နစက ဆီမှာ အလင်းဝင်လာတဲ့ လူနှစ်ယောက်က ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ သုံးယောက်ကို သတ်ဖြတ်ပြီး တောထဲကိုပြန်ဝင်သွား

 

 

နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃

SP ( VOM)

 

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

 

” အသတ်ခံရတဲ့ ပြည်သူ့စစ်သုံးယောက်က တမူး ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ် ၊ နောက်ပြီး လက်ရှိပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ဦးမြင့်အောင် နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကျော်ဖြိုးဝေ နဲ့ ကိုမိုးဇော်ထွန်း ဆိုသူအသတ်ခံလိုက်ရတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

 

ပြည်သူ့စစ် ၃ ယောက်ကိုသတ်ပြီး တောထဲကိုပြန်ဝင်သွားတယ်ဆိုတဲ့ ၂ယောက်ဟာ အရင်က ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကနေအလင်းဝင်လာပြီး ပြည်သူ့စစ်အဖွဲ့မှာ လအတန်ကြာ တာဝန်ပေးခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တမူးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” အရင်က စစ်တပ်ဆီ အလင်းဝင်လာခဲ့တဲ့ လူနှစ်ယောက်က နောက်ပိုင်းမှာ ပြည်သူ့စစ် တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်လုပ်ကိုင်တယ် ၊ အဲ့ဒီလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်ပြီးနောက် မနေ့ နိုဝင်ဘာ ၂၁ရက် နေ့လယ်ပိုင်းက ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်အပါအဝင် ပြည်သူ့စစ် သုံးယောက်ကို အဲ့ဒီ အလင်းဝင်လာခဲ့တဲ့ နှစ်ယောက်က သတ်သွားတာဖြစ်တယ် ၊ နောက်ပြီး အဲ့ဒီ နှစ်ယောက်က တောထဲပြန်ဝင်သွားတယ် ” လို့ ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ လေးရက်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ခါမ်းပါတ်မြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်တယ်လို့သိရပါတယ်။

 

” ခါမ်းပါတ်မြို့နယ်ခွဲဆိုတာ ၊ ကလေး – တမူးကားလမ်းပေါ်မှာတည်ရှိတယ် ၊ အဲ့ဒီကားလမ်းရဲ့ တဝက်ချိုး အလယ်လောက်မှာ ရှိတာဖြစ်တယ် ၊ ရဲစခန်း ၊ တပ်ကုန်းစခန်း ၊ ထွေ/ အုပ်ရုံး ၊ သစ်တောရုံး ၊ မူးယစ်ရုံး ၊ လူ / ကုန်တားရုံး စတာတွေရှိတယ် ၊ အဲ့ဒီရုံးတွေက ​နိုဝင်ဘာ၃ ရက်ကစလို့ စစ်တပ်ကုန်းမှာ စုပေါင်း နေထိုင်ကြတယ် ၊ သူတို့ရဲ့ မိခင်ရုံးဌာနတွေကို ဆုတ်ခွာပြီး ရုံးလုပ်ငန်းတွေ မလုပ်တော့ဘူး ၊ အဲ့ဒါကြောင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက စစ်တပ်ကုန်းကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်တယ် ၊ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်ကုန်းမှာ လူတွေမရှိတော့ဘူး ၊ ဘယ်ကို ထွက်ပြေးလည်းဆိုတာ အခုထိ မသိရဘူး ၊ အဲ့ဒီ အချိန်မှာ ခါမ်းပါတ်မြို့ကို ထိန်းချုပ်ခံလိုက်ရတာဖြစ်တယ် ” လို့ ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

 

ခါမ်းပါတ်မြို့နယ်ခွဲ တိုက်ခိုက် ထိန်းချုပ်ခံရပြီးနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက တမူးမြို့နယ် ၊ ပန်းသာ ( ပြည်သူ့စစ်) ကျေးရွာကို အလုံးအရင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး နှစ်ရက်ကြာ တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းပစ်ကူရယူပြီး နယ်မြေရှင်းလင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ၂၀၂၁ နောက်ပိုင်းကစလို့ ဒေသအလိုက် ပြည်သူ့စစ်တပ်ရင်း တပ်ဖွဲ့တွေ တည်ထောင်ခဲ့ပြီးနောက် အခုလို ပြည်သူ့စစ် အချင်းချင်း သတ်ဖြတ်ခံရတဲ့ တမူးဖြစ်စဥ်ဟာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။

 

#voiceofMyanmar #vom #တမူးမြို့နယ်  #ပြည်သူ့စစ်သတ်ခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW