ဝါရှင်တန်၊ နိုဝင်ဘာ-၂၁-၂၀၂၃
မျိုးးဆက်(VOM)
ဟာမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေး ဓါးစာခံတွေလွတ်မြောက်ရေး သဘောတူညီချက် ရရှိဖို့ ယခင်ကထက် ပိုမိုနီးစပ်လာတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒီသဘောတူညီချက်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လုပ်စရာရှိတာတွေ ရှိနေတုန်းပါပဲ” လို့အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။
ဟားမတ်စ်တို့နဲ့ သဘောတူညီချက်တရပ်ရဖို့ နီးလာပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း သီးခြားအခမ်းအနားတခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဥက္ကဌဟာ ဓါးစာခံတွေလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ဟားမတ်စ်တို့ရဲ့ နိုင်ငံရေးရုံးအခြေစိုက်ရာ ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်ရရှိရေးအတွက် လက်တွေ့ကျတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးတွေသာကျန်ရှိတော့ကြောင်း ကာတာဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးခဲ့ပြီး ခန့်မှန်းခြေ လူ ၂၄၀ ပြန်ပေးဆွဲခံခဲ့ရသည်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ဂါဇာတွင် လူပေါင်း ၁၃၀၀၀ ကျော်သေဆုံးခဲ့သည်။
Ref:BBC
Photo:AP
#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #ဂါဇာ