ဂါဇာရှိ ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၈၀ ကျော်သေဆုံး ၊ အယ်လ်ရှီဖာဆေးရုံကလူတွေ ဘေးလွတ်ရာကို ခြေလျင်တိမ်းရှောင်နေ

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၉-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာမြောက်ပိုင်းရှိ ဒုက္ခသည်တွေခိုလှုံနေတဲ့ စာသင်ကျောင်းတကျောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၈၀ ထက်မနည်းသေဆုံးသွားကြောင်း ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။

ကုလသမဂ္ဂအေဂျင်စီတခုက လည်ပတ်နေတဲ့ ဂျာဘာလီယာရှိ စာသင်ကျောင်းဟာ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းတွေအတွက် ခိုင်လှုံစရာနေရာအဖြစ် အသုံးပြုနေတာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။

တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခြင်းမရှိပေမယ့် ဂျာဘာလီယာဒေသမှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဟားမတ်စ်တွေရဲ့ အမာခံနေရာတခုဟာ ဂျာဘာလီယာမာရှိနေပြီး အရပ်ဘက်နဲ့အတူ ရောနှောလှုပ်ရှားနေတဲ့ ဟားမတ်စ်တွေကိုလည်း သုတ်သင်ခဲ့တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း အယ်လ်ရှီဖာဆေးရုံက လူတွေကို ရွှေ့ပြောင်းခိုင်းခဲ့တဲ့အပေါ် အစ္စရေးစစ်တပ်ကို ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ဝေဖန်ပြောဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီဆေးရုံက လူနာတွေအပါအဝင် ခှိုလုံနေသူတွေဟာ ခြေလျင်လမ်းလျှောက်ပြီး ဆေးရုံကနေထွက်ခွာနေကြပါတယ်။ ရာနဲ့ချီတဲ့ လူနာတွေဟာ အသက်အန္တရာယ်ရှိနေပြီး အစ္စရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆေးရုံရှိလူတိုင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချထားပြီး ဒါဟာ ဆေးရုံကညွှန်ကြားလို့ လူနာတွေဘေးလွတ်ရာ တိမ်းရှောင်ကြတာဖြစ်ပြီး ရွှေ့ပြောင်းသူတွေကိုလည်း ကူညီပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK

Photo:AP/ TheNewArab

 

Related posts

Leave a Comment

VOM News

FREE
VIEW