တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ရေပိုင်နက်ထဲ တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိနေ

  မနီလာ၊ ဒီဇင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် အနီးရေပြင်ကို တရုတ်သင်္ဘော ၁၃၀ ကျော် စုဝေးရောက်ရှိခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက နိုဝင်ဘာ ၄ ရက်မှာပြောပါတယ်။ တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်ကျွန်းစုအနောက်ဘက် ကီလိုမီတာ ၃၀၀ ကျော်အကွာရှိ စပါတလီကျွန်းစုရှိ သန္တာကျောက်တန်းအနီးမှာ ဆိုက်ကပ်နေခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုပါတယ်။ ကျောက်တန်းတဝိုက်ရှိရေပြင်ဟာ ဖိလစ်ပိုင်နက်နယ်မြေဖြစ်ကြောင်း ဖိလစ်ပိုင်က အခိုင်အမာဆိုထားပါတယ်။ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောနှစ်စင်းဟာ နိုဝင်ဘာ ၃ ရက်က ရေပိုင်နက်အတွင်း ကင်းလှည့်ခဲ့ပြီး တရုတ်သင်္ဘောတွေကို ထွက်ခွာဖို့ သတိပေးခဲ့ကြပါတယ်။ တရုတ်သင်္ဘောတွေဟာ ရေပိုင်နက်အတွင်းကို တရုတ်ရဲ့ရေကြောင်းဆိုင်ရာ ပြည်သူ့စစ်တွေကို ခေါ်ဆောင်လာတယ်လို့ ဖိလစ်ပိုင်နိုင်ငံက သံသယရှိနေပြီး တရုတ်သင်္ဘောတွေ ဝင်ရောက်မှုဟာ ပြီးခဲ့တဲ့ လကထက် တိုးမြင့်လာတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေပါတယ်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း အဲဒီဒေသမှာ တရုတ်သင်္ဘော ၂၀၀ ကျော်…

Read More

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ တောင်တက်သမား ၁၁ ယောက်သေဆုံး၊ လူတဒါဇင် ပျောက်ဆုံးနေ

  ဂျကာတာ၊ ဒီဇင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံရှိ မာရာပီမီးတောင် ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိအချိန်ထိ လူသုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး မီးတောင်အသေးစားပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ပျောက်ဆုံးနေသူ ၁၂ ယောက်ကို ရှာဖွယ်ကယ်ဆယ်ရေးတွေ ရပ်ဆိုင်းထားရပါတယ်။ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အဲဒီဒေသမှာ တောင်တက်သမား ၇၅ ဦးရှိနေခဲ့ပေမယ့် အများစုကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်ဒိုနီးရှားရှိ လှုပ်ရှားနေတဲ့မီးတောင် ၁၂၇ လုံးမှာ မာရာပီမီးတောင်လည်းပါဝင်နေပြီး င်္ဒီဇင်ဘာ ၃ ရက်ကပေါက်ကွဲမှုကြောင့် မီးခိုးနဲ့မီးတောင်ပြာတွေ ပေ ၉၈၀၀ ထိမှုတ်ထုတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ဒုတိယအမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မီးတောင်ဝကနေ သုံးကီလိုမီတာအတွင်း နေထိုင်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ Ref:BBC Photo:Reuters  

Read More

မြန်မာစစ်ရှောင်တွေကို နယ်စပ်တလျှောက်မှာ လက်ခံဖို့ အသင့်ရှိကြောင်း ထိုင်းအစိုးရပြော

  ဘန်ကောက်၊ ဒီဇင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာမယ်ဆိုရင ်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တလျှောက်မှာ ယာယီအမိုးအကာတွေ တည်ဆောက်ဖို့ ထိုင်းအစိုးရအနေနဲ့ အသင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနူကာရာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ မကြာသေးမီရက်ပိုင်းအတွင်းက တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားပြီးနောက်မှာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ထိုင်းဘက်က အခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေကာ ရန်လိုမှုတွေအဆုံးသတ်ပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ မြန်မာ့ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာဖို့မရှိသေးကြောင်း၊ ဒါပေမယ့် အကြမ်းဖက်မှုတွေ တိုးမြင့်လာမယ်ဆိုရင်တော့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံသာမက အခြားနိုင်ငံတွေကိုပါ ပျံ့နှံ့သွားနိုင်တယ်လို့ ထိုင်းနိုင်ငံခြာရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ့နိုင်ငံက တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံကို သက်ရောက်မှုတွေမရှိသေးပေမယ့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမယ်ဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားပြီး…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ-၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၅ ကျပ် ဝယ်ဈေး – ၂၄၉၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၁ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး – ၄၆၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ရွှေစျေး ၃၇ သိန်းကျော်လာ

  ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၄ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဂါဇာတောင်ပိုင်းကိုပါ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှု စတင်နေ

  တဲလ်အဗစ်၊ ဒီဇင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းကို မြေပြင်ထိုးစစ် စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် ဟာဇီဟယ်လီဗီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသလို ဂါဇာတောင်ပိုင်မှာလည်း ဟားမတ်စ်တို့ရဲ့ ပစ်မှတ်တွေကို စစ်ဆင်ရေးတွေ စတင်နေပြီလို့ သူကဆိုပါတယ်။ ဂါဇာတောင်ပိုင်း မြို့ကြီးဖြစ်တဲ့ ခန်းယွန်နစ်စ်မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် ဟားမတ်စ်တို့နဲ့ အစ္စရေးတို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ဟားမတ်စ်တို့က အပြင်းအထန် ခုခံနေပုံရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစ္စရေးဟာ ဂါဇာမှာပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို သောကြာနေ့မှာ ပြန်လည်စတင်ခဲ့ပြီး ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ ဓါးစာခံတွေအားလုံးပြန်လည်လွှတ်မြောက်ရေးနဲ့ ဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ရွည်ရွယ်ထားတယ်လို့ အစ္စရေးက အခိုင်အမာပြောဆိုထားပါတယ်။ တနင်္ဂနွေနေ့မှာတော့ အစ္စရေးဟာ ဂါဇာတခွင်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂျာဘာလီယာ ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်မြောက် ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့…

Read More

This Day in History

Voice of Myanmar ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန် ပါဝင်ရေးနှင့်ပတ်သက်၍ အမေရိကန်အထက်လွှတ်တော်က ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုခဲ့သည်။

Read More

နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့ နစက ထုတ်ပြန်

နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့ နစက ထုတ်ပြန်

Read More

စက်မှုဇုန်လုပ်ငန်းတွေအတွက် စက်သုံးဆီကို ဆီအသင်းက ဆက်ရောင်းပေးမယ်

  ဒီဇင်ဘာ ၃ – ၂၀၂၃ SN (VOM) စက်မှုဇုန်လုပ်ငန်းတွေအတွက် လိုအပ်တဲ့စက်သုံးဆီကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ စက်မှုဇုန်တွေကို နိုင်ငံတော်အစီအစဉ်နဲ့ စက်သုံးဆီ ရောင်းချမပေးတော့ဘဲ စက်မှုဇုန်လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တိုင် တင်သွင်းရမှာဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဇုန်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နိုဝင်ဘာ ၃၀ ရက်က နေပြည်တော်နဲ့ UMFCCI မှာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “အစည်းအ‌ဝေး ရလဒ်ကတော့ ဆီအသင်းက ဆက်ရောင်းပေးမှာပါ။ OSS က မရောင်းပေးတော့တာပါ။ အစည်းအဝေးထဲမှာ ပြောထားပြီးသားပါ။ ကျွန်တော်တို့ကတော့ မီးပေးရင် ဆီမလိုဘူးပေါ့။ မီးမပေးလို့ ဆီလိုတာပါ၊ ဒါပါပဲ။ ကျန်တာ…

Read More
VOM News

FREE
VIEW