မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ဒုံးကျည်နေ့ ကျရောက်

 

ပြုံးယမ်း၊ နိုဝင်ဘာ-၁၈-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ယခုလအစောပိုင်းမှာ နိုင်ငံအဆင့်အားလပ်ရက်အဖြစ် သတ်မှတ်လိုက်တဲ့ ဒုံးကျည်နေ့ကို ဒီနေ့ နိုဝင်ဘာ ၁၈ ရက်ကျရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီလိုနေ့မှာ မြောက်ကိုရီးယားရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေက အနီးကပ်စောင့်ကြည့်နေပါတယ်။ နိုဝင်ဘာ ၁၈ ရက်ဟာ ပြီးခဲ့တဲ့နှစ်က တိုက်ချင်းပစ်ဒုံးကျည်သစ် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တဲ့နေ့ဖြစ်ပြီး ဒုံးကျည်နေ့အဖြစ် အာဏာပိုင်တွေက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အသစ်ထုတ်လုပ်အောင်မြင်ခဲ့တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ပစ်ခတ်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ လက်ရှိမှာတော့ အရည်လောင်စာဆုံးဒုံးကျည်တွေထက် ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်တဲ့ လောစာခဲသုံး ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း လောင်စာခဲအသုံးပြုထားတဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်သစ်အတွက် ဒုံးပျံအင်ဂျင် မြေပြင်စမ်းသပ်မှုကို အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုတွေကိုစံချိန်တင်ပြုလုပ်ခဲ့ပြီး ဒါဟာ ကုလသဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဝေဖန်ပြောဆိုထားပါတယ်။

Ref:NHK

Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW