မြန်မာ့အရေးဖြေရှင်းရေး အာဆီယံအတွက် အလွန်ခက်တဲ့ပြသနာလို့ ဖိလစ်ပိုင်သမ္မတပြော

 

မနီလာ၊ နိုဝင်ဘာ-၂၀-၂၀၂၃

မျိုးဆက်(VOM)

စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အာဆီယံအဖွဲ့ ဖြေရှင်းဖို့ခက်ခဲ့တဲ့ကိစ္စဖြစ်ပြီး တိုးတက်မှုအနည်းသာရှိခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့မှာ ကတိကဝတ်တွေရှိနေပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုတွေအပါအဝင် ပြသနာတွေဟာ ရှုပ်ထွေးနေကြောင်း ဖိလစ်ပိုင်သမ္မတက ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

“ အာဆီယံအတွက် ဒီပြသနာတွေကို ဖြေရှင်းဖို့ တွန်းအားအများကြီးရှိပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်ခက်ခဲ့တဲ့ ပြသနာတခုဖြစ်ပါတယ်” လို့ ဖာဒီနန်မားကို့စ်ဂျူနီယာကပြောပါတယ်။

ဖိလစ်ပိုင်ဟာ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို အစားထိုးပြီး ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။

မြန်မာနဲ့အာဆီယံအဖွဲ့အကြား ရရှိထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အဝအကောင်အထည်မဖော်မချင်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာခေါင်းဆောင်တွေတက်ရောက်ခွင့် ကန့်သတ်ခံထားရပါတယ်။

Ref:CNA

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW