အီတလီ မာဖီးယား၂၀၀ ကျော် ထောင်ဒဏ်နှစ် ၂၂၀၀ ချမှတ်ခံရ

 

ရောမ၊ နိုဝင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

အီတလီနိုင်ငံရှိ အကြီးဆုံးမာဖီးယားဂိုဏ်းနဲ့ ဆက်နွယ်နေသူ ၂၀၀ ကျော်ကို စုစုပေါင်းထောင်ဒဏ်နှစ် ၂၂၀၀ ချမှတ်လိုက်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ဟာ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ လူသတ်မှုတွေကနေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွထိ ကျူးလွန်နေတဲ့ အင်ဒရန်ဂီတာမာဖီးယားဂိုဏ်းနဲ့ ဆက်နွယ်နေသူတွေလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း အီတလီဒေသ ၁၁ ခုမှာ စတင်ခဲ့တဲ့ ကျယ်ပြန့်တဲ့စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ တရားခံအများစုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အီတလီအထက်လွှတ်တော်အမတ်ဟောင်းတယောက်လည်းပါဝင်တဲ့ သံသယရှိသူတွေကို တရားရုံးမှာ သုံးနှစ်ကြာရုံးတင်စစ်ဆေးပြီးနောက် စီရင်ချက်ချခဲ့တာဖြစ်ပြီး တရားခံတွေဟာ အယူခံဝင်ခွင့်ရှိနေဆဲဖြစ်ပါတယ်။

အင်ဒရန်ဂီတာဂိုဏ်းဟာ ဥရောပမှာ သြဇာအရှိဆုံး မာဖီးယားဂိုဏ်းတခုဖြစ်ပါတယ်။ ဒေသတွင်းအရာရှိတွေ၊ စီးပွားရေးသမားတွေ ၊နိုင်ငံရေးသမားတွေ အပါအဝင် ရာဇဝတ်ဂိုဏ်းနဲ့ဆက်နွယ်သူတွေကို ပြစ်ဒဏ်ချမှတ်မှုဟာ အီတလီမူမှုအဖွဲ့အစည်းတွေအပေါ် ရာဇဝတ်ဂိုဏ်းတွေရဲ့ သြဇာသက်ရောက်မှုကို ပြသနေကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။

Ref:BBC

Photo:Sydney morning Herald

Related posts

Leave a Comment

VOM News

FREE
VIEW