေ တောင်ကြားရတယ်။ ဝုန်းကနဲ ဆို လေယာဉ်ဗုံး လို့တောင် ထင်တယ်။ ကျွန်မ ကလေး ကျောင်းသွားပို့ တုန်းက မိုးတောင် သိပ်မလင်းသေးဘူး အသံတွေကြားနေရတယ်။” လို့ တရုတ်ဘက်က နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။ “ဟို တရုတ်ဘက်ခြမ်းထဲ လက်နက်ကြီး ကျတယ်။ တရုတ်ဘက် ဝမ်တိန်။ ပန်ဆိုင်း နဲ့ နယ်စပ်မှာ။ မီးခိုး အခုထိ…

Read More

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မကြားသေးမီရက်ပိုင်းအတွင်း ထိခိုက်သေးဆုံးတဲ့ ကလေးသူငယ် ၂၀ ကျော်ထိ ရှိလာ

  နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP ( VOM) ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်တပ်နဲ့ ဒေသတွင်း လက်နက် ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်အသုံးပြုတာကြောင့် အရပ်သား ကလေးသူငယ်တွေ ထိမှန်သေဆုံးရတယ်လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် ၊ ဇီးဖြူရွာမှာ မိသားစုလေးယောက်နေထိုင်တဲ့ အိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ တစ်နှစ်အရွယ် ကလေးတယောက်နဲ့ ၁၂ နှစ်အရွယ် ကလေးတယောက် ထိမှန်သေဆုံးတယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၉၀ ကျပ် ဝယ်ဈေး – ၃၄၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၁၀ ကျပ် ဝယ်ဈေး – ၂၄၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၉၈ ကျပ် ဝယ်ဈေး – ၃၆၁၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၆.၁၅ ကျပ် ဝယ်ဈေး – ၉၃.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More
VOM News

FREE
VIEW