ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတစင်းကို သိမ်းပိုက်လိုက်ကြောင်း ဟူသီအဖွဲ့ထုတ်ပြန်

 

ဆာနား၊ နိုဝင်ဘာ-၂၀-၂၀၂၃

မျိုးဆက်(VOM)

ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတစင်းကို သိမ်းပိုက်လိုက်ကြောင်း သူပုန်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အခုလိုသိမ်းပိုက်ပြီးနောက် ကုန်တင်သင်္ဘောကို ယီမင်ရှိ ဆိပ်ကမ်းတခုဆီကို ယူဆောင်သွားခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။ ဒါဟာ အီရန်အကြမ်းဖက်ဝါဒရဲ့ နောက်ထပ်လုပ်ရပ်တခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဆိုပါတယ်။

အဲဒီသင်္ဘောဟာ အစ္စရေးသင်္ဘောမဟုတ်ကြောင်း၊ သင်္ဘောအမှုထမ်းတွေထဲမှာ အစ္စရေးတယောက်မှ မပါဝင်ဘူးလို့ အစ္စရေးက ပြောဆိုထားပေမယ့် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ပိုင်ရှင်ဟာ အစ္စရေးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးပါဘူး။ အစ္စရေးနဲ့ ဟားမတ်စ်တို့ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ပွဲဖြစ်နေချိန်မှာ အစ္စရေးသင်္ဘောတွေကို ပြန်ပေးဆွဲမယ်လို့ ဟူသီသူပုန်အဖွဲ့က ခြိမ်းခြောက်ထားပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူတသောင်းကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW